Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမှာ PDF က ရဲကွန်မန်ဒို ၁ဦး လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိပြီး ပေါ်တာဆွဲခံရတဲ့သူ ၁ဦး ကယ်တင်

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရဲကွန်မန်ဒို ၁ဦးကို လက်နက်ခဲယမ်းတွေနဲ့ အရှင်ဖမ်းမိပြီး ပေါ်တာဆွဲခံရတဲ့သူ ၁ဦးကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တာ၀န်ရှိသူက ပြောပါတယ်။

(ဖမ်းဆီးမိတဲ့ ရဲကွန်မန်ဒိုနဲ့ ပေါ်တာဆွဲခံရသူကို တော်လှန်ရေးရဲဘော်တွေနဲ့ အတူတွေ့ရစဉ်။ ဓာတ်ပုံ - သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄)

ဇွန် -၂၊၂၀၂၆။ဖိုးသား/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရဲကွန်မန်ဒို ၁ဦးကို လက်နက်ခဲယမ်းတွေနဲ့ အရှင်ဖမ်းမိပြီး ပေါ်တာဆွဲခံရတဲ့သူ ၁ဦးကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တာ၀န်ရှိသူက ပြောပါတယ်။

အုတ်ဖိုမြို့နယ်၊ချောင်းခွကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်း ရိက္ခာလာရောက်ပို့တဲ့ နေပြည်တော်ရဲတပ်ရင်း (၁၇)က ရဲကွန်မန်ဒို မင်းမင်းထွန်း ဆိုသူကို မေလ ၃၁ရက်က ဖမ်းမိခဲ့တာလို့ဆိုပါတယ်။

အဲဒီ ဖမ်းဆီးရမိမှုအတွင်း ပြီးခဲ့တဲ့ မေ ၂၀ ရက်က စစ်တပ်စစ်ကြောင်းထိုးစဉ် အုတ်ဖိုမြို့နယ်၊ သရက်တောကျေးရွာက ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်လာတဲ့ ဒေသခံ ကိုပိုင် (ခ)အောင်ပိုင်စိုး ဆိုသူကိုလည်း တပါးတည်းကယ်ထုတ်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ဖမ်းမိတာတစ်ယောက်ပေါ့ ။ကျန်းတဲ့တစ်ယောက်က သရက်တောကနေ ပေါ်တာဆွဲလာတဲ့ ကလေးကို စစ်တပ်က စစ်၀တ်စုံတွေ ၀တ်ပေးထားတာ”လို့ အထက်ပါတာ၀န်ရှိသူက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ရဲနဲ့ ကယ်တင်နိုင်ခဲ့တဲ့ ပြည်သူကို လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စောင့်ရှောက်မှု‌တွေ ကို လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀ ရက်ကစပြီး ပဲခူးတိုင်းအနောက်ခြမ်းက အုတ်ဖိုမြို့နယ်ကို စစ်တပ်က အင်အား ၃၀၀ ၀န်းကျင်နဲ့ စစ်ကြောင်း ထိုးနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ချောင်းဂွ၊မြောင် နဲ့ ကြိုးကြာကွင်းကျေးရွာအနီးမှာ စစ်တပ်က တပ်ဖြန့်ထားတယ်လို့လည်း ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါကြောင့် ဒေါင်းကြီး၊ ဒေါင်းလေး၊ ကျီးပင်ဆိပ်၊ မအူတန်း၊ ဝင်းသရက်၊ သရက်နှစ်ပင်လိမ်၊ ကိုင်းရှိုကြီး၊ သာလိကာ၊ ချောင်းခွကြီး၊ ကျွဲတဲကုန်း၊ ကြိုးကြားကွင်း၊ စမ်းကြီးကုန်း၊ စံပြ၊ ထွက်တိုး၊ ရေငံ၊ စမ်းသုခ၊ ကိုင်းတောစု၊ ကြို့ကိုးပင်၊ ချင်းစု၊ ကျွဲဖြူမ၊ ရွာရှောင်၊ ကိုင်းကြီး၊ ကိုင်းလေး၊ တင်းကုတ်နဲ့ ကျေးပြတ်စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ ၂သောင်း၀န်းကျင် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။