ဇွန်-၃၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ နတ်မောက်မြို့နယ်က သမှုန်းကုန်းကြီးကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
ဒီကနေ့(ဇွန်လ ၃ ရက်) နေ့လယ်ပိုင်းက နတ်မောက် -ပျော်ဘွယ်လမ်းမကြီးဘေးမှာရှိတဲ့ သမှုန်းကုန်းကြီးကျေးရွာကို စစ်တပ်စစ်ကြောင်းက မီးရှို့နေတာလို့ ဆိုပါတယ်။
“သမှုန်းကုန်ကြီးက ရွာကြီး တိုက်နယ်အဆင့်လောက်ရှိတယ်။အိမ်ကြီး အိမ်ကောင်းတွေများတယ်။ဆုံးရှုံးမှု အသေးစိတ်တော့ မသိရသေးဘူး။ရွာခံတွေက အကုန်ထွက်ပြေးနေရတာ”လို့ နတ်မောက်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
နတ်မောက်မြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ အခု ၂၀၂၆ ဧပြီကတည်းက မကြာခဏစစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
“သမှုန်းကုန်းကြီးကျေးရွာကို စခများမီးရှို့နေပါတယ်ခင်ဗျာ။ ပြည်သူများ သတိရှိကြပါ။ စခများနဲ့ နီးကပ်စွာမနေကြပါနဲ့ ခင်ဗျာ။ စစ်ကြောင်းအဲမှာဘဲ ရှိသေးတယ်”လို့ နတ်မောက်မြို့နယ်ကာကွယ်ရေး တပ်ဖွဲ့၀င် ရဲဘော်တစ်ဦးက ပြောပါတယ်။
အခုဖြစ်စဉ်မတိုင်မီ ပြီးခဲ့တဲ့လပိုင်းကလည်း စစ်တပ်ဟာ ဖတ်တောရေ၊ကျီးကန်၊ ကန်ဦးကုန်း၊ ရုံးပင်ကွက်ကျေးရွာတွေက နေအိမ်တွေကို ဖောက်ထွင်း မီးရှို့တဲ့အပြင် အရပ်သား ၃ဦးထက်မနည်း သတ်ဖြတ်ထားပါတယ်။
နတ်မောက်မြို့နယ်ကို မြို့သစ်မြို့နယ်နဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းကနေ အင်အား ၃၀၀ဝန်းကျင်နဲ့ စစ်တပ်က ဧပြီ ၁ ရက်ကစလို့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတော် လှန်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေ့မှုတွေ ဖြစ်နေပါတယ်။
အလယ်ရိုးမနဲ့ဆက်စပ်နေပြီး သစ်တောကြိုးဝိုင်းတွေရှိနေတဲ့ နတ်မောက်မြို့အရှေ့ခြမ်းက တော်လှန်ရေးတပ်စခန်းတွေကို ရှင်းလင်းရေးနဲ့ နယ်မြေစိုးမိုးရေးကို စစ်တပ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။
နေပြည်တော်-မကွေး-မန္တလေးတိုင်း သုံးခုဆုံမှတ်သဏ္ဍန်ရှိနေတဲ့ နတ်မောက်မြို့နယ်မှာ စစ်တပ်ရဲ့ ရွာမွန် ပင်မ စစ်လက်နက်ပစ္စည်းတပ်(ပပနတပ်)နဲ့ ဒန့်ဒလွန်ပင်ဆက်သွယ်ရေးတပ် အခြေစိုက်ထားပါတယ်။


















































