Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ် မီးရှို့ဖျက်ဆီး

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် ကျေးရွာ ၃ရွာက နေအိမ် ၈၀ကျော်ကို အာဏာသိမ်းစစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက သတင်းထုတ်ပြန်ပါတယ်။

(စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ ဖရူဆိုမြို့နယ်က ကျေးရွာ ၃ရွာကို တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

ဇွန်-၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် ကျေးရွာ ၃ရွာက နေအိမ် ၈၀ကျော်ကို အာဏာသိမ်းစစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက သတင်းထုတ်ပြန်ပါတယ်။

၂၀၂၆ မတ်လကနေ မေလအတွင်း စစ်တပ် စစ်ကြောင်းတွေက ဖရူဆိုမြို့နယ်က ကျေးရွာ ၃ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ အသိပေးပါတယ်။

မတ်လ ၂၈ရက်မှာ ဖရူဆိုမြို့နယ် ဘူးခူကျေးရွာက နေအိမ် ၁၆လုံး၊ မေလ ၆ရက်မှာ ထားလဲရွာက နေအိမ် ၆၀ ကျော်၊ မေလ ၇ရက်မှာ ပရယ်တော် ရွာက နေအိမ် ၄လုံးကို စစ်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တာလို့ မှတ်တမ်းပုံတွေနဲ့အတူ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း KNDFက ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ စစ်ကြောင်းတွေဟာ ဖရူဆို-ဘောလခဲ လမ်းမကြီးတလျှောက် ခြေကုပ်စခန်းများ ၊ စစ်ကြောင်းများနဲ့ စစ်ရေးလှုပ်ရှားနေပြီး တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုများလည်း ရှိနေကြောင်း အသိပေးပါတယ်။

စစ်တပ်ဟာ အရပ်သားများရှိတဲ့ ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်နေကြောင်းလည်း KNDFက ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝန်း ဒေသအသီးသီးမှာ စစ်အင်အားအလုံးအရင်း အသုံးပြု စစ်ကြောင်းထိုးလျက်ရှိရာ ဒေသအသီးသီးက ပြည်သူလူထုနေထိုင်ရာ ရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေလည်း ဆက်လက် ကျူးလွန်လျက်ရှိသလို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။