Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယအနေနဲ့ မင်းအောင်လှိုင်ကို ကော်ဇောနီအစား လက်ထိတ်နဲ့ ကြိုခဲ့သင့်တာလို့ဆို

အာဏာသိမ်းစစ်ခေါင်းဆောင်ကိုအသိအမှတ်ပြု ကြိုဆိုခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယ အစိုးရအပေါ် ဝေဖန်မှုတွေ မြင့်တက်လာနေပါတယ်။

(အာဏာသိမ်း​ခေါင်း​ဆောင် နဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီ ။ဓါတ်ပုံ-Getty Images)

ဇွန်-၄၊၂၀၂၆။People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင်ကိုအသိအမှတ်ပြု ကြိုဆိုခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယ အစိုးရအပေါ် ဝေဖန်မှုတွေ မြင့်တက်လာနေပါတယ်။

၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ မင်းအောင်လှိုင်ဟာအတုအယောင် ရွေးကောက်ပွဲ တစ်ခုကနေ သမ္မတ ရာထူးကို ရယူခဲ့ပြီး ပထမဆုံး ပြည်ပ ခရီးစဉ် အနေနဲ့ မေလ ၃၀ ကနေ ဇွန်လ၃ ရက်နေ့ထိအိန္ဒိယကိုသွားရောက်ခဲ့ပါတယ်။

အိန္ဒိယအစိုးရဟာမင်းအောင်လှိုင်ကိုအသိအမှတ်ပြု လက်ခံကြိုဆိုခဲ့သလို ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီကလည်း လူချင်းတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ မင်းအောင်လှိုင်ဟာ ဒေလီမြို့တော်မှာ မိုဒီအပြင် အိန္ဒိယသမ္မတ ဒရူပါဒီ မာရ်မူ အပါအဝင် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံခဲ့သလို မွမ်ဘိုင်းမှာလည်း စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ ထပ်မံ တွေ့ဆုံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေကတော့ မင်းအောင်လှိုင်ကို အိန္ဒိယအစိုးရကထိတွေ့ဆက်ဆံမှုဟာသူ့ရဲ့ အာဏာသိမ်း အစုအဖွဲ့ကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုတဲ့ မှားယွင်းတဲ့ သတင်းစကားမျိုး ဖြစ်သွားနိုင်ကြောင်း ထောက်ပြ ဝေဖန်ခဲ့ကြပါတယ်။

တကယ်တမ်းမှာ မင်းအောင်လှိုင်ကိုအခမ်းအနားနဲ့ ကြိုဆိုမယ့်အစားသူဦးဆောင်တဲ့ စစ်တပ်က ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေအတွက် လက်ထိတ်နဲ့ စောင့်နေသင့်တာလို့ဝေဖန်သူတွေကပြောပါတယ်။ မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဖြစ်စဉ် နောက်ပိုင်းရော၊ အဲဒီမတိုင်ခင် ရိုဟင်ဂျာ အနွယ်တွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်တပ်ရဲ့ ပြစ်မှုတွေ အတွက်ပါ အဓိက တာဝန်ရှိသူ ဖြစ်တယ်လို့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။

ဗြိတိန်အခြေစိုက်ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ဦးထွန်းခင်က အိန္ဒိယဟာ မင်းအောင်လှိုင်အတွက် ကော်ဇောနီ ခင်းပေးမယ့်အစား လက်ထိတ်နဲ့ စောင့်နေသင့်တာဖြစ်ကြောင်း၊ တကယ်တမ်းမှာ မြန်မာစစ်တပ်ဟာ အိန္ဒိယအတွက် ဆယ်စုနှစ်တွေနဲ့ချီပြဿနာတွေဖန်တီးခဲ့ကြောင်း၊ အိန္ဒိယအတွက်နယ်စပ်အရေး၊ဒုက္ခသည်အရေး၊ ကျားဖြန့်ကိစ္စနဲ့ စီးပွားရေး အခွင့်အလမ်း ထိခိုက်မှုတွေကိုလည်း ဖြစ်ပေါ်စေခဲ့ကြောင်း ဝေဖန် ထောက်ပြခဲ့ပါတယ်။ အိန္ဒိယ အနေနဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်ဗိုလ်ချုပ် တစ်ယောက်အစားမြန်မာ့ဒီမိုကရေစီအစိုးရတစ်ရပ်ကို ထောက်ခံတာက ပိုကောင်းမှာဖြစ်ကြောင်း ဦးထွန်းခင်က ဆိုပါတယ်။

နောက်ထပ် နိုင်ငံတကာအရေးစောင့်ကြည့်လေ့လာသူတွေကလည်း မင်းအောင်လှိုင်အပေါ် ဧည့်ဝတ်ကျေကြောင်း အိန္ဒိယက ပြသခဲ့တာဟာ ရက်စက်ကြမ်းကြုတ်တဲ့ သူ့ရဲ့ အုပ်စိုးမှုကိုအသိအမှတ် ပြုလိုက်တဲ့အဓိပ္ပါယ်ဖြစ်သွားနိုင်ကြောင်း ထောက်ပြကြပါတယ်။ မြန်မာနိုင်ငံဟာ စစ်တပ်က မွှေခဲ့တဲ့ ပြဿနာတွေကြောင့် နိုင်ငံအနှံ့ ပြည်တွင်းစစ်မီး ဆက်လက် တောက်လောင်နေသလို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အများအပြားဟာလည်း စစ်တပ်ရဲ့ မတရားဖမ်းဆီး ထောင်ချမှုကို ခံထားရဆဲ ဖြစ်ပါတယ်။

အိန္ဒိယ အစိုးရကတော့ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ကာကွယ် ပြောဆိုခဲ့ပြီး မြန်မာဟာ နယ်စပ်ရှည်ရှည်လျားလျား ထိစပ်နေတဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တာကြောင့် အခုလို ဆွေးနွေးမှုမျိုးတွေ လိုအပ်တယ်လို့ အကြောင်းပြထားပါတယ်။

ဒါပေမဲ့လည်း အခုလုပ်ရပ်ဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေပြီး ရေရှည်မှာ အိန္ဒိယရဲ့ ဂုဏ်သတင်းနဲ့ အကျိုးစီးပွားတွေအပေါ် သက်ရောက် ရိုက်ခတ်လာစေနိုင်ကြောင်း ဝေဖန် ထောက်ပြမှုတွေ ရှိနေပါတယ်။

ကိုးကား: Independent

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

Facebook