Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ရိုးမ တက်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အထိနာနေ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ကနေ ရခိုင်ရိုးမဆီ တက်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီးအထိနာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ တော်လှန်ရေးအဖွဲ့ တာ၀န်ရှိသူတချို့က လူထုနွေဦးကို ပြောပါတယ်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မကွေးတိုင်းစစ်ဌာနက ပြီးခဲ့တဲ့ ၁လအတွင်း စစ်တပ်ကို တိုက်ခိုက်တဲ့ တိုက်ပွဲအကြိမ်ရေ ၄၀ကျော် ဖော်ဆောင်ခဲ့ပါတယ်။ ဓာတ်ပုံ - PDF)

ဇွန် -၅ ၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ကနေ ရခိုင်ရိုးမဆီ တက်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီးအထိနာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ တော်လှန်ရေးအဖွဲ့ တာ၀န်ရှိသူတချို့က လူထုနွေဦးကို ပြောပါတယ်။

သရက်မြို့အခြေစိုက် အမှတ်(၄၄)ခြေလျင်တပ်ရင်း (ခလရ-၄၄)၊အမှတ် (၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂) ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်တွေက အင်အား ၁၀၀၀ ကျော်နဲ့စစ်ကြောင်း ၃ကြောင်းခွဲပြီး မင်းတုန်းမြို့နယ်အနောက်ခြမ်းနဲ့ ရခိုင်ရိုးမကို ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။

” မင်းတုန်းအနောက်ခြမ်းကို အင်အား ၁၀၀၀ကျော်နဲ့ စစ်ကြောင်း ၃ကြောင်းခွဲပြီးတော့ထိုးနေတာရှိပါတယ်။အဲဒီမှာ စစ်ကြောင်း တစ်ကြောင်းက ရိုး(ရခိုင်ရိုးမ)ကို ဦးတည်ထိုးနေတာပေါ့။အဲဒီအတွက် တိုက်ပွဲ တွေ ဖြစ်နေတာရှိတယ်။တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာတွေလည်း ရှိတယ်။စစ်တပ်ဘက်က လေကြောင်းအကူအညီသုံးပြီး တိုက်ခိုက်ခဲ့တာတွေလည်းရှိတယ်။စစ်တပ်က အထိနာနေတဲ့အနေအထားမှာလည်းရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ အခု နှစ်ရက်သုံးရက်မှာ တိုက်ပွဲတွေ ငြိမ်နေတယ်”လို့ ပြည်သူ့ကာကွယ်ရေးတပ်၊ သရက်ခရိုင် တာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မေလ နောက်ဆုံးပတ်နဲ့ အခုဇွန်လ ၃ ရက်က မင်းတုန်းမြို့နယ်တိုက်ပွဲတွေနဲ့ သရက်ခရိုင်အတွင်းမှာ စစ်တပ်ရဲ့ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် သုံ့ပန်း ၁၈ဦး ဖမ်းမိထားတယ်လို့ PDF စစ်ရုံးချုပ် ထုတ်ပြန်ထားပါတယ်။

မေလ ၂၂ရက်ကစပြီး သရက်မြို့နယ်ကတဆင့် မင်းတုန်းမြို့ကို စစ်တပ်စစ်ကြောင်း၀င်ရောက်ပြီးနောက် မြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေကို ကနဦး ၀င်ရောက်ခဲ့ပြီး ရခိုင်ရိုးမတောင်ခြေအထိ စစ်တပ်က တပ်ဖြန့်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ရခိုင်ရိုး‌ခြေက ပြောင်းကျေးရွာကို တပ်စွဲပြီး အနီးပတ်၀န်းကျင်က ကျေးရွာတွေကိုလည်း စစ်ကြောင်းထိုးတာ အပြင် ဆန်အပါအဝင် စားနပ်ရိက္ခာသယ်ယူခွင့် မပြုတာ နဲ့ ကျေးရွာဝင်ထွက်ခွင့်ကို စစ်တပ်ကကန့်သတ်ထားပါတယ်။

စစ်တပ်ဟာ မင်းတုန်းမြို့နယ်က တော်လှန်ရေးအင်အားစုတွေရဲ့ နေရာတွေကို ပြန်လည်စိုးမိုးထိန်းချုပ်ရေးနဲ့ ရခိုင်ရိုးမနဲ့ ဆက်နေတဲ့ လမ်းတွေကိုပိတ်ဆို့ဖို့ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာတာလို့ ဒေသတွင်း စစ်ရေးတာ၀န်ရှိသူတွေက သုံးသပ်ပါတယ်။

“မင်းတုန်းအနောက်ခြမ်း ရခိုင်ရိုးနဲ့ဆက်စပ်နေတဲ့နေရာ တွေကို စစ်ကြောင်းထိုးလာတယ်။အဲဒီတော့ ဒေသခံတော်လှန်ရေးအဖွဲ့တွေက ခုခံကြတယ်တိုက်ခိုက်ကြတယ်။အဲဒီအပြင် ရခိုင်ရိုး နဲ့ ရခိုင်ရိုးအနောက် AA(အာရက္ခတပ်တော်)နဲ့ထိစပ်နေတဲ့ ဒေသတွေ ဖြစ်တဲ့အတွက် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေက ရှိမှာပါ”လို့ ဒေသခံစစ်ရေးသတင်းရင်မြစ်က ပြောပါတယ်။

မင်းတုန်းမြို့နယ်အနောက်ဘက်မှာ ရခိုင်ပြည်နယ်တောင်ကုတ်မြို့ရှိပြီး အာရက္ခတပ်တော်(AA)က ၂၀၂၄ နိုဝင်ဘာကတည်းက သိမ်းပိုက်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်​ကြောင်းကို ဒေသတွေင်း PDFနဲ့ ပကဖ ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခဲ့ရာ ၁၅ရက် ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင် တပ်ရင်း(၁)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း ၊ယောဒေသ၊ဂန့်ဂေါမြို့နယ် လယ်မရွာကို စစ်ကြောင်းထိုးပြီး ပြည်သူတွေကို အစုလိုက်သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ စစ်တပ် စစ်ကြောင်းမှာ လိုက်ပါခဲ့တဲ့ ပျူစောထီးတဦးကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တဖွဲ့က ဖမ်းမိခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းမြို့နယ်ကနေ ရခိုင်ရိုးမဆီ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က တပ်သားတချို့ဟာ လက်နက်ယူပြီး ထွက်ပြေးအလင်းဝင်လာတယ်လို့ ‌ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းသို့ အင်အားအလုံးအရင်းနဲ့ စစ်တပ်စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ပုသိမ်-မုံရွာ လမ်းပိုင်းတစ်လျှောက်ရှိ ဒေသခံတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း-မြိုင်ရဲ့တာဝန်ရှိသူက ပြောပါတယ်။