Connect with us

Hi, what are you looking for?

သတင်း

ရွှေလီမြို့က အထည်ချုပ်စက်ရုံမှာ မြန်မာလုပ်သားတွေ လုပ်အား​ခေါင်းပုံဖြတ်ခံရတဲ့အပြင်ညှဉ်းပန်းနှိပ်စက်ခံနေရ

တရုတ်စက်ရုံပိုင်ရှင်က ရဲတပ်ဖွဲ့ငွေပေးပြီး မြန်မာလုပ်သားတွေ ဖမ်းဆီးခိုင်းထားဟုဆို

ဇွန် -၇၊၂၀၂၆။ဇော်၀င်း/People’s Spring

တရုတ်နိုင်ငံ ရွှေလီမြို့က အထည်ချုပ်စက်ရုံတစ်ရုံမှာ မြန်မာအလုပ်သမားတွေ ညှဉ်းပန်းနှိပ်စက်ခံနေရပြီး ထွက်ပြေးသူတွေကို ရိုက်နှက်ကာ စက်ရုံသူဌေးက ရဲတွေငွေပေးပြီး ဖမ်းဆီးထားတယ်လို့ သတင်းရပါတယ်။

တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့က “Ruining Xinjiang Garment” စက်ရုံဖြစ်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို လုပ်အားခေါင်းပုံဖြတ်ခံပြီးအဓမ္မခိုင်းစေတာနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ပြင်းထန်စွာ လုပ်ဆောင်နေတယ်လို့ အလုပ်သမားအခွင့်အရေးဆောင်ရွက်နေတဲ့ STUM အဖွဲ့အစည်းက ဒီကနေ့ ဇွန်လ ၇ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီစက်ရုံမှာ အလုပ်သမားတွေကို အချိန်ပို (OT) ကြေး အပြည့်အဝမပေဘဲခိုင်းစေပြီး နားရက်မရှိ လုပ်ကိုင်ခိုင်းတာနဲ့ စက်ရုံတွင်း ကျန်းမာရေးစောင့်ရှောက်မှုအားနည်းမှုတို့ကြောင့် အလုပ်သမားအများအပြား ကျန်းမာရေးထိခိုက်နေကြရတယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မကြာသေးမီက စက်ရုံမှာ အလုပ်သမား မိန်းကလေးတစ်ဦး ကွယ်လွန်သွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီးရုပ်အလောင်းပြန်ရှာဖွေမရအောင် ဖုံးကွယ်ထားမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။

အလွန်အမင်း ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် အလုပ်သမား ၃ ဦးစက်ရုံကနေ ထွက်ပြေးဖို့ကြိုးပမ်းခဲ့ပေမယ့် တရုတ်သူဌေးနဲ့ လုံခြုံရေးတွေက ပြန်ဖမ်းမိပြီးတဲ့နောက် လမ်းဘေးမှာပဲ ခေါင်း‌ကွဲတဲ့အထိ ရိုက်နှက်ခဲ့ကြတယ်လို့လည်း STUMက ​ဖော်ပြထားပါတယ်။

ထွက်ပြေးသူတွေကို စက်ရုံရုံးခန်းမှာထပ်မံရိုက်နှက်နှိပ်စက်ခဲ့တာကြောင့် အလုပ်သမားတစ်ဦး ပြင်းထန်ဒဏ်ရာတွေရရှိထားတယ်လို့ အသိပေးပါတယ်။

ဖြစ်စဉ်ကို ဖုံးကွယ်ဖို့အတွက် တရုတ်ရဲ​တွေကိုငွေပေးပြီး အမှုဖျောက်ဖို့ စက်ရုံဘက်က စီစဉ်နေတဲ့အပြင် မြန်မာအလုပ်သမား မိန်းကလေးနဲ့ အမျိုးသား စုစုပေါင်း (၅၀) ဝန်းကျင်ဟာ ရွှေလီရဲစခန်းမှာ ချုပ်နှောင်ခံထားရတယ်လို့ သိရပါတယ်။

စက်ရုံတွင်းသတင်းရင်းမြစ်တွေကနေတဆင့် အတည်ပြုချက်နဲ့ နှိပ်စက်ခံထားရတဲ့ မြန်မာအလုပ်သမား တွေရဲ့ ဓာတ်ပုံမှတ်တမ်းတွေကို STUM က ဖော်ပြပါတယ်။ရိုက်နှက်ခံရပြီး ​ခေါင်းကွဲတာ ၊​ကျောကုန်းမှာ အညိုအမည်းစွဲ​အောင်ရိုက်ခံရတာစတဲ့ ဒဏ်ရာ​တွေကို ဓါတ်ပုံ​တွေမှာ​တွေ့ရပါတယ်။

နစ်နာသူမြန်မာလုပ်သားတွေကို တိုက်ရိုက်ချိတ်ဆက်နိုင်ဖို့ကိုလူထုနွေဦးကချိတ်ဆက်နေဆဲဖြစ်ပါတယ်။

ဒါ့အပြင် မူဆယ်မြို့နယ်စပ်မှာ အလုပ်ရဖို့ စောင့်ဆိုင်းနေကြရတဲ့ မြန်မာအလုပ်သမားတချို့လည်း စားဝတ်နေရေး ခက်ခဲကာ ရိက္ခာပြတ်လပ်လုနီးပါး အခြေအနေနဲ့ ရင်ဆိုင်နေရတာတွေရှိတယ်လို့ သိရပါတယ်။

“ရွှေလီမှာလစာကောင်းတယ်ဆိုပြီး ပြောတိုင်းမယုံကြနဲ့။သေချာစေ့စေ့စပ်စပ်လုပ်ပြီးမှလာကြပါ။ပွဲစားတွေ ပြောတိုင်းမယုံကြစေချင်ဘူး။အလုပ်ခေါ်စာ တိုက်ရိုက် နဲ့ကတော့ အကောင်းဆုံးပဲ”လို့ ရွှေလီမြို့ အထည်ချုပ်စက်ရုံတစ်ခုက မြန်မာလုပ်သားတစ်ဦးက တိုက်တွန်းပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာအလုပ်အကိုင်ရှားပါးမှုနဲ့ လုပ်အားခ နည်းပါးမှုအပြင် စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေဟာ ပြည်ပနိုင်ငံတွေကို ထွက်ခွာလုပ်ကိုင်နေကြပါတယ်။ အိမ်နီးခြင်း ထိုင်းနိုင်ငံအပြင် တရုတ်နိုင်ငံ ရွှေလီမြို့မှာရှိတဲ့ အထည်ချုပ်လုပ်ငန်းတွေကို မြန်မာလုပ်သားတွေ အများအပြား ရွှေ့ပြောင်းလုပ်ကိုင်နေကြပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ၅နှစ်အတွင်း ပြည်တွင်းအထည်ချုပ်ကဏ္ဍကနေ ထွက်ခွာသွားတဲ့ လုပ်ငန်း ၂၀၀ ကျော်ရှိခဲ့ပြီး လက်ရှိမှာ ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံတဲ့ အထည်ချုပ်စက်ရုံ ၆၀၈ ခုရှိပါတယ်။

အများစုက တရုတ်နိုင်ငံသားပိုင်စက်ရုံ တွေဖြစ်ပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ နဲ့ လုပ်ခ လစာကြောင့် ဆန္ဒပြခံရမှုတွေ မကြာခဏရှိနေပါတယ်။

(တရုတ်နိုင်ငံ ရွှေလီမြို့က အထည်ချုပ်စက်ရုံတစ်ရုံမှာ မြန်မာအလုပ်သမားတွေ ညှဉ်းပန်းနှိပ်စက်ခံနေရတာနဲ့ပတ်သက်ပြီး အလုပ်သမားအခွင့်အရေးဆောင်ရွက်နေတဲ့ STUM အဖွဲ့က ထုတ်ပြန်လာတဲ့ ရုပ်ပုံတွေ။ ဓာတ်ပုံ – STUM )

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

ဆောင်းပါး

ရွှေပြည်သာမြို့နယ်မှာဖွင့်ထားတဲ့ နေရွှေဝင်းအထည်ချုပ်စက်ရုံရဲ့ကြေငြာသင်ပုန်းအရှေ့ မှာ အလုပ်သမားတွေတရုန်းရုန်းနဲ့ဖြစ်နေပြီး HRဌာနက ကပ်သွားတဲ့ကြေညာစာကို တိုးဝှေ့ဖတ်ရှုနေ ကြပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ တစ်နှစ် ငွေကြေးသုံးစွဲမှုဟာ ဘတ်ငွေ ၂၂၁ ဘီလီယံလောက်ထိ များပြားနေကြောင်း စစ်တမ်းတစ်ခုက ဖော်ပြခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဥထုံဌာနီခရိုင်က စစ်ဆေးရေးဂိတ်မှာ မောင်းနှင်ထွက်ပြေးတဲ့ မြန်မာလုပ်သား ၁၅ဦးခိုးတင်ဆောင်လာတဲ့ ကားဟာ အဝေးပြေးရဲတပ်ဖွဲ့ကားနဲ့ တိုက်မိပြီး ဖမ်းဆီးခံလိုက်ရတယ်လို့ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB)က မေလ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။