Connect with us

Hi, what are you looking for?

သတင်း

ကုလားတန်စီမံကိန်း အမြန်ပြီးစေလိုပြီး လုပ်ပေးနိုင်တာအားလုံး ကူညီပေးမယ်လို့ AA ​ပြော

စီမံကိန်း​ ဒေသအားလုံးနီးပါးAAထိန်းချုပ်ထား​ပေမယ့် အာဏာသိမ်း​ခေါင်း​ဆောင်ကအိန္ဒိယနဲ့ စီမံကိန်းအ​ကြောင်း​ဆွေး​နွေး

(ကုလာတန်မြစ်ကမ်းပါးရှိ ပလက်ဝဆိပ်ခံတံတား။ပလက်ဝ တမြို့နယ်လုံးကို AA က၂၀၂၄ ဇန်နဝါရီလကတည်းကသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။ဓါတ်ပုံ-The Week)

ဇွန်-၈၊ ၂၀၂၆။ခိုင်မြတ်၊ထားမြတ်/People’s Spring

မြန်မာနဲ့ အိန္ဒိယတို့ပူးပေါင်အကောင်အထည်ဖော်ခဲ့တဲ့ ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း အမြန်ဆုံးပြီးစီးစေလိုကြောင်း အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ထပ်လောင်းပြောကြားခဲ့ပြီး လုပ်ပေးနိုင်တာ အားလုံးကူညီပေးမယ်လို့ အသိပေးပါတယ်။

၂၀၂၃ နိုဝင်ဘာ ကစတင်ခဲ့တဲ့ AA ရဲ့ ထိုးစစ်မှာ ချင်းပြည်နယ် ပလက်ဝမြို့နယ် နဲ့ ရက္ခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ရာ ကုလားတန်စီမံကိန်း ရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ စစ်တွေ-ပလက်၀ ရေလမ်းကြောင်း တခုလုံးနီးပါးကို AAက ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။

“ကုလားတန်စီမံကိန်းနှင့်ပတ်သက်လို့ နော်တို့ရဲ့သဘောထားကိုအကြိမ်ကြိမ်ထုတ်ပြောထားပြီးဖြစ်ပါတယ်။အခုလဲအရင်သဘောထားအတိုင်းပါဘဲ ၊ ဘာမှအပြောင်းအလဲမရှိပါဘူး။ အဲဒီကုလားတန်စီမံကိန်းကို မြန်နိုင်သမျှအမြန်ပြီးစေချင်တယ်။အဲဒီအတွက် ကျနော်တို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနှင့် လုပ်ပေးနိုင်တာအားလုံးကို ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”လို့ ဦးခိုင်သုခက People’s Spring ကို​ပြောပါတယ်။

Public Service Announcement

Public Service Announcement

AAဟာ အရင်ကလည်း ကုလားတန်စီမံကိန်းနဲ့ပတ်သက်ပြီး သဘောထားတွေကို သတင်းစာရှင်းလင်းပွဲတွေ မီဒီယာအင်တာဗျူးတွေကတဆင့် အသိပေးထားရာ အိန္ဒိယ အပါအဝင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုကြောင်း၊ စီမံကိန်းတွေကို အကာအကွယ်ပေးသွားမှာ ဖြစ်သလို ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ စီမံကိန်းဖြစ်လို့ အပြုသဘောဆောင်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ​အသိ​ပေးထားပါတယ်။

တဖက်မှာလည်းအာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့အပါတ်က အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့ရာ ကုလားတန်စီမံကိန်း အပြီးသတ်ရေး အိန္ဒိယ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ စစ်တပ် ဝါဒဖြန့်မီဒီယာတွေကတဆင့် ဖော်ပြထားပါတယ်။

မင်းအောင်လှိုင်နဲ့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံစဉ် ကုလားတန်မြစ်ကြောင်းဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးတို့အပြီးသတ်နိုင်ရေးအတွက် နီးကပ်စွာပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာပါ။ ဒါ​ပေမယ့် နာလည်မှုစာချွန်လွှာ ၊စာချုပ် တစ်ခုမှ​သ​ဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့တာမရှိပါဘူး။

ရက္ခိုင်ပြည်နယ် တခုလုံးနီးပါး လက်လွှတ်ဆုံးရှုံးထားရတဲ့ အာဏာသိမ်းခေါင်းဆောင်ဟာမြန်မာ-အိန္ဒိယ​ရေ​ကြောင်းကုန်သွယ်​ရေးအပါအဝင် ရင်းနှီးမြှပ်နှံမှု​တွေလာလုပ်ဖို့ ဖိတ်​ခေါ်ပြီး နိုင်ငံရေးခိုင်မာအောင်လုပ်မယ်၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုမရှိဘဲ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့လည်းအိန္ဒိယ ခရီးစဉ်မှာ ပြောကြားခဲ့ပြီး အာမခံချက် ပေးနိုင်တယ်လို့လည်းဆိုထားပါတယ်။

ဒါပေမဲ့ ကုလားတန်စီမံကိန်းရဲ့ အရေးပါတဲ့ပလက်၀မြို့နယ်ကနေ စစ်တွေသွားတဲ့ ကုလားတန်မြစ်ကြောင်းတလျှောက် အဓိက မြို့နယ်တွေဖြစ်တဲ့ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း စတာတွေကို AAက သိမ်းပိုက်ထိန်းချုပ်စိုးမိုးထားတာဖြစ်ပါတယ်။

ကုလားတန်စီမံကိန်းဟာ အိန္ဒိယနိုင်ငံတွင်း ကုန်းတွင်းပိတ် ပြည်နယ်တွေကို ပင်လယ်ရေကြောင်း၊ ကုလားတန်မြစ်ကြောင်း၊ ကုန်းကြောင်း စတာတွေကနေ အချိန်နဲ့ ကုန်ကျစရိတ်သက်သာစွာနဲ့ ပိုမိုအဆင်ပြေပြေသွားလာနိုင်ဖို့ ရည်ရွယ်လုပ်ခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ ချင်းပြည်နယ်နဲ့ ရက္ခိုင်ပြည်နယ်အတွက်လည်း ကုန်သွယ်မှု ပိုမိုဖွံ့ဖြိုးကာ ဒေသခံတွေ အလုပ်အကိုင်ပိုမိုရရှိနိုင်မယ့် အခွင့်အလမ်းတွေရှိနေတာဖြစ်ပါတယ်။

စီမံကိန်း အစိတ်အပိုင်းတခုဖြစ်တဲ့ စစ်တွေရေနက်ဆိပ်ကမ်းနေရာကိုပဲ စစ်ကောင်စီက ထိန်းချုပ်ထားတာဖြစ်ပေမယ့် AA ဘက်ကတော့ ရက္ခိုင်မှာ သိမ်းပိုက်ဖို့ ကျန်နေတဲ့ စစ်တွေ၊ ကျောက်ဖြူ အပါအဝင် မြို့နယ် အားလုံးကို အခုနှစ်ပိုင်းတွေအတွင်း အပြီးသတ်သိမ်းပိုက်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ပြောကြားထားပါတယ်။လက်ရှိမှာလည်းစစ်တွေနဲ့ ကျောက်ဖြူမှာ တိုက်ပွဲ​တွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က အထိနာနေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းရဲ့ ကာကင်းစခန်းတွေ၊ဒေသကွပ်ကွဲစစ်ဌာနချုပ်(ဒကစ စစ်တွေ)ရဲ့ကာကင်းတွေနဲ့ ကျောက်ဖြူမြို့နယ် တောင်မောင်ဦးရေတပ်စခန်းရဲ့ နောက်ဆုံးလက်ကျန်အ၀တောင်ကာကင်းစခန်းတို့ ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

“ရခိုင်မှာ တိုက်ပွဲမဖြစ်တဲ့ရက်မရှိဘူး။ နေ့တိုင်းတိုက်ပွဲပြင်းတယ်။တပ်တော်ကလည်း ထိုးစစ်ကို တော်တော်ပြင်း ပြင်းထန်ထန်လုပ်နေတယ်။အရှိန်အဟုန် ပြင်းပြင်းနဲ့တိုက်နေတာ။ စစ်တွေမှာဆိုရင် ရွှေမင်းဂံကို အဓိကတိုက်နေတယ်။ဒကစကိုလည်း လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ခြိမ်းခြောက်နေတယ်” လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်း ရင်းမြစ်တဦးက ပြောပါတယ်။

လက်ကျန်မြို့တွေဖြစ်တဲ့ စစ်တွေမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဒကစစစ်တွေအပါအဝင် အခြေစိုက်တပ်ရင်း ဆယ်ခုဝန်းကျင်၊ ကျောက်ဖြူမြို့နယ်မှာ အခြေစိုက်တပ်ရင်း ၃ ခု၊ ရဲတပ်ရင်း ၁ ခု နဲ့ ရေတပ်ဌာနချုပ်အပါအဝင် ရေတပ်စခန်းသုံးခု ရှိပါတယ်။ မာန်အောင်မြို့နယ်မှာတော့ အခြေစိုက်တပ်ရင်းမရှိဘဲ ရေတပ်စခန်းနဲ့ တပ်စခန်းအချို့သာ ရှိပါတယ်။

အာဏာသိမ်းစစ်တပ်ကတော့ ရက္ခိုင်ပြည်နယ်တခုလုံးနီးပါးလက်လွှတ်ဆုံးရှုံးထားရတဲ့အပြင် ရက္ခိုင်-မကွေး၊ ရက္ခိုင်-ပဲခူး၊ ရက္ခိုင် – ဧရာ၀တီ အစပ်ဒေသ တွေမှာလည်း AAနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် အထိနာလျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစီးဟာ ဒီကနေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ်သွားခဲ့တာကြောင့် စက်လှေ ပေါ်လာသူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။