Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ် ရေဂမိုးရွာကို စစ်တပ်က သုံးကြိမ်မြောက်မီးရှို့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့မြောက်ခြမ်း ရှားကွဲရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ရေဂမိုးရွာက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အများအပြားမီးလောက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်-၉၊ ၂၀၂၆။ ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့မြောက်ခြမ်း ရှားကွဲရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ရေဂမိုးရွာက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အများအပြားမီးလောက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာကတည်းက ကျောက်မြောင်းအခြေစိုက် ခလရ-၁၂တပ်ဟာ ဝက်လက်အရှေ့မြောက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးကာ တပ်ဖြန့်တပ်စွဲထားခဲ့တာပါ။ ဇွန်လ ၈ ရက် မနေ့ကတော့ အာဏာသိမ်းစစ်တပ်ဟာ ရှားကွဲရွာကနေ ရေဂမိုးရွာကို စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

“ဘယ်လိုရှို့တယ်။ ဘယ်‌နှစ်လုံးပါသွားတယ်ဆိုတာတော့ မသိရဘူး။ အဲဒီအထဲမှာ ခွေးတွေပဲရှိတော့ ဘယ်သူမှဝင်မရဘူး။ သေချာတာကတော့ ရွာရဲ့နေအိမ် ၃ပုံ ၂ပုံ လောက်ကုန်သွားပြီ”လို့ Wetlet Informational Network တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က ရေဂမိုးရွာကို သုံးကြိမ်မြောက်မီးရှို့ခြင်းဖြစ်ပြီး ပြည်သူတွေလည်း စစ်ရှောင်နေရတာမို့ မီးမငြှိမ်းနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဝက်လက်မြို့နယ် ခရိုင်ချင်းဆက် အမှတ်-၃လမ်းမအပါအဝင် စစ်တပ်က နယ်မြေတွေ ပြန်စိုးမိုးဖို့ ကြိုးစားနေပြီး မြို့နယ်ရဲ့ အရှေ့မြောက်ခြမ်းမှာ ရှားကွဲ၊ ရေဂမိုး၊ ရွာသစ်၊ သစ်ဆိမ့်၊ ထုံးဘိုစတဲ့ ကျေးရွာက ပြည်သူတွေ စစ်ဘေးရှောင် နေရတာ နှစ်ဝက်ခန့်ရှိပြီလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။