Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမှာ စစ်တပ် လက်နက်ကြီးကျည်ထိမှန်ပြီး အရပ်သား ၂ဦး သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဇွန်-၁၀၊၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

မနေ့က(ဇွန် ၉ ရက်)ည ၉ နာရီ၀န်းကျင်က ရေစကြိုမြို့ပေါ်မှာ စစ်တပ်အခြေစိုက်ထားတဲ့ ရုံးပေါင်းစုံနဲ့ စစ်မှုထမ်းဟောင်းရုံးတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ပစ်တာတော့ ပတ်ပတ်လည်ကို ရမ်းပစ်တာပဲ။ သေဆုံးတဲ့ ၂ ယောက်ကတော့ ရေစကြိုမြို့တောင်ဘက် သမန္တပို့ရွာက သိရတယ်။ အသေးစိတ်တော့ ဖုန်းဆက်မရလို့ မသိရသေးဘူး”လို့ ရေစကြိုမြို့နယ် သတင်းနဲ့အချက်အလက်ကော်မတီတာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုက ဇွန်လ ၈ရက်မှာ ရေစကြိုမြို့နယ် အမှတ်(၄)ရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူတို့ကို ရှင်းလင်းခံရတာနဲ့ ဆက်စပ်နိုင်တယ်လို့ ရေစကြိုမြို့နယ်သတင်းရင်းမြစ်က

အသိပေးပါတယ်။

“အဲလိုမပစ်တာကြာပြီဆိုတော့ ဆက်စပ်နိုင်ပါတယ်”လို့ သူက ပြောပါတယ်။

စစ်တပ်အတွက် တပ်သားသစ်စုဆောင်းပေးတာ၊လူထုအပေါ်အနိုင်ကျင့်မှုတွေရှိနေတယ်ဆိုတဲ့ (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး လွင်မျိုးအောင်(ခ)ငလွင်နဲ့ သားဖြစ်သူ ပျူစောထီးရဲမာန်တို့ကို ဖမ်းဆီးစဉ် ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ပတ်သက်တဲ့ ဘယ်သူ့ကိုမဆို အရေးယူတာတွေ ဆက်လုပ်မယ်လို့လည်း ပကဖ က သတိပေးပါတယ်။

ရေစကြိုမြို့အနောက်ဘက် (၂)မိုင်၀န်းကျင်အကွာက ဖူလုံရွာအနီးမှာ စစ်တပ်ရဲ့ အမှတ် (၂၅၆)၊(၂၅၈)၊(၂၅၈)ခြေလျင်တပ်ရင်းတွေရှိပါတယ်။ ဒါ့အပြင် ပခုက္ကူမြို့နယ်နဲ့ ဆက်စပ်နေတာကြောင့်လည်း တပ်မ (၁၀၁)ကနေ ရေစကြိုမြို့နယ်ကို မကြာခဏ စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။