ဇွန်-၁၀၊၂၀၂၆။People’s Spring
ရန်ကုန်မှာအမေရိကန်နိုင်ငံသားသံအရာရှိတဦး သေဆုံးမှုနဲ့ ပတ်သက်လို့ ထိုင်းအမျိုးသမီး တဦးကိုဖမ်းဆီးထားတယ်လို့AP သတင်းဌာနကဖော်ပြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကရန်ကုန်မှာရှိတဲ့သံရုံးမှာတာဝန်ချထားတဲ့ဝန်ထမ်းတဦးသေဆုံးမှုကိုအတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။
ရန်ကုန်မှာရှိတဲ့သံတမန်အသိုက်အဝန်းကတော့အဲဒီသေဆုံးမှုနဲ့ဆက်စပ်ပြီးထိုင်းအမျိုးသမီးတဦးကိုရဲတွေကဖမ်းဆီးထားကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement
ကွယ်လွန်သူရော၊ကျန်ရစ်သူမိသားစုအပေါ် လေးစားတဲ့အနေနဲ့ လတ်တလောမှာတော့ သေဆုံးသူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မထုတ်ပြန်နိုင်သေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ သံတမန် အသိုက်အဝန်းထဲက သတင်းရင်းမြစ် သုံးခုကတော့ သေဆုံးသူကို လွန်ခဲ့တဲ့ နှစ်ပတ်လောက်တုန်းက Sakura Residence ဟိုတယ်ထဲမှာ ရှာတွေ့ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီသတင်းအချက်အလက်ကိုတရားဝင်ထုတ်ပြောခွင့်မရှိတာကြောင့် အဲဒီ သတင်းရင်းမြစ်တွေက သူတို့ရဲ့ နာမည်ကို ဖော်ပြဖို့တော့ ငြင်းဆိုခဲ့ပါတယ်။
Sakura Residence ဟာအမေရိကန် သံရုံးနဲ့ တစ်ကီလိုမီတာခွဲလောက်အကွာမှာသာ တည်ရှိပြီးသံရုံးဝန်ထမ်းတွေ၊ မြန်မာနိုင်ငံမှာ ကာလရှည်ကြာနေထိုင်တဲ့နိုင်ငံခြားသားတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ အဓိက တည်းခိုလေ့ ရှိပါတယ်။
ရဲတွေက အမေရိကန် နိုင်ငံသားသေဆုံးမှုကို လူသတ်မှုသံသယ နဲ့ စစ်ဆေးနေပြီးထိုင်းအမျိုးသမီး တစ်ဦးကို ဖမ်းဆီးထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောကြားသွားပါတယ်။
ကိုးကား-SCMP


















































