Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်-ပဲခူးလမ်းပိုင်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး လူ ၂ဦးသေဆုံး

ရန်ကုန်-ပဲခူးလမ်းပိုင်းမှာ ကုန်တင်ယာဉ် ၂စီး ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသား ၂ဦး သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။

(ယာဉ်တိုက်မှုဖြစ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Myanmar Fire Services Department)

ဇွန်-၁၁၊၂၀၂၆။သတိုး/People’s Spring

ရန်ကုန်-ပဲခူးလမ်းပိုင်းမှာ ကုန်တင်ယာဉ် ၂စီး ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသား ၂ဦး သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။

ဒီနေ့(ဇွန်၁၁) မနက် ၇နာရီခွဲ လောက်မှာ ပဲခူးမြို့နယ် ဆယ်မိုင်ဂုံးအကျော်မှာ (၂၂)ဘီးယာဉ်ကို အချိုရည်တင်လာတဲ့ Canter(၆)ဘီး ကုန်တင်ယာဉ်က နောက်ကဝင်တိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နောက်ကဝင်တိုက်ခဲ့တဲ့ Canter ကားခေါင်းခန်း ချိုင့်ဝင်သွားပြီး ကားရှေ့ခန်းမှာ ညပ်နေတဲ့သူတွေကို မီးသတ်တပ်ဖွဲ့ နဲ့ ပရဟိတအဖွဲ့ဝင်တွေက ကူညီကယ်ဆယ်ရေးပြုလုပ်ပေးနေရတာကို ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေမှာတွေ့ရပါတယ်။ ဒါပေမယ့် Canter ကားပေါ်က အမျိုးသား ၂ဦး သေဆုံးသွားပြီး မေတ္တာရွှေစင်ပရဟိတအသင်းက ပဲခူးဆေးရုံကိုပို့ဆောင်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“ခေါင်းတိုပြားကားတွေကနဲနဲနင်းတာနဲ့တစ်အားပြေးတယ်။ထိလိုက်ရင်ရှေ့ခန်းကရှင်တာနဲတယ်။သတိထားကြပါ။မိသားစုကိုယ်စီနဲ့ရှိကြတာပါ။” လို့ ဒီဖြစ်စဉ်အပေါ် ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးကမှတ်ချက်ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ အရက်မူးလာတဲ့ မြန်မာတစ်ဦး မောင်းလာတဲ့ကားက မော်တော်ဆိုင်ကယ်တွေကို ဝင်တိုက်လို့ လူ ၂ ဦး သေဆုံးခဲ့ကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

အသက် ၁၁ နှစ်သားအရွယ် ကလေးငယ်က ဖခင်ရဲ့ကားကို ခိုးမောင်းရင်း အရှိန်နဲ့ ဝင်တိုက်ခဲ့တာကြောင့် ပျံလွန်တော် မူခဲ့တဲ့ ထိုင်းသံဃာတော် အရေအတွက်ဟာ ၁၀ ပါးထိ မြင့်တက်လာခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်း ၊ညောင်တုန်းမြို့နယ် ရန်ကုန်-ပုသိမ် ကားလမ်းပိုင်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသား ၁ဦး သေဆုံးခဲ့တယ် လို့ မီးသတ်တပ်ဖွဲ့ကအသိပေးထားပါတယ်။