Connect with us

Hi, what are you looking for?

သတင်း

မြစ်ခြေရဲစခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်ပြီးနောက် စစ်တပ်စစ်ကြောင်းပြန်​ရောက်လာ

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့ ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့ပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းပြန်ထိုးလာကာ မြို့ထဲကို စစ်ကြောင်းပြန်ရောက်လာတယ်လို့ ​ဒေသတွင်းစစ်​ရေးသတင်းရင်းမြစ် တွေကပြောပါတယ်။

ဇွန်-၁၁၊၂၀၂၆။ကတ်သရင်းနှင်း/People’s Spring

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့ ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့ပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းပြန်ထိုးလာကာ မြို့ထဲကို စစ်ကြောင်းပြန်ရောက်လာတယ်လို့ ​ဒေသတွင်းစစ်​ရေးသတင်းရင်းမြစ် တွေကပြောပါတယ်။

ပခုက္ကူခရိုင်စစ်ဌာနတာ၀န်ရှိသူတစ်ဦး”မနေ့က ကျွန်တော်တို့ စခန်းသိမ်းပြီးနောက်ပိုင်း စကစ က ညောင်ဦးတဖက်ကမ်းကနေ စက်လှေတွေနဲ့ကူးလာတာပါ။ပြီးတော့မြစ်ခြေမြို့ထဲ ၀င်လာတာပါ။လက်ရှိထိတော့အဲဒီစစ်ကြောင်း ငြိမ်နေတယ်။အင်အား ၆၀ အထက်တော့ရှိတယ်”လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌​ပြောပါတယ်။

မြစ်ခြေရဲစခန်းကို ဇွန်လ၁၀ရက်နေ့ ၊မနက်ပိုင်းမှာတော်လှန်ရေးတပ်တွေကသိမ်းပိုက်ခဲ့ပြီးတဲ့နောက်မြို့တောင်ဘက်ကနေစစ်တပ်စစ်​ကြောင်းဝင်လာတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

(မြစ်​ချေရဲစခန်းကို ​တော်လှန်​ရေးတပ်​တွေကသိမ်းပိုက်ပြီး​နောက် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေနဲ့ သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​​တွေ၊ ဖမ်းဆီးရတဲ့စစ်သုံ့ပန်း​တွေ။ဓါတ်ပုံ-PDFစစ်ရုံးချုပ်)

အဲဒီ​နောက်BPI ဆေးဝါးထုတ်လုပ်ရေးနဲ့ မြင်းမွေးမြူရေးတပ် (BBIလို့လည်း​လူသိများပါတယ်)နဲ့ပေါင်းပြီး ဇွန် ၁၀ ရက်ညနေပိုင်းမှာ မြစ် ခြေမြို့ထဲကို စစ်ကြောင်း ပြန်ဝင်လာတာတာဖြစ်ပါတယ်။

“မ‌နေ့ကရဲစခန်းနားအထိရောက်လာတယ်လို့ သိရတယ်။လာကြည့်တဲ့ပုံစံမျိုးပဲ။အထိုင်ချတပ်စွဲလိုက်တာလည်းမရှိဘူး။အခုထိ မြို့ထဲမှာ တော့ရှိနေသေးတယ်”လို့ ဒေသတာဝန်ရှိသူတဦးက ပြောပါတယ်။

မြစ်ခြေမြို့ကဒေသခံတွေကတော့မြို့ထဲမနေကြဘဲရှောင်တိမ်းနေကြဆဲဖြစ်တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

စစ်တပ်ဟာ မေလ၁၁ ရက် နေ့ကနေ ၃၀ ရက် နေ့အထိ မြစ် ခြေမြို့ကို စစ်ကြောင်းထိုး တပ်စွဲခဲ့ပြီးဘဒေသခံ ၄၀ ​ကျော်ခကို သတ်ဖြတ်ခဲ့ပြီး အမျိုးသမီးအချို့ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ​ဒေသခံ​တွေနဲ့ ​တော်လှန်​ရေးအဖွဲ့​တွေက​ပြောပါတယ်။ဒါ့အပြင် နေအိမ်​ပေါင်းရာနဲ့ချီပြီးမီးရှို့ဖျက်ဆီးခဲ့ပါတယ်။

တော်လှန်ရေးတပ်တွေက ဇွန်လ၁၀ ရက်နေ့မှာ မြစ်ခြေမြို့ရဲစခန်းကိုထိုးစစ်ဆင်သိမ်းယူလိုက်ပြီးလက်နက်ခဲယမ်း တွေနဲ့အတူ စစ် သုံ့ပန်း ၁၈ဦးကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ရန်သူ့မကွဲသေးသော ပေါင် ၅၀၀ ဗုံးကို မိုင်းပြန်ဆင်ပြီး ဖောက်ခွဲတိုက်ခိုက်ရာ အများအပြား သေဆုံးထိခိုက်တယ်လို့ ပခုက္ကူခရိုင် အမှတ် - ၆ တပ်ရင်း - Myaing Villages Revolution Front က ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်၊ကမ္ဘာနီကျေးရွာအနီးတိုက်ပွဲမှာ စစ်အင်္ဂါစဉ်ထဲက ဖယ်ထုတ်လို့ရနိုင်တဲ့အထိအမှတ်၂၃၆ ခြေလျင်တပ်ရင်း(ခလရ ၂၃၆)တပ်ရင်း တစ်ရင်းလုံးနီးပါးသေဆုံးပြီး စစ်​ကြောင်းပျက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

Facebook