Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့နယ် သစ်ဆိမ့်ကုန်းရွာ စစ်တပ်မီးရှို့

မိုးမိတ်မြို့နယ်က သစ်ဆိမ့်ကုန်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး အနည်းဆုံး နေအိမ် ၅လုံးခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(မိုးမိတ်မြို့တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဇွန်-၁၁၊၂၀၂၆။ကတ်သရင်းနှင်း/People’s Spring

မိုးမိတ်မြို့နယ်က သစ်ဆိမ့်ကုန်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး အနည်းဆုံး နေအိမ် ၅လုံးခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၁၀ ရက် မနေ့က သစ်ဆိမ့်ကုန်းရွာကို မီးရှို့ဖျက်ဆီးကာ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဝင်အပစ်ခံရတာ အထိနာပြီး မီးရှို့တယ်လို့ သိရတယ်။ဘေးပတ်ဝန်းကျင်ကိုလည်း လက်နက်ကြီး တွေ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရမ်းသမ်းပစ်နေသေးတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မီးရှို့ခံရမှုကြောင့် ပြည်သူတွေရဲ့ နေအိမ် ၅လုံး မီးလောက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ခလရ(၃၄၈)တပ်ရင်းက ဖြစ်ပြီး တော်လှန်‌ရေးတပ်တွေရဲ့ ပစ်ခတ်ခြင်းခံရကာ အထိနာပြီး မီးရှို့ခဲ့တာလို့ သိရပါတယ်။

စစ်တပ်ဟာ တရုတ်ရဲ့ကူညီမှုနဲ့ ၂၀၂၅ နိုဝင်ဘာ၂၉ရက်က မိုးမိတ်မြို့ကို ပြန်လည်တောင်းယူခဲ့တာပါ။

အဲဒီနောက် မေလအတွင်းမှာ တြိဂံတိုင်းစစ်ဌာနက ဘတ်တံဆိပ်ပါ စစ်ကားအစီးရေ ရာနဲ့ချီပို့ပြီး မိုးမိတ်မြို့ကို အင်အားတိုးတာလည်း ပြုလုပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။