Connect with us

Hi, what are you looking for?

သတင်း

မြန်မာ-အိန္ဒိယနယ်စပ် စစ်ဘေးရှောင်ရွာကို စစ်တပ်မီးရှို့

မြန်မာ-အိန္ဒိယနယ်စပ် မြန်မာဘက်ခြမ်းမှကျေးရွာဖြစ်တဲ့ တမူးမြို့နယ်ထဲက ရန်လင်းဖိုင်ရွာ နဲ့ ပတ်ဝန်းကျင်ကို စစ်တပ်စစ်ကြောင်းတွေက ဝင်ရောက်စီးနင်းပြီး စစ်ဘေးရှောင် တွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

(မြန်မာ-အိန္ဒိယနယ်စပ် စစ်​ဘေးရှောင်ပြည်သူတွေကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-CMN )

ဇွန်-၁၁၊၂၀၂၅။ဇော်ရမ်း/People’s Spring

မြန်မာ-အိန္ဒိယနယ်စပ် မြန်မာဘက်ခြမ်းမှကျေးရွာဖြစ်တဲ့ တမူးမြို့နယ်ထဲက ရန်လင်းဖိုင်ရွာ နဲ့ ပတ်ဝန်းကျင်ကို စစ်တပ်စစ်ကြောင်းတွေက ဝင်ရောက်စီးနင်းပြီး စစ်ဘေးရှောင် တွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

ခါမ်းပတ်မြို့ကို အာဏာသိမ်းစစ်တပ်က ကလေး နဲ့ တမူးမြို့ကဘက်ကနေ တပြိုင်နက်စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ ရန်လင်းဖိုင်ရွာကို စစ်အုပ်စုက ဇွန်လ ၁၀ရက်‌နေ့မှာ ဝင်ရောက်လာပြီးမီးရှို့ဖျက်ဆီးတာလို့ တမူးမြို့ခံတွေကပြောပါတယ်။

“ရန်လင်းဖိုင်ရွာနဲ့ အိန္ဒိယ နယ်နိမိတ်စည်းဘေးမှာတင် မီးရှို့နေတာ။ ဟိုအရင်ကတိုက်ပွဲတွေကြောင့် ဒီနေရာမှာလာပြီးရှောင်နေကြရတာ။ အခုက နှစ်ထပ်ကွမ်းစစ်ရှောင်နေကြရတယ်”လို့ စစ်ဘေးရှောင် တွေကိုကူညီပေးနေသူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကလေး-ခါမ်းပတ်- တမူးလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ခါမ်းပတ်မြို့ကို ဦးတည်ပြီးစစ်ကြောင်း​တွေထိုးလာလို့ ဇွန်လ ၈ရက်ကစပြီး တိုက်ပွဲတွေဖြစ်နေပါတယ်။ခါမ်းပတ်မြို့ကိုကလေးနဲ့ တမူးမြို့ဘက်ကအပြင် မော်လိုက်မြို့ကနေပါ စစ်ကြောင်းသုံးကြောင်းခွဲပြီး ဝင်လာတာလို့ စစ်‌ ရေးသတင်းမြစ်တွေကပြောပါတယ်။

စစ်တပ်စစ်ကြောင်းတွေမှာ စစ်မှုထမ်းသင်တန်းဆင်း အများအပြားပါဝင်ပြီး ရှမ်းနီတပ်(SNA)နဲ့ အိန္ဒိယအစိုးရကိုတော်လှန်နေတယ်ဆိုတဲ့ ကသည်းတပ်‌ နဲ့ နာဂလက်နက်ကိုင်တပ်တွေလည်းပါဝင်တယ်လို့တော်လှန်ရေးတပ်တွေဆီကနေသိရပါတယ်။

အဲဒီစစ်ကြောင်းတွေဟာ ဒေသခံပြည်သူတွေကိုလည်းဖမ်းဆီးထားပြီး ၅ဦးထက်မနည်းကို သတ်ဖြတ်ခဲ့တယ်လို့ စစ်ရှောင်တွေကိုကူညီပေးနေသူတွေကပြောပါတယ်။

လက်ရှိမှာကလေး-ခါမ်းပတ်-တမူးကားလမ်းမ ဘေးရွာတွေဖြစ်တဲ့ရန်မျိုးအောင်၊ စော်ဘွားရေရှင်၊ကျွန်းတော့ရေရှင်၊ နန်ကတိတ်၊နန်မွန်းတားနဲ့ ခွန်မွန်းနွမ်ရွာအပြင် ကျေးရွာ ၁၀ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

” စစ်ရှောင်လူဦရေကတစ်သောင်းကျော်သွားပြီ။အိန္ဒိယဘက်ကို ပြေးရတာတွေလည်းရှိတယ်။ကလေးနဲ့တမူးမြို့ပေါ်ကိုပြေးရတာတွေလည်းရှိတယ်။နယ်စပ်နဲ့တောတောင်တွေမှာ ဖြစ်သလိုနေကြရတာတွေလည်းအများကြီးပဲ”လို့စစ်ရှောင်တွေကိုကူညီပေးနေသူ တစ်ဦးကပြောပါတယ်။

ကလေး-ခါမ်းပတ်- တမူးလမ်းပိုင်းဟာ အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံချိတ်ဆက်မယ့် အာရှအဝေးပြေးလမ်းမကြီးမှာပါဝင်ပါတယ်။ အဲ့ဒီလမ်းကြောင်းကို မိုးမကျမီ ဖွင့်လှစ်ဖို့ ကြိုးစားမယ်လို့ ပြီးခဲ့တဲ့ ​မေလကုန်နဲ့ ဇွန်လဆန်းက အိန္ဒိယကိုသွားခဲ့တဲ့အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က အိန္ဒိယအစိုးရကို ပြောခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ခါမ်းပတ်မြို့ကို လေကြောင်းကနေဗုံးကြဲပြီး စစ်ကြောင်းတွေထိုးလာတာဖြစ်ပါတယ်။

​PDF ​တွေနဲ့ မဟာမိတ်တပ်​တွေက ခမ်းပါတ်မြို့ကို၂၀၂၃နိုဝင်ဘာ ၇ရက်မှာအပြီးသတ်သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

အကြိုအပို့လုပ်ဖို့အတွက် YBS ကားတွေစီစဥ်​ပေး၊လူစည်​အောင်လုပ်ပြီး Mytel ကိုပရိိုမိုရှင်းလုပ်ဟု ဝန်ထမ်းအချို့​ပြော

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က ထောက်ရှာပင်ကျေးရွာကို စစ်တပ်စစ်ကြောင်း ဝင်ရောက်စီးနင်း မီးရှို့ခဲ့ရာ နေအိမ် ၅၀နီးပါးနဲ့ ထရန်စဖော်မာတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

သတင်း

စစ်တပ်ရဲ့ပြည်သူ့လွှတ်တော်သဘင်ဆောင်မှာ ဇာတ်မင်းသားအောင်ဇမ္ဗူ ဇတ်အဖွဲ့သွား​ရောက်ကပြဖျော်ဖြေခဲ့ပါတယ်။

သတင်း

ရေကြီးရေလျှံဖြစ်နေပြီး တမြို့နယ်လုံးနီးပါး ရေဘေးသင့်နေတဲ့ ဂွမြို့နယ်အတွင်းက ကွင်းလျားရှည်၊ ရဟိုင်ကွင်း၊ ကျောင်းကုန်းစတဲ့ လူနေကျေးရွာတွေအနီးတဝိုက်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးအလုံး ၅၀ ကျော်ကြဲခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။