Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက ပြည်သူတွေ နှင်းဆီလှုပ်ရှားမှုပြုလုပ်

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

ဇွန်-၁၆၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

နှင်းဆီလှုပ်ရှားမှုရဲ့ ဆောင်ပုဒ်အတိုင်း “အမေစု နဲ့ အတူ ဆက်လက်တိုက်ပွဲ ဝင်ကြ”၊ “အမေစု နဲ့တကွ နိုင်ငံရေးအကျဥ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်”၊ “အဓမ္မစစ်မှုထမ်း ဥပဒေ ချက်ချင်းဖျက်”၊ “ဦးဝင်းမြင့် သည် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည်” စတဲ့ လူထုရဲ့ သတင်းစကား (၃) ရပ်ကိုလည်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်မှာလည်း ရွာပေါင်းစုံသပိတ်ကော်တီက ဦးဆောင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ် ပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ “နှင်းဆီဝတ်မှုန်” ကဗျာရွတ်ပွဲ ပြုလုပ်ခဲ့ပါတယ်။

လက်ပံတောင်းတောင်မြို့နယ်မှာလည်း ပင်မသပိတ်အင်အားစု၊ ၅/လက်ပံတောင်းနဲ့ မြို့နယ်ပအဖ တို့ စုပေါင်းပြီး နှင်းဆီလှုပ်ရှားမှုကို ပူး​ပေါင်းပြုလုပ်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာမှာလည်း သပိတ်အင်အားစုတွေက နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှု ပြုလုပ်တဲ့ “နှင်းဆီ”လှုပ်ရှားမှု နှိုးဆော်လွှာတွေ ဖြန့်ဖြူးခဲ့ပါတယ်။

ကနီမြို့နယ်မှာလည်း ဘုတလင်သပိတ်အင်အားစုနဲ့ ဒေသခံ သပိတ်ဦးဆောင်ကော်မတီတို့ ပူးပေါင်းပြီး ဇွန်လ(၁၉) ရက်၊ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ နှင်းဆီလှုပ်ရှားမှုကို ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်နိုင်စေဖို့အတွက် လက်ကမ်းစာစောင်တွေ ဝေငှကာ တိုက်တွန်းနှိုးဆော်ခဲ့ကြပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာလည်း ရွှေဗန့်ဂျီသပိတ်အင်အားစုက ဦးဆောင်ပြီး ပညာအစစ်ကို ဥာဏ်ဖြင့် ရှာဖွေကြရန် ပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေမှု ပြုလုပ်ခဲ့ပါတယ်။

နှင်းဆီလှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတာပါ။

ဒီလှုပ်ရှားမှုမှာပါဝင်လိုသူတွေအနေနဲ့ ဇွန်လ ၁၉ ရက်မှာ နှင်းဆီပန်း(သို့မဟုတ်) ပန်းတစ်မျိုးမျိုးကို ဘုရားတင်တာ ၊ ပန်ဆင်တာ၊ အချင်းချင်းမျှဝေတာတွေပြုလုပ်ကြဖို့ ၊ အွန်လိုင်းကမ်ပိန်းအနေနဲ့ ပန်းဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာ မျှဝေတာ နဲ့ မြေပြင်လှုပ်ရှားမှုတွေအနေနဲ့လည်း နှင်းဆီပန်းတွေကိုင်ဆောင်ပြီးပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

နှင်းဆီလှုပ်ရှားမှုတွေက စစ်တပ်ရဲ့ မတရားဖမ်းဆီးမှုတွေကြုံရနိုင်တာကြောင့် ကိုယ်နေထိုင်တဲ့ဒေသရဲ့ လုံခြုံရေး အခြေအနေအပေါ်ကိုမူတည်ပြီး ပါဝင်ပေးကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီ၊ ဘုတလင်သပိတ်၊ GSCB

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ် အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၈)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။