Connect with us

Hi, what are you looking for?

သတင်း

ရွှေကူကထွက်လာတဲ့ စစ်တပ်စစ်ကြောင်း ရှေ့မတိုးနိုင်ဘဲ ပြန်ဆုတ်သွား

တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြော

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ −Naw Tu Awng/FB)

ဇွန်-၂၁၊၂၀၂၆။စိုင်းနောင်/People’s Spring

ရွှေကူမြို့ကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်း ရှေ့မတိုးနိုင်ဘဲ ပြန်ဆုတ်သွားပြီး တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ သတင်းရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက People’s Spring ကို ‌ပြောပါတယ်။

ရွှေကူမြို့နယ်မှာ ဇွန်လ ၁၁ရက်ကစပြီး ဇွန်လ ၂၀ရက် ညနေအထိ တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေကို ဗိုလ်မှူးကြီးနော်ဘူက အသိပေးတာ ဖြစ်ပါတယ်။

” ထိုးစစ်ဆင်လာတဲ့စစ်ကော်မရှင် စစ်ကြောင်းတွေ ရှေ့မတိုးနိုင်‌ပါဘူး။ တိုက်ပွဲကမြို့အနီးမှာပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်”လို့ ၎င်းက ဇွန်လ ၂၀ရက် ညနေအထိအခြေအနေကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

အသေစိတ်အချက်အလက်တွေ မရသေးပေမယ့် စစ်တပ်က သေဆုံးသူတွေများပြီး ထွက်ပြေးနေသူတွေ၊ လက်နက်ချအလင်းဝင်သူတွေရှိတယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၀ရက် မနက်က ရွှေကူမြို့၊ခုံခမ်းရပ်ကွက်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီနေ့ ဇွန်လ၂၁ရက်မှာတော့ မြို့ထဲမှာ အခြေအနေငြိမ်သက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့အနီးက ကိုင်းကျေးရွာကို ဇွန်လ၂၀ရက် ညနဲ့ ဒီကနေ့ မနက်အစောပိုင်းမှာ စစ်တပ်က မီးရှို့ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းကနေ နေ့လယ်ပိုင်းအထိ နှစ်ဘက်ပစ်ခတ်တဲ့အသံတွေကို မကြားရတော့ပေမယ့် ကျေးရွာတွေဘက်ကို စစ်တပ်က လေကြောင်းကနေဗုံးဆက်ကြဲနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

” စစ်တပ်က မြို့ကို အကာအကွယ်ယူထားတယ်။ KIAနဲ့KPDF တွေက စစ်တပ်ရှိတဲ့နေရာတွေကို ဝိုင်းထားတယ်။ အင်အားတော်တော်များတယ် ကြားတယ်။ စစ်တပ်ကကျ လေယာဉ်နဲ့ ကြဲနေတာ။ လေယာဉ်နဲ့ ကြဲတာ အခြေအနေ မကောင်းလို့ကြဲတာ”လို့ ရွှေကူဒေသခံတစ်ဦးက ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF နဲ့ နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်တွေကတော့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ရလဒ်ကောင်းတွေရရှိနေပြီး မြို့ခံတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့လည်း လူမှုကွန်ယက်ကတစ်ဆင့် တိုက်တွန်းနေကြပါတယ်။ဒ

ဒါ့အပြင် စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံ အလင်းဝင်သူအချို့လည်းရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

ရွှေကူမြို့မှာ မြို့ခံတွေဘေးလွတ်ရာကိုကြိုတင် တိမ်းရှောင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ကဇွန်လ ၈ရက်မှာ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ စစ်တပ်က မြို့ကိုပိတ်ဆို့ပြီး အရပ်သားတွေကိုထွက်ခွင့်မပေးခဲ့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

“စစ်ကော်မရှင်ကလည်းအင်အားနဲ့ထိုးလာတယ်။စစ်ကြောင်း သုံးကြောင်းလေးကြောင်း ခွဲပြီးမှ ထိုးလာတယ်။ အဲဒါကို KIAနဲ့ ပူးပေါင်းတပ်တွေက ခုခံတဲ့ တိုက်ပွဲတွေက နေ့တိုင်းလိုရှိပါတယ်။ရွှေကူမြို့တွင်းမှာတော့ အဲဒီလောက်ထိတော့ ပြင်းထန်တဲ့ တိုက်ပွဲတွေမရှိဘူး။ မြို့တွင်းမှာ ရှိတဲ့ ပြည်သူလူထုကိုတော့ စစ်ကော်မရှင်ဘက်က ထွက်ပြေးဖို့ တိမ်းရှောင်ဖို့ကတော့ ခွင့်မပြုဘူး။ မထွက်ပြေးဖို့ပဲ သူတို့က ပြောကြတာပေါ့” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ရွှေကူမြို့ ၄လမ်းဆုံ၊ တော်လှန်ရွာ၊ ပန်းတင်ရွာနဲ့ငါးဘတ်ကြီးရွာတွေဘက်မှာ ဇွန်လ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတွေဖြစ်ပွားနေစဉ်မှာ အရပ်သား ၈ ဦးထက်မနည်းကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သလို ဇွန်လ ၁၇ရက် ညနေကလည်း ခုံခမ်းရပ်ကွက်နဲ့ ၁၉လမ်းပေါ်ကို လက်နက်ကြီးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား ၄ဦး သေဆုံးခဲ့ပါတယ်။

စစ်တပ်က ရွှေကူမြို့နယ်ကို အင်အားအများအပြားဖြည့်တင်းနေသလို KIAနဲ့ KPDF ဝတ်စုံတွေနဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် – ရွှေကူ KPDF က ဇွန်လ၁ ၇ရက်မှာ သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ ဩဂုတ် ၁၂ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။