Connect with us

Hi, what are you looking for?

သတင်း

ကပစ-၁၂က စစ်တပ်စစ်ကြောင်း မင်းတုန်းမြို့နယ် ဦးတည်နေ

မကွေးတိုင်း၊သရက်မြို့နယ် အခြေစိုက် အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၂)က စစ်တပ်စစ်ကြောင်းဟာ မင်းတုန်းမြို့နယ်ကို ဦးတည်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

(အာဏာသိမ်းစစ်တပ်က စစ်သားတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images)

ဇွန် -၃၀ ၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊သရက်မြို့နယ် အခြေစိုက် အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၂)က စစ်တပ်စစ်ကြောင်းဟာ မင်းတုန်းမြို့နယ်ကို ဦးတည်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဒီကနေ့(ဇွန် ၃၀ ရက်)မနက်ပိုင်းကစပြီး သရက်-မင်းတုန်းလမ်းပိုင်းကို စစ်တပ်က လုံခြုံရေးယူကာ ကပစ(၁၂)ကနေ ကားတွေနဲ့ မင်းတုန်းမြို့ဘက်ကို ထွက်လာတယ်လို့ ဆိုပါတယ်။

“လမ်းပိုင်းလုံခြုံရေးက အင်အား ၂၀၀ လောက်ရှိတယ်။တပ်စုတွေနဲ့ လမ်းပိုင်းမှာ ခပ်စိပ်စိပ်နေရာယူထားတယ်။နောက်ပြီး ကပစ(၁၂)ထဲကနေ ကားတွေက ၂စီးထွက်လာလိုက်၊ ၃စီးထွက်လာလိုက် အဲဒီလို အခြေအနေရှိတယ်”လို့ သရက်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်တလော စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့်လည်း သရက်-မင်းတုန်းလမ်းပိုင်းတလျှောက်နဲ့ အနီးဆုံး ဒေသတွေက ပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ဖို့ သရက်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက တိုက်တွန်းပါတယ်။

“မင်းတုန်းဘက် ရခိုင်ရိုးခြေကိုပဲ အင်အားထပ်ဖြည့်တာလို့ ယူဆရတယ်။ဒီတခေါက် အင်အားလည်း များမယ့် သဘောပဲ။ကား ၁၀စီးလောက်ဆိုတော့ အနည်းဆုံး ၅၀၀ လောက်ပါနိုင်တယ်”လို့ သရက်မြို့နယ် ကာကွယ်ရေးတပ်တွေနဲ့နီးစပ်သူက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မင်းတုန်းမြို့နယ်အနောက်ခြမ်းကနေ ရခိုင်ရိုးမဆီ ထိုးစစ်ဆင်ဖို့ အခု ဇွန်လဆန်းပိုင်းကတည်းက ကြိုးစားနေတာဖြစ်ပါတယ်။

သရက်မြို့အခြေစိုက် အမှတ်(၄၄) ခြေလျင်တပ်ရင်း (ခလရ-၄၄)၊အမှတ်( ၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂) ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက် အောက်ကတပ်တွေက အင်အား ၁၀၀၀ ကျော်ကို အသုံးပြုထားပါတယ်။

ဒါပေမယ့် ထိခိုက်သေဆုံးသူတွေနဲ့ ဖမ်းဆီးခံရတာတွေကြောင့် စစ်တပ်စစ်ကြောင်းက ရခိုင်ရိုးမအခြေက ကျေးရွာတွေဘက်ကို ပြန်ဆုတ်ခဲ့ရတာလို့ သိရပါတယ်။

“စစ်ကြောင်းထိုးခဲ့တဲ့ တပ်တွေက လက်ရှိမှာ ပြောင်း၊ထန်းပင်ကုန်း၊ဖြူကန်ကျေးရွာ နဲ့ ကျွဲဒွန်ကျေးရွာတွေမှာ ပြန်တပ်စွဲထားတယ်။တိုက်ပွဲက တော့လက်ရှိ မဖြစ်ဘူး။စစ်တပ်ဘက်ကတော့ လက်နက် ကြီးနဲ့ပစ်တာ လေကြောင်းကနေ ဗုံးကြဲတာရှိတယ်။လေကြောင်းကနေ ဆိုရင် ၂၁ ရက်နေ့က နေ ၂၅ ရက် အထိ ဂျက်ဖိုက်တာ၊Y 12 တွေပါ အသုံးပြုခဲ့တယ်”လို့ သရက်ခရိုင် အမှတ် (၄)တပ်ရင်း တာ၀န်ရှိသူက လွန်ခဲ့တဲ့ နှစ်ရက်က ပြောထားပါတယ်။

စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု‌တွေအရ မေလ နောက်ဆုံးပတ်နဲ့ ဇွန်လ ၃ ရက်က မင်းတုန်းမြို့နယ်တိုက်ပွဲတွေနဲ့ သရက်ခရိုင်အတွင်းမှာ စစ်တပ်ရဲ့ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် သုံ့ပန်း ၁၈ဦး ဖမ်းမိခဲ့ပါတယ်။

မင်းတုန်းမြို့နယ်အနောက်ဘက်မှာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိပြီး အာရက္ခတပ်တော် (AA)က ၂၀၂၄ နိုဝင်ဘာကတည်းက သိမ်းပိုက်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဝဲမဒေသအနီးက စစ်တပ်စစ်ကြောင်းတွေ စက်တင်ဘာ ၂၃ရက်မှာ ပြန်ဆုတ်ခွာသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook