Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးမြို့နယ် ရပ်ကျေးပကဖဟောင်း ဖမ်းဆီးထားမှု ပြန်လွှတ်ပေးရန် ဒေသခံတွေ ဆန္ဒပြတောင်းဆို

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ဆားလင်းကြီးမြို့နယ်၊ ဘုတ်စုကျေးရွာက ယခင် ရပ်ကျေးပကဖတာဝန်ခံကို မြို့နယ်ပကဖက ဖမ်းဆီးသွားတာကြောင့် ပြန်လွှတ်ဖို့ ပြည်သူတွေက တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ဆားလင်းကြီးမြို့နယ်၊ ဘုတ်စုကျေးရွာက ယခင် ရပ်ကျေးပကဖတာဝန်ခံကို မြို့နယ်ပကဖက ဖမ်းဆီးသွားတာကြောင့် ပြန်လွှတ်ဖို့ ပြည်သူတွေက တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်-၁၁၊၂၀၂၆၊ကတ်သရင်းနှင်း၊People’s Spring

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ဆားလင်းကြီးမြို့နယ်၊ ဘုတ်စုကျေးရွာက ယခင် ရပ်ကျေးပကဖတာဝန်ခံကို မြို့နယ်ပကဖက ဖမ်းဆီးသွားတာကြောင့် ပြန်လွှတ်ဖို့ ပြည်သူတွေက တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၅ရက် နေ့လည်၂နာရီမှာ ဆားလင်းကြီးမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံဆိုသူက ပကဖရဲ ဘော် ၃ ဦးခန့်နဲ့ အတူ ဘုတ်စုကျေးရွာ ရပ်ကျေးပကဖ တာဝန်ခံဟောင်း ဦးဇော်ဟိန်းကို လာရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဦးဇော်ဟိန်းကို လာရောက်ဖမ်းဆီးစဉ်မှာ သူ့ရဲ့အကိုဖြစ်သူပါ လိုက်ပါသွားပြီး ဇူလိုင် ၆ ရက်မှာ အကိုဖြစ်သူကို မြို့နယ်ပကဖက ပြန်လည်ပို့ ပေးခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

” သူ့ ညီကို စိတ်မချလို့ဆိုပြီး လာဖမ်းတဲ့အချိန်မှာကို ဇော်ဟိန်းရဲ့ အကိုက လိုက်သွားတာ။အဲတာကို နောက်ရက်ပကဖက ကားနဲ့ပြန်လာပို့တယ်။ကိုဇော်ဟိန်းကိုတော့ စစ်ဆေးစရာရှိလို့ခေါ်ထားလိုက်တယ် ပေါ့ဗျာ။အဲဒီမှာ လာပို့တဲ့ရဲဘော် တွေကားကို ပြည်သူတွေက ဝိုင်းထားပြီး ကိုဇော်ဟိန်းကိုပြန်လွှတ်ပေးမှ ဒီကားကိုပြန်ပေးထွက်မယ်လို့ ပြောတော့ ပကဖသတင်းတာဝန်ခံ က ၃ရက်နေရင် သူကိုယ်တိုင် ကိုဇော်ဟိန်းကို ပြန်လာပို့ပါ့မယ်။ဒီရဲဘော်တွေကို ပြန်လွှတ်ပေးပါလို့ ကတိကဝတ်ပေးလို့ ပြန်လွှတ်ပေးလိုက်တာ အခုကျ ကတိမတည်တာပေါ့ဗျာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကိုဇော်ဟိန်းကို မြို့နယ်၊ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးထားပြီး ၃ရက်ပြည့်တဲ့နေ့မှာ ပြန်မလွှတ်တာ ကြောင့် ဇူလိုင် ၈ ရက်နေ့မှာ ဒေသခံတွေက မြို့နယ်ပကဖ ပြန်ကြားရေးဌာနမှာ ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

မြို့နယ်ပလဖက ဦးဇော်ဟိန်းက ရပ်ကျေးပကဖ တာဝန်ထမ်း ဆောင်ချိန်မှာ ယခင် သမဝါယမကို ကျေးရွာပိုင်အဖြစ် ပြောင်းလဲကာ လူငယ်တိုင်းရဲ့အနာဂတ်ဆိုပြီး ပြောင်းလဲတဲ့ကိစ္စ ပြန်အပ်ဖို့နဲ့ ဘယ်အဖွဲ့အစည်းကိုမှ မလှူဖို့ ဦးဇော်ဟိန်းက လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ဖမ်းဆီးတယ်လို့ ပြောကြောင်းဒေသခံ တွေက ပြောပါတယ်။

ဘုတ်စုကျေးရွာမှာ လက်နက်ကိုင်တော်လှန်ရေး စတင်ကတည်းက ဖွဲ့စည်းထားတဲ့ ရပ်ကျေး ပကဖ တွေရှိပြီး အဲဒီလူတွေအားလုံး နှုတ်ထွက်ပြီးတဲ့နောက် မြို့နယ်ပကဖက ပြန်လည်ရွေးချယ်ကာ ၂၀၂၅မှာ အသစ်ထပ်မံခန့်အပ် ထားတဲ့ ရပ်ကျေး ပကဖအဖွဲ့ တွေလည်းရှိပြီး ဒီကိစ္စမှာလည်း အငြင်းပွားမှု တွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဦးဇော်ဟိန်းက နှုတ်ထွက်ထားတဲ့ ရပ်ကျေး ပကဖတာဝန်ခံ ဟောင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိတာဝန်ထမ်းဆောင် နေတဲ့ဘုတ်စုရွာ ရပ်ကျေးပကဖ တာဝန်ခံက ကျေးရွာပိုင် အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတခု မှာ မိသားစုလိုက်ပြောင်းရွေ့ နေထိုင်တာနဲ့ ပတ်သက်ပြီး ‌‌‌‌‌ဒေသခံတွေကကန့်ကွက်ကာ အမျိုးသားညီညွတ်ရေးအစိုးရထံ တိုင်စာပို့ထားတယ်လို့လည်း သိရတယ်။

“အရင်က ကိစ္စ‌တွေကြောင့် ဖမ်းတယ်ဆိုရင် အစကတည်းက ဖမ်းမှာပေါ့။အခုက ဒီကိစ္စကို တိုင်စာပို့တယ်ဆိုတာ ကိုဇော်ဟိန်းလုပ်တယ်လို့ထင်ပြီးအညှိုးထားပြီးလုပ်တယ်လို့ ထင်တာပဲ “လို့ ဒေသခံတဦစ်းက ပြောပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူထုနွေဦးက ဆားလင်းကြီးမြို့နယ်ပကဖတာဝန်ခံနဲ့ဖမ်းဆီး ခေါ်သွားတယ်ဆိုတဲ့ ပြန်ကြား ရေးတာဝန်ခံ တွေ ရဲ့ဖုန်းကို ဆက်သွယ် မေးမြန်းဖို့ကြိုးစား ပေမယ့် ဖုန်း ခေါ်လို့မရပါဘူး။

ဇူလိုင် ၂ ရက်ကလည်း ဆားလင်းကြီးမြို့နယ်၊လက်ပံတောင်းရွာက ဒေသခံကိုအောင်မြတ်ကို မြို့နယ်ပလဖက ဖမ်းဆီးပြီး နောက်ရိုက်နှက်ခံရကာ သေဆုံးသွားတာကြောင့် ဒေသခံ တွေဆန္ဒထုတ် ဖော်ခဲ့ကြသေးတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံတော်လှန်ပြည်သူတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့ ဆန္ဒပြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးနဲ့ ဂန့်ဂေါမြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်က ဝဲကြီးကျေးရွာဆိပ်ကမ်းကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့မိခင်ဖြစ်သူ ဒဏ်ရာပြင်းထန်စွာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။