Connect with us

Hi, what are you looking for?

သတင်း

အလင်းဝင်နဲ့ စစ်သုံ့ပန်း ခွဲခြားထားလို့ စစ်ကောင်စီတပ်သားတွေ ရွေးချယ်နိုင်ဟု မော်လိုက်ခရိုင် တပ်ရင်း(၃) ပြော

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။

ဇူလိုင် ၁၁၊ ၂၀၂၆ ။ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။

မော်လိုက်ခရိုင် အမှတ်(၃)တပ်ရင်းနဲ့ စစ်ဆိုင်ထားသောနေရာတွေက စစ်သား ၄ဦးဟာ ဇွန် ၄ရက်နဲ့ ဇူလိုင် ၅ရက်တွေမှာ အလင်းဝင်ပူးပေါင်းလာရာ အဲဒီလို အလင်းဝင်တပ်သားတွေကို ကောင်းမွန်စွာ ထားရှိတယ်လို့ အသိပေးထားပါတယ်။

“ရှင်းရှင်းပြောရရင်အလင်းဝင်/CDMကိုအလင်းဝင်လိုထားပါတယ်။ စစ်တရားခံတို့ သုံ့ပမ်းတို့ကို ထိုက်တန်သလို ဆက်ဆံပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ထမင်းဟင်းဟာ အလင်းဝင်တွေနှင့်ပဲထိုက်တန်ပါတယ်။ အဲ့ဒီတော့ အချိန်မှီ အလင်းဝင် CDMလုပ်ပြည်သူနှင့်ပူးပေါင်းမလား စစ်သုံပန်းဖြစ်ခံမလား စဉ်းစားကြပေါ့” လို့လည်း မော်လိုက်ခရိုင် တပ်ရင်း(၃)က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အခု ဇူလိုင်အတွင်းမှာ မော်လိုက်ခရိုင် တပ်ရင်း(၃)ထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေအနက် ဒုတပ်ကြပ် ၁ဦးလည်း ပါဝင်ခဲ့ပါတယ်။

အဲဒီ အလင်းဝင် ဒုတပ်ကြပ်ရဲ့ ရုပ်သံကိုလည်း မော်လိုက်ခရိုင် တပ်ရင်း(၃)က ထုတ်ပြန်ရထားရာ စစ်ကောင်စီတပ်တွင်း ဝါဒဖြန့်ထားသလို မဟုတ်ဘဲ အလင်းဝင်လာသူတွေကို PDF ဘက်က နွေးထွေးစွာ ကြိုဆိုကြတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါ့အပြင် တပ်တွင်း ကျန်နေတဲ့ စစ်ကောင်စီတပ်သားတွေ ပြည်သူ့ဘက်ကိုအလင်းဝင် ပူးပေါင်းကြဖို့လည်း ဒုတပ်ကြပ်က တိုက်တွန်းထားပါတယ်။

အလင်းဝင်လာသူတွေကို မော်လိုက်ခရိုင် တပ်ရင်း(၃)မှာ တာဝန်ထမ်းဆောင်ခွင့်မပြုပေမဲ့ မိဘထံ ပြန်လိုရင် ပြန်ခွင့်ပေးမှာ ဖြစ်လို့ ဒေသတွင်းမှာပဲ အလုပ်လုပ်လိုပါကလည်း စီစဉ်ပေးမယ်လို့ မော်လိုက်ခရိုင်တပ်ရင်း(၃)က တာဝန်ရှိသူတဦးက ပြောထားပါတယ်။ ပြည်သူ့ရင်ခွင်သို့ ခိုလှုံခြင်းဖြင့် လူတစ်ဦးရဲ့ဘဝအစစ်မှန်ကိုရှာဖွေကြဖို့လည်း မော်လိုက်ခရိုင် တပ်ရင်း(၃)က စစ်ကောင်စီတပ်သားတွေကို တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။