Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ပြေးဆွဲနေတဲ့ အောက်‌ဆိုက်ကား တိမ်းမှောက်၊ ခရီးသည် ၄ ဦး ဒဏ်ရာရ

ရန်ကုန်မြို့အတွင်း တရားမဝင်ပြေးဆွဲနေတဲ့ လိုက်ထရပ်ယာဉ် ၁စီး‌တိမ်းမှောက်ပြီး ခရီးသည် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့‌ဘော်ဒါများ အသင်းက အသိပေးထားပါတယ်။

ဓာတ်ပုံ - ArrPuu Tuu

ဇူလိုင်-၁၄၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့အတွင်း တရားမဝင်ပြေးဆွဲနေတဲ့ လိုက်ထရပ်ယာဉ် ၁စီး‌တိမ်းမှောက်ပြီး ခရီးသည် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့‌ဘော်ဒါများ အသင်းက အသိပေးထားပါတယ်။

ဒီနေ့(ဇူလိုင်၁၄) မနက်က သိမ်ဖြူလမ်းနဲ့ ကုန်သည်လမ်းထောင့်မှာ ယာဉ်တိမ်းမှောက်ခဲ့တာဖြစ်ပြီး လူနာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးရှိတယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူတွေမှာ အောင်မျိုးထိုက် ဆိုတဲ့ အမျိုးသားက သတိမေ့နေတာကြောင့် မိသားစုဝင်တွေသိရှိနိုင်ဖို့ လူနာရဲ့ ဝန်ထမ်းကဒ်ကို ဓာတ်ပုံရိုက်တင်ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ယာဉ်တိမ်းမှောက်မှုဖြစ်တဲ့ လိုက်ထရပ်ကားတွေက တရားဝင်ပြေးဆွဲ‌နေတာ မဟုတ်ဘဲ စစ်တပ်လက်အောက်ခံ ယာဉ်ထိန်းရဲတွေကို လိုင်းကြေးပေးပြီး အောက်‌ဆိုက်ပြေးဆွဲနေကြတာဖြစ်ပါတယ်။

အဲဒီလိုက်ထရပ်တွေက ကားမောင်းကြမ်းသလို စည်းကမ်းလည်းမရှိကြဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

“အောက်ဆိုက်ကားတွေက မောင်းတာအရမ်းကြမ်းတယ်စည်းကမ်းလည်းလုံးဝမရှိဘူး။လက်ကလေးထုတ်ပြတာနဲ့နောက်ကားကပေးလို့ရလား မရလားမသိဘူးအတင်းကျော်တက်တာ၊အောက်ဆိုက်ကားကိုယ့်ကားနားကပ်လာရင်ဝေးဝေးကရှောင်ကြတော့” လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက မှတ်ချက်ရေးသားထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ အစိုးရတာဝန်ယူချိန်က ရန်ကုန်မြို့တွင်း သွားလာရေးစနစ်အတွက် YBS စနစ်ကို စတင်ခဲ့ချိန်က အောက်ဆိုက်ကားတွေ မရှိသလောက်နည်းသွားခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုများပြားလာတာပါ။

အောက်ဆိုက်ကားတွေက ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ ပြေးဆွဲမှုတွေများပြားပြီး ရန်ကုန်မြို့လယ်မှာလည်း ပြေးဆွဲနေကြတာပါ။

သခင်မြပန်းခြံကနေ ဂိတ်စ ၊ ဂိတ်ဆုံး ပြေးဆွဲတဲ့ အာဏာရှင်ဟောင်း နေဝင်းရဲ့ မြေးတွေ ပိုင်ဆိုင်နဲ့ Omni Focus ယာဉ်လိုင်းက ယာဉ်ပြေးဆွဲမှု အကန့်အသတ်ရှိတာကြောင့် အောက်‌ဆိုက်ကားတွေကို ပြည်သူတွေက အားကိုးနေကြရတာလို့ ဒေသခံတွေက ထောက်ပြထားပါတယ်။

ရက် ၁၀၀ စီမံကိန်းခေါင်းစဉ်တပ်ကာ ဥပဒေတွေ အမျိုးမျိုးထုတ်နေတဲ့ တရားမဝင်ရွေးကောက်ပွဲက တတ်လာတဲ့အာဏာသိမ်းစစ်တပ် တာဝန်ရှိသူတွေက အောက်ဆိုက်ကားတွေနဲ့ပတ်သက်ပြီး အရေးယူ‌ ဆောင်ရွက်ဖို့ တိုက်တွန်းတာ‌မျိုးတော့မရှိပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ဘောလုံးအဖွဲ့ချုပ်ကကျင်းပတဲ့ MFF Futsal League မှာ ကစားနေတဲ့ Gold Dream FC အသင်းက လူငယ်ကစားသမား ၂ဦး သုဝဏ္ဏဖူဆယ်ကွင်းကနေ မြောက်ဒဂုံအဆောင်ကို ပြန်ရာမှ ၁၀ ရက်ကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း အသင်းက သြဂုတ် ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အမေရိကန် သံအရာရှိ သေဆုံးမှုမှာ အဓိက သံသယရှိသူအဖြစ် ဖမ်းဆီးခံထားရသူ ထိုင်းအမျိုးသမီးကို ရန်ကုန်မြို့မှာရှိတဲ့ တရားရုံးတစ်ခုက လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုအတွက် ထောင် ၁ နှစ် ချမှတ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဝမ်း​ရောဂါနဲ့​သေဆုံးသူဆက်တိုး​နေ​ပေမယ့် စစ်တပ်က သတင်း​တွေကိုထိမ်ချန်ထုတ်ပြန်​နေပါတယ် ။

သတင်း

ရန်ကုန်မြို့ရှိ မြို့နယ်တွေမှာ ဒီရက်ပိုင်း အရပ်ဝတ်တွေက အိမ်စီးကားတွေနဲ့ လူလိုက်ဆွဲတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

Facebook