Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က စကခနဲ့ တပ်မ ၅ခုက အင်အား ၃,၀၀၀ ခန့်နဲ့ ချင်းတောင်ပိုင်း ထိုးစစ်ဆင်နေ

စစ်တပ်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)နဲ့ တပ်မ ၅ခုက အင်အား ၃,၀၀၀ ခန့်နဲ့ ချင်းပြည်နယ်တောင်ပိုင်းကို ထိုးစစ်ဆင်နေတယ်လို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာ၀န်ရှိသူက ပြောပါတယ်။

(ချင်းပြည်နယ်ကို စစ်ကူသွားတဲ့ စစ်ယာဉ်တန်းတွေကို ၂၀၂၃က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဇူလိုင်-၁၄၊၂၀၂၆။ဖိုးသား/People’s Spring

စစ်တပ်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)နဲ့ တပ်မ ၅ခုက အင်အား ၃,၀၀၀ ခန့်နဲ့ ချင်းပြည်နယ်တောင်ပိုင်းကို ထိုးစစ်ဆင်နေတယ်လို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာ၀န်ရှိသူက ပြောပါတယ်။

စစ်တပ်က စကခ (၂)၊(၁၄)၊(၁၈) နဲ့ တပ်မ (၇၇) ၊ (၉၉)တို့အပြင် လက်အောက်ခံတပ်တွေရဲ့ ကနေ အင်အား ၃,၀၀၀ ခန့်နဲ့ ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။

စစ်တပ်က ဇူလိုင် ဒုတိယပတ်အတွင်း မကွေးမြို့ နဲ့ ပေါက်မြို့ကတဆင့် ချင်းတောင်ကို စစ်ကူပေးမယ့် အင်အား ၇၀၀ ၀န်းကျင်ကလည်း ဆောမြို့နယ်၊ လောင်းရှည် နဲ့ ကျောက်ထုမြို့တွေကို ရောက်ရှိသွားပြီလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ထုတ်နှုတ်အင်အားတွေ သုံးပြီး တပ်မ(၉၉)က ဗျူဟာကွပ်ကဲ တိုက်နေတာပါ။အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စကခ (၁၈) အောက်က တပ်ရင်းတွေရဲ့ ထုတ်နုတ်အင်အားပါတယ်။ ခမရ(၃၁၆) ရော နောက်ထပ်ရောတြိဂံ‌ဒေသတိုင်းစစ်ဌာနချုပ်၊ စကခ (၂)အောက် တပ်ရင်းတွေပါတယ်။ခမရ (၅၁၂)၊ (၅၁၃) တို့နေပြည်တော်တိုင်းစစ်ဌာနချုပ်က တိုက်ရိုက်ကွပ်ကဲတဲ့ တိုင်းလက်အောက်ခံ တပ်ဖြစ်တဲ့ ခမရ (၃၀၅) က ထုတ်နှုတ်အင်အားတွေ ပါတယ်”လို့ အထက်ပါတာ၀န်ရှိသူ က ပြောပါတယ်။

စစ်တပ်ရဲ့စကခနဲ့ တပ်မ စုပေါင်းထိုးစစ်မှာ အင်အား ၃,၀၀၀ ထက်မနည်းရှိပြီး မင်းတပ်မြို့ဘက်ကို အင်အား ၁၇၀၀ နဲ့ ကန်ပက်လက်မြို့မှာ အင်အား ၁၄၀၀ ၀န်းကျင် ရှိနိုင်တယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ထိုးစစ်ကို ချင်းကာကွယ်ရေးတပ်၊ အာရက္ခတပ်တော်(AA)နဲ့ ညီနောင်တပ်တွေက ခုခံတိုက်ခိုက်နေတယ်လို့လည်း မကွေး ပကဖက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်တပ်က မြေပြင်မှာအထိနာနေတာကြောင့် ဂျက်ဖိုက်တာတွေနဲ့ အကြိမ်ရေ ၃၀၀ ၀န်းကျင် အပါအ၀င် တခြားလေယာဉ်တွေနဲ့လည်း ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။

ချင်းတောင်ပိုင်းက တိုက်ပွဲ ၁လခွဲကျော်အတွင်း တော်လှန်ရေးပူးပေါင်းတပ်က တန်ပြန်ထိုးစစ်ဆင်ပြီး စစ်တပ်အထိနာအောင် တိုက်ခိုက်ထားနိုင်ပြီး စစ်တပ် အင်အား ရာချီထိခိုက်သေဆုံးသလို စစ်သုံ့ပန်းတွေ ဖမ်းမိတာ၊ လက်နက်ခဲယမ်းတွေ သိမ်းရတာတွေရှိတယ်လို့ ချင်းပြည်သူ့အစည်းအရုံးက ထုတ်ပြန်အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခံရပြီး သေဆုံးမှုများပြီးနောက် စစ်သား ၂၀ ကျော်ထွက်ပြေး အညံ့ခံလာတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

မကွေးမြို့ကနေ စစ်ကားအစီး ၅၀ ခန့်ပါတဲ့ တပ်မ(၉၉) ယာဉ်တန်းဟာ လောင်းရှည်မြို့အခြေစိုက် အမှတ်(၂၅) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ဦးတည်လာနေပြီး ချင်းပြည်နယ်တောင်ကို စစ်ကူပို့မယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူပို့မယ့် စစ်တပ်ယာဉ်တန်းတွေ ပေါက်နဲ့ ဆောမြို့နယ်ကြားကို ရောက်လာပြီလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်ပလက်ဝ နဲ့ ရခိုင်မြို့နယ် ၇ ခုမှာစစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေအပါအဝင် ရပ်ကွက်၊ ကျေးရွာ ပေါင်း ၁၀၀ ကျော်မှာ ရေကြီးနေပြီး လူထောင်ချီ ရွှေ့ပြောင်းနေရကာ ​ရေ​ဘေး​ကြောင့် လူသုံးဦးထက်မနည်း​သေဆုံးခဲ့​ကြောင်းဒေသတွင်းလူမှုကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေကပြောပါတယ်။