Connect with us

Hi, what are you looking for?

သတင်း

အာဆီယံနိုင်ငံတွေမှာ မြန်မာတစ်နိုင်ငံတည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်း

အာဆီယံနိုင်ငံတွေမှာ မြန်မာတစ်နိုင်ငံတည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI) ကျဆင်းနေတယ်လို့ ကုလသမဂ္ဂကုန်သွယ်မှုနဲ့ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့်(UNCTAD)ရဲ့ အစီရင်ခံစာထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဇူလိုင်-၁၄၊၂၀၂၆။ဇော်၀င်း/People’s Spring

အာဆီယံနိုင်ငံတွေမှာ မြန်မာတစ်နိုင်ငံတည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI) ကျဆင်းနေတယ်လို့ ကုလသမဂ္ဂကုန်သွယ်မှုနဲ့ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့်(UNCTAD)ရဲ့ အစီရင်ခံစာထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုဇူလိုင်ပထမပတ်က UNCTAD ရဲ့ World Investment Report ရဲ့အရှေ့တောင်အာရှနိုင်ငံ‌တွေမှာ တီမော၊ လာအို၊ကမ္ဘောဒီးယား၊ဘရူနိုင်း၊အင်ဒိုနီးရှား၊မလေးရှာ၊စင်ကာပူ၊ထိုင်၊ဗီယက်နမ် နဲ့ ဖိလစ်ပိုင် နိုင်ငံတွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုးလာနေတယ်လို့ ဆိုပါတယ်။

ကိန်းဂဏန်းတွေအရ ထိုင်း၊စင်ကာပူနဲ့ မလေးရှားက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သိသိသာသာတိုးလာနေပြီး မြန်မာဟာ ပြီးခဲ့တဲ့ ၅နှစ်ရဲ့ ထက်၀က်ပမာဏပဲရှိ ပါတော့တယ်။

Public Service Announcement

Public Service Announcement

” အရင်တုန်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာ လုပ်ခလစာနည်းတဲ့ နိုင်ငံတွေနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာတဲ့ နိုင်ငံတွေကို အဓိကရွေးချယ်ခဲ့ကြပေမယ့် ဒီက‌နေ့မှာတော့ နိုင်ငံတွေရဲ့တည်ငြိမ်မှု၊နည်းပညာ၊အစိုးရပံ့ပိုးမှုနဲ့ တိကျတဲ့မူဝါဒတွေက ရင်းနှီးမြှုပ်နှံမှုကိုပို သက်ရောက်လာနေတယ်”လို့ UNCTAD ရဲ့အစီရင်ခံစာမှာ ပါရှိပါတယ်။

ပြည်ပရင်းနှီးမြှုပ်နှံမှုတွေဟာ နည်းပညာကျွမ်းကျင်တဲ့ လူသားအရင်းအမြစ်၊ ရင်းနှီးမြှုပ်နှံသူတွေအတွက် တည်ငြိမ်တဲ့ စွမ်းအင်ကဏ္ဍနဲ့ ဒစ်ဂျစ်တယ်စီးပွားရေးရဲ့ အခြေခံကျောရိုးတွေရှိတဲ့ နိုင်ငံတွေကို ဗဟိုပြုလာတယ်လို့ အကြံပြုထားပါတယ်။

” ဒေသတွင်းနိုင်ငံတွေနဲ့ ပြိုင်ဆိုင်နိုင်စွမ်း လျော့နည်းလာနေတယ်။ဒါဟာအရှိတရားဖြစ်တယ်။ပြည်ပက ပိတ်ဆို့မှုဆိုတာတွေထက် အဘက်ဘက်က တည်ငြိမ် မှုမရှိတဲ့အခါ ဘယ်သူမှ ၀င်လာမှာလည်းမဟုတ်သလို အလုပ်အကိုင်ရှားပါးမှုကပိုဆိုးလာမှာပဲ”လို့ စီးပွားရေး ပညာရှင်တစ်ဦးက ပြောပါတယ်။

ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)ရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက် အလက်တွေအရ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် တစ်ခုလုံးမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၅၀၀ ၀န်းကျင်ပဲ ရှိပါတယ်။

အဲဒီ ပမာဏက စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ကနဲ့ယှဉ်ရင် ၁၀ ပုံတစ်ပုံ နီးပါးလျော့ကျသွားတာဖြစ်ပါတယ်။

၂၀၂၁နောက်ပိုင်း မြန်မာနိုင်ငံမှာ ၀င်ရောက်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံတွေ တဖြည်းဖြည်းလျော့နည်းလာပြီး တရုတ်နဲ့ စင်ကာပူနိုင်ငံပဲ အဓိကကျန်ရှိပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီရက်ပိုင်း Facebook Memory ကို ဖွင့်ကြည့်မိတိုင်း လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်က ပုံတွေ ပြန်ပေါ်လာတယ်။ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံရဲ့ ရေဘေးပုံတွေ။ ရွှံ့နွံထဲက လမ်းတွေ၊ ရေမြုပ်နေတဲ့ အိမ်တွေ၊ လှေနဲ့ သွားလာနေကြတဲ့ လူတွေ၊ ရေဘေးသင့်သူတွေကို ကူညီဖို့ အစားအသောက်နဲ့ ရေသန့်တွေ...

သတင်း

ထိုင်းအဆိုပြုတဲ့ ညှိနှိုင်းထိတွေ့ဆက်ဆံဗျူဟာအကျိုးမရှိဟု​ထောက်ပြ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။