Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးက ဗိုလ်ချုပ်ရုပ်တု ဖျက်ဆီးရင် ခွင့်မလွှတ်ဘူးလို့ နယ်ခံတပ်ရင်း သတိပေး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးဖို့ ပြုလုပ်နေပြီး ဖျက်ဆီးသူတွေကို ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းမှူးက သတိပေးထားပါတယ်။

(၂၀၂၅ ခုနှစ်က နွားထိုးကြီးမြို့ပေါ် ဗိုလ်ချုပ်ရုပ်တုရှေ့မှာ တော်လှန်ရေးရဲဘော်များ အာဇာနည်နေ့အခမ်းအနားကျင်းပစဥ်။ ဓာတ်ပုံ - Screen grab)

ဇူလိုင်-၁၄၊ ၂၀၂၆။ ကတ်သရင်းနှင်း/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးဖို့ ပြုလုပ်နေပြီး ဖျက်ဆီးသူတွေကို ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းမှူးက သတိပေးထားပါတယ်။

“နွားထိုးကြီးမြို့က ဗိုလ်ချုပ်ရုပ်တုကို ဖျက်ဆီးဖို့ လုပ်နေကြပြီ။ ဖိအားပေးလို့ လုပ်ရတာတို့၊ မဖြစ်မနေလို့ပါတို့ ခွင့်လွှတ်မှာ မဟုတ်ပါဘူး”လို့ တပ်ရင်းမှူး ကိုစိုးအောင်က လူမှုကွန်ရက်ကတဆင့် သတိပေးထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို နွားထိုးကြီးမြို့ ၊အမှတ်(၅)ရပ်ကွက်၊ နန္ဒဝန်ပန်းခြံမှာ ၂၀၁၈ ခုနှစ်ကစိုက်ထူခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံအနှံ့က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်တုတွေကို အာဏာသိမ်းစစ်တပ်က လိုက်လံ ဖျက်ဆီးနေပြီး နွားထိုးကြီးမြို့ပေါ်က ဗိုလ်ချုပ်ရုပ်တုကိုလည်း ဖျက်ဆီးမယ့်သတင်းတွေထွက်ပေါ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်အထိ ဗိုလ်ချုပ်ရုပ်တု ၁၅ခုထက်မနည်း ဖျက်ဆီးထားပြီး စစ်အုပ်စုရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက မြို့နယ်ပါင်း ၁၀၀ကျော်က ဗိုလ်ချုပ်ရုပ်ထုတွေကို စိစစ်ထားကာ အချိုးအစားမမှန်တာကို တွေ့ရှိလို့ ဖျက်ချနေတာလို့ ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က စစ်တပ်အထိုင်စခန်းနေရာတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦး သေဆုံးပြီး ဒရုန်း ၁စီး သိမ်းရခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်က နိုင်ငံအနှံ့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို လိုက်လံဖျက်ဆီးနေပြီး ခင်ဦးမြို့က ရုပ်တုကို စစ်တပ်က ဖျက်ဆီးခဲ့ရင် ချက်ချင်းတိုက်ပွဲဖြစ်သွားနိုင်တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။