Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ် ဗုံးထပ်ကြဲခံရပြီး စစ်ရှောင်အဘိုးအိုတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ - Wetlet Informational Network

ဇူလိုင်-၃၁၊ ၂၀၂၆။ နှင်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၃၀ ရက် မနေ့ ညပိုင်းက ငါးပတ်ချောင်းရွာရဲ့ အနောက်မြောက်ဘက် စစ်ကိုင်း-‌ကျောက်မြောင်းလမ်း(အမှတ်-၃လမ်းမ)အနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ဘေးရှောင် အသက် ၇၆နှစ်အရွယ် ဦးသန်းလွင် ထိမှန်သေဆုံးခဲ့တာလို့ သိရပါတယ်။

“အဲဒီဘက်က ရွာတွေကို သစ်ဆိမ့်ရွာဘက် တပ်စွဲထားတဲ့ စစ်ကြောင်းက ဝင်တတ်လို့ ရှောင်နေရတာကြာလှပြီ။ တချို့ကလည်း အိမ်ကနေ ရှောင်ပြီး ရွာနားကပ် နေတာလည်းရှိတာပေါ့။ အခုလည်း အဲ့လိုစစ်ဘေးရှောင် သေတာလို့ပြောတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်ဗုံးဟာ ရှေးဟောင်းသမိုင်းဝင် သစ္စာရ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဘုရားမုဒ်ဦးအနီးကြဲသွားတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီကတည်းက စစ်တပ်က ဒီရွာရဲ့ မြောက်ဘက်က သစ်‌ဆိမ့်ရွာကို တပ်စွဲထားပြီး အမှတ်-၃လမ်းမကို ထိန်းချုပ်နိုင်ဖို့ကြိုးစားနေတာပါ။ စစ်တပ်ဟာ ဝက်လက်မြို့နယ်ကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားပြည်သူတွေ မကြာခဏ သေဆုံးဒဏ်ရာရမှုတွေ ဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေကလည်း နယ်မြေထိန်းချုပ်ဖို့ ပိတ်ဆို့တိုက်ခိုက်နေပြီး အာဏာသိမ်းစစ်တပ်နဲ့ ထိပ်တိုက်တိုက်ပွဲတွေ ဖြစ်ပွားနေတာ နှစ်ဝက်ခန့်ရှိပြီလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ သံတွဲနဲ့ ဂွမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး လေယာဉ်ဗုံးကြောင့် သံတွဲမြို့ခံ (၈၃)နှစ်အရွယ် အဖွားအို ၁ဦး သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြောက်ကျင်းရွာက စစ်ဘေးရှောင် ပြည်သူတွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ကျောင်းထိုင်ဆရာတော်နဲ့ ကလေးငယ်အပါအဝင် လေးဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။