Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ် ဗုံးထပ်ကြဲခံရပြီး စစ်ရှောင်အဘိုးအိုတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ - Wetlet Informational Network

ဇူလိုင်-၃၁၊ ၂၀၂၆။ နှင်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၃၀ ရက် မနေ့ ညပိုင်းက ငါးပတ်ချောင်းရွာရဲ့ အနောက်မြောက်ဘက် စစ်ကိုင်း-‌ကျောက်မြောင်းလမ်း(အမှတ်-၃လမ်းမ)အနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ဘေးရှောင် အသက် ၇၆နှစ်အရွယ် ဦးသန်းလွင် ထိမှန်သေဆုံးခဲ့တာလို့ သိရပါတယ်။

“အဲဒီဘက်က ရွာတွေကို သစ်ဆိမ့်ရွာဘက် တပ်စွဲထားတဲ့ စစ်ကြောင်းက ဝင်တတ်လို့ ရှောင်နေရတာကြာလှပြီ။ တချို့ကလည်း အိမ်ကနေ ရှောင်ပြီး ရွာနားကပ် နေတာလည်းရှိတာပေါ့။ အခုလည်း အဲ့လိုစစ်ဘေးရှောင် သေတာလို့ပြောတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်ဗုံးဟာ ရှေးဟောင်းသမိုင်းဝင် သစ္စာရ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဘုရားမုဒ်ဦးအနီးကြဲသွားတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီကတည်းက စစ်တပ်က ဒီရွာရဲ့ မြောက်ဘက်က သစ်‌ဆိမ့်ရွာကို တပ်စွဲထားပြီး အမှတ်-၃လမ်းမကို ထိန်းချုပ်နိုင်ဖို့ကြိုးစားနေတာပါ။ စစ်တပ်ဟာ ဝက်လက်မြို့နယ်ကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားပြည်သူတွေ မကြာခဏ သေဆုံးဒဏ်ရာရမှုတွေ ဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေကလည်း နယ်မြေထိန်းချုပ်ဖို့ ပိတ်ဆို့တိုက်ခိုက်နေပြီး အာဏာသိမ်းစစ်တပ်နဲ့ ထိပ်တိုက်တိုက်ပွဲတွေ ဖြစ်ပွားနေတာ နှစ်ဝက်ခန့်ရှိပြီလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က အောက်တိုဘာနောက်ဆုံးပတ်အတွင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ပြည်သူလူထုနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၉ရက်ညနေပိုင်းနဲ့ ညပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့လို့ အဆောက်အအုံများစွာ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။