Connect with us

Hi, what are you looking for?

သတင်း

ဒေါ်​အောင်ဆန်းစုကြည် နှင့် ICRC အရာရှိ တွေ့ဆုံ​ခဲ့ကြောင်းစစ်တပ်ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထား​တဲ့နိုင်ငံ​တော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ် ကယ​နေ့ မနက်မှာသွား​ရောက်​တွေ့ဆုံတယ်လို့ စစ်​ကောင်စီကဓါတ်ပုံ​နဲ့တကွ သတင်းထုတ်ပြန်ပါတယ် ။

(​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC က မြန်မာနိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ် Mr. Arnaude de Baqque တို့​တွေ့ဆုံစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)

■ ​ဒေါ်​အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိ​နေ​သေး​ကြောင်းအ​ထောက်အထားကိုအာဏာသိမ်း​ခေါင်း​​ဆောင်ထိုင်းမသွားခင် ၃ ရက်အလိုမှထုတ်ပြန်

■ICRC ကမူ သတင်းမထုတ်ပြန်​သေး

သြဂုတ်-၃၊၂၀၂၆။​နေ့သစ်/People’s Spring

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထား​တဲ့နိုင်ငံ​တော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ် ကယ​နေ့ မနက်မှာသွား​ရောက်​တွေ့ဆုံတယ်လို့ စစ်​ကောင်စီကဓါတ်ပုံ​နဲ့တကွ သတင်းထုတ်ပြန်ပါတယ် ။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ငါးနှစ်ခွဲ​ကျော်အတွင်းမှာ စစ်တပ်က ​ဒေါ်​အောင်ဆန်းစုကြည် ကို စစ်တပ်လက်​အောက်ခံမဟုတ်ပဲသီးခြားလွတ်လပ်တဲ့ ကြားခံအဖွဲ့အည်းကလူနဲ့ ယှဥ်တွဲပြီး လူမြင်ကွင်းမှာ ပထမဆုံးအကြိမ်ထုတ်ပြတာလည်းဖြစ်ပါတယ် ။ ​

ဒေါ်​အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို တရားခွင်အတွင်း CCTV မှတ်တမ်းဓါတ်ပုံ​ ပေါ် ထွက်ခဲ့ဖူး​​ပေမယ့် အချိန်ကာလမသိခဲ့ရပါဘူး။ ဒါ့အပြင် ​ဒေါ်​အောင်ဆန်းစုကြည် နဲ့ စစ်​ကောင်စီ အရာရှိအချိူ့ ​တွေ့ဆုံတဲ့သတင်းဓါတ်ပုံနဲ့ သတင်းအတိုကို ဧပြီ ၃၀ မှာ စစ်တပ်ထုတ်ပြန်ခဲ့​ပေမယ့် အချိန်ကာလမပါသလို ပြည်သူအများစုက ပုံအစစ် ဟုတ် ၊မဟုတ် ​ဝေခွဲမရခဲ့ကြပါဘူး။

စစ်တပ်အာဏာသိမ်းပြီး ​ဒေါ်​အောင်ဆန်းစုကြည်သတင်းကို အ​မှောင်ချထားပြီး သားဖြစ်သူကိုပါ ​​ဆက်သွယ်ခွင့်မ​ပေးသလို ​​ရှေ့​နေ​တွေကိုပါဆက်သွယ်ခွင့်မရ​တော့လို့ ​ဒေါ်​အောင်ဆန်းစုကြည် အသက်ရှင်လျက် ရှိ​​သေးရဲ့လားလို့ နိုင်ငံတကာကပါ ပူပန်စွာ​မေးခွန်းထုတ်​လာမှ စစ်တပ်က ​ဒေါ်​အောင်ဆန်းစုကြည်ကို ICRC က မြန်မာနိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်နဲ့​တွေ့ဆုံ​ကြောင်းသြဂုတ် ၃ ရက်မနက်မှာထုတ်ပြန်လာတာဖြစ်ပါတယ်။

အဖြူ​ရောင်​​ပေါ်မှာ ပန်းပွင့်ပုံ အီကျီလက်ရှည် ၊အနက်​ရောင်ထဘီ ဝတ်ဆင်ထားတဲ့ ​ဒေါ်​အောင်ဆန်းစုကြည်ဟာ ICRC အရာရှိနဲ့​တွေ့ဆုံချိန်မှာ ဦး​ခေါင်းမှာပန်းပန်ထားတာမ​တွေ့ရပါဘူး။စစ်တပ်က ဖမ်း​ဆီး​ထောင်ချထားတာ ၅ နှစ်ခွဲ​ကျော်ခံထားရဲ့ ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ဆံပင်​တွေဟာ သိသိသာသာ ဖြူလာတာကို​တွေ့ရပါတယ်။ဒါ​ပေမယ့် စစ်တပ်က ​တွေ့ဆုံတဲ့ သတင်းဓါတ်ပုံကို ကြည်ကြည်လင်လင်​ဖော်ပြမထားပဲ ပုံအရည်အ​သွေးမ​ကောင်းပဲ ဝါး​နေတဲ့ ဓါတ်ပုံကိုသာထုတ်ပြန်တာဖြစ်ပါတယ် ။

ဒါ​ကြောင့် ​ဒေါ်​အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိ​နေ​သေး​ကြောင်း ခိုင်မာတဲ့ အ​ထောက်အထားကို စစ်တပ်က အာဏာသိမ်းပြီး ငါးနှစ်ခွဲကြာမှ ထုတ်ပြန်တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ICRC က မြန်မာနိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်Mr. Arnaude de Baqque က လာ​ရောက်​တွေ့ဆုံခဲ့တယ်လို့သာ အကျဥ်း​ဖော်ပြပြီး ​တွေ့ဆုံမှုအ​သေးစိပ်ကို​တော့ မ​​ဖော်ပြထားပါဘူး။

စစ်တပ်က အခုလိုထုတ်ပြန်ချိန်ဟာ အာဆီယံအပါအဝင် နိုင်ငံတကာက ​ဒေါ်​အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံ​ရေးအကျဥ်းသမား​တွေကို ပြန်လွှတ်​ပေးဖို့ ဖိအား​ပေး​တောင်းဆိုချိန် ၊ အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင် ထိုင်းနိုင်ငံကို သြဂုတ် ၆၊ ၇ မသွားခင် ၃ ရက်အလိုမှာထုတ်ပြန်တာဖြစ်ပါတယ် ။

ICRC က​တော့ ​ဒေါ်​အောင်ဆန်းစုကြည်နဲ့​တွေ့ဆုံတဲ့သတင်းနဲ့ ပတ်သက်ပြီး အခုချိန်ထိ သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာ​တွေက​​နေထုတ်ပြန်တာမရှိ​သေးပါဘူး။ ဒါ​ကြောင့် ICRC အ​နေ့နဲ့သတင်းထုတ်ပြန်​ပေးဖို့ မင်းသား​ဒေါင်းနဲ့ နိုင်ငံ​ရေးတက်ကြွသူအချို့က ​လူမှုကွန်ယက်မှာ​တောင်းဆို​​နေကြပါတယ်။

ဒါ့အပြင် စစ်​ကောင်စီ သတင်းရင်းမြစ်အချို့က ​ဒေါ်​အောင်ဆန်းစုကြည်နဲ့ ICRC အရာရှိ​တွေ့ဆုံတာဟာ ဇူလိုင် လကုန်ပိုင်းဖြစ်ပြီး စစ်တပ်က သြဂုတ် ၃ ရက်မှ ​တွေ့သလိုသတင်းထုတ်ပြန်တာဖြစ်တယ်လို့​ပြောပါတယ်။ ဒါ​ပေမယ့် လူထု​နွေဦးအ​နေနဲ့ ​တွေ့ဆုံတဲ့ရက်ကိုသီးခြားအတည်မပြုနိုင်ပါဘူး။ICRC က မြန်မာနိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်Mr. Arnaude de Baqque ဟာ ဇူလိုင် ၃၀ ရက်က​နေပြည်​တော်ရှိ စစ်တပ်ခန့် နိုင်ငံခြား​ရေးဝန်ကြီး ဦးတင်မောင်ဆွေ နဲ့ ​တွေ့ဆုံ​ဆွေး​နွေးခဲ့ပါ​​တယ် ။ တွေ့ဆုံစဉ် မြန်မာနိုင်ငံထဲမှာ ICRC က ဆောင်ရွက်​နေတဲ့လုပ်ငန်း​တွေနဲ့ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးနဲ့ပတ်သက်ပြီး ​ဆွေး​နွေးခဲ့တယ်လို့ စစ်​ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ကလည်းဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ကိုစစ်တပ်ကတွေ့ဆုံခွင့်ပေးခြင်းဟာ ပြည်တွင်းပြည်ပနှင့် အာဆီယံ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း ​တွေရဲ့စုပေါင်းဖိအားပေးမှုကြောင့် ရရှိလာသည့် အောင်မြင်မှု တစိတ်တပိုင်းဖြစ်​ကြောင်း၊ဒါ ​ပေမယ့် စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူမှ တရားဝင်ရွေးချယ်တင်မြောက်ထားတဲ့ နိုင်ငံ့ခေါင်းဆောင်တဦး အနေနဲ့ အသိအမှတ်ပြုခြင်းမဟုတ်ဘဲICRC ကိုသာရွေးချယ်၍ တွေ့ဆုံခွင့်ပေးခြင်းမှာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေတယ်လို့ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာများကို ဖြေရှင်းနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ လွှတ်ပေးရမှာဖြစ်တဲ့အပြင် နိုင်ငံတော်ကို ပြန်လည် ဦးဆောင်ရန် သူမရဲ့အခန်းကဏ္ဍကို တရားဝင်အသိမှတ်ပြုရမယ်လို့တိုက်တွန်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အရေးကြီးအချက်အလက်တွေကို ICRC အနေနဲ့ အများပြည်သူ သိရှိနိုင်ဖို့ ပိုမိုပွင့်လင်းမြင်သာစွာ ထပ်မံထုတ်ပြန်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က တောင်းဆိုပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့ တွေ့ဆုံမှုဟာ မျှော်လင့်ချက်တွေကို ယူဆောင်လာကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ပြောကြားလိုက်ပြီး မိခင်နဲ့စကားပြောခွင့်၊ တွေ့ဆုံခွင့်အပြင် မိခင်နဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးမျှော်လင့်နေကြောင်း အသိပေးပါတယ်။

သတင်း

ငါးနှစ်ကျော်အတွင်း မိခင်နဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ပထမဆုံးတိုးတက်မှုဖြစ်ပြီး မိခင်အပါအဝင်နိုင်ကျဥ်းအားလုံးလွှတ်​ပေးရန် ကင်မ် ဆက်လက်​တောင်းဆို

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။