Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်း ဒေသခံတွေရဲ့ နေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

(စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မြိုင်မြို့နယ် ကျေးရွာတွေက နေအိမ်တွေ။ ဓာတ်ပုံ - အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်)

ဩဂုတ်-၃၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ် နေပြီး လေကြောင်းပစ်ကူတွေလည်း သုံးလာနိုင်တဲ့အတွက် ပတ်ဝန်ကျင်ကျေးရွာတွေ အထူးသတိထားနေကြဖို့ အသိပေးပါတယ်။

“ယာကြီးပြင် မြောင်းပြားတဝိုက်ရောက်နေတယ်။စစ် ကြောင်း ဘယ်ထပ်ရွှေ့မလဲ ဆိုတာ ဆက်လက်စောင့်ကြည့်နေဆဲပါ”လို့ ပခုက္ကူခရိုင် အမှတ်(၆) တပ်ရင်းတာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခု ဩဂုတ် ၁ ရက်က သင်းမကျေးရွာကနေ ပြန်ဆုတ်လာတဲ့စစ်‌တပ်စစ်ကြောင်းဟာ ဘောင့်ဘင်ကျေးရွာကို မီးရှို့ခဲ့ပြီး ဩဂုတ် ၂ရက် မနက်ပိုင်းမှာ ယာကြီးပြင်ကျေးရွာကို၀င်ရောက်ခဲ့တာလို့ ဆိုပါတယ်။

ဇူလိုင် ၁၃ ရက်ကစပြီး စစ်တပ်စစ်ကြောင်းဟာ ကန်နက်ရွာနဲ့အနီးတဝိုက်က နေအိမ် ၃၁လုံး၊ လက်ခုပ်ပင်ရွာက နေအိမ် ၂၉လုံး၊ ညောင်ကုန်း၊ကိုင်းတောမ ထန်းငယ်တောရွာတွေက နေအိမ် ၁၂ လုံး၊သင်းမရွာက နေအိမ် ၄၀ ကျော်နဲ့ ဘောင်ဘင် ရွာက နေအိမ်အလုံး ၉၀ ကျော်ကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

“မနက်ကတည်းက ယာကြီးပြင် အနောက်ခြမ်းကို လက်နက်ကြီးတွေနဲ့ပစ်နေတာရှိတယ်။တိုက်ပွဲကတော့ အရမ်းပြင်းထန်တာမျိုးမဖြစ်သေးဘူး”လို့ မြိုင်မြို့ခံတော်လှန်ရေးရဲဘော် တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက ပေါက်နဲ့ မြိုင်မြို့နယ် ရေပြာရဲစခန်း၊ကုက္ကိုလ်စုနဲ့ သရက်ကန်ပြည်သူ့စစ်ရွာတွေကို တော် လှန်ရေးတပ်တွေသိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က ပခုက္ကူတပ်မ ၁၀၁ ကနေ အင်အား ၆၀၀ ၀န်းကျင်နဲ့ နှစ်လအကြာ တန်ပြန်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

“သေချာတာကတော့ စစ်ကြောင်းဟာ ယာကြီးပြင် လမ်းပိုင်းအတိုင်း ရေနံမြေထဲကို ဝင်ရောက်မယ်လို့ ယူဆရပါတယ်။ စစ်တပ်က စခန်းစွန့်ခဲ့ရတဲ့ စခန်းဟောင်းနေရာတွေကို အရင်ဦးဆုံး ဝင်မယ်လို့ ယူဆပါတယ်။ယခုစစ်ကြောင်းဟာ လပေါင်းများစွာကြာအောင် စစ်ကြောင်းထိုးနေမဲ့ စစ်ကြောင်းဖြစ်မယ်လို့ယူဆပါတယ်။ လက်လွတ်ရတဲ့ စခန်းတွေကို ထိုင်ဖို့လာတဲ့စစ်ကြောင်း မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ စခန်းနေရာတွေရဲ့ ပထီအနေအထားတွေကို မြေပြင်ကွင်းဆင်းကြည့်တဲ့ စစ်ကြောင်း ဖြစ်မယ်လို့ယူဆပါတယ်”လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် တာ၀န်ရှိသူက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ၂လအတွင်း ပေါက်နဲ့မြိုင်နယ်က အရပ်သားပြည်သူ ၂၄ ဦး ကိုရက်စက်စွာ သတ်ဖြတ်ထားပါတယ်။

ဒါ့အပြင် ပေါက်နဲ့ မြိုင်ဒေသအစပ်က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ရေနံတွင်းတွေဆီကို စစ်တပ်စစ်ကြောင်းဦးတည်ချင်တာလို့ စစ်ရေးသတင်းရင်း မြစ်တွေက သုံးသပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ရန်သူ့မကွဲသေးသော ပေါင် ၅၀၀ ဗုံးကို မိုင်းပြန်ဆင်ပြီး ဖောက်ခွဲတိုက်ခိုက်ရာ အများအပြား သေဆုံးထိခိုက်တယ်လို့ ပခုက္ကူခရိုင် အမှတ် - ၆ တပ်ရင်း - Myaing Villages Revolution Front က ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်၊ကမ္ဘာနီကျေးရွာအနီးတိုက်ပွဲမှာ စစ်အင်္ဂါစဉ်ထဲက ဖယ်ထုတ်လို့ရနိုင်တဲ့အထိအမှတ်၂၃၆ ခြေလျင်တပ်ရင်း(ခလရ ၂၃၆)တပ်ရင်း တစ်ရင်းလုံးနီးပါးသေဆုံးပြီး စစ်​ကြောင်းပျက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။