Connect with us

Hi, what are you looking for?

သတင်း

ရှေးဟောင်းမြို့တော်မြောက်ဦးအနီးကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲ‌

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(မြောက်ဦးမြို့ကိုအာရက္ခတပ်တော်သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များအားတွေ့ရစဥ်။ ဓာတ်ပုံ - AA)

ဩဂုတ် ၄၊ ၂၀၂၆။ ခိုင်မြတ်/ People’s Spring

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၄ ရက် ည ၉ နာရီလောက်ကစပြီး ဗုံးကြဲနေတာဖြစ်ပြီး အခုချိန်ထိ လေယာဉ်တွေရှိနေဆဲဖြစ် တယ်လို့ဆိုပါတယ်။

“Y12 က အခုထိ ကြဲနေသေးတယ်။ ဂျက်လေယာဉ်တွေတော့ ပြန်သွားပြီ။ မြို့အနားက တပ် ရင်းဟောင်းနားတွေကို ပတ်ကြဲနေတာပါ” လို့ မြောက်ဦးမြို့ခံတစ်ဦးက ၉ နာရီ မိနစ် ၅၀ ဝန်းကျင်မှာ ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုအခါ ဗုံးအလုံးရေ ၅၀ ဝန်းကျင်ရှိပြီဖြစ်ပြီး ဗုံးကြဲမှုကြောင့် လူထိခိုက်မှုကိုတော့ မသိရသေးပါဘူး။

“အကုန်လုံး ဗုံးကျင်းထဲမှာ ပုန်းနေကြရတယ်။ မင်းပြားဘက်ကနေ တစီးပြီး တစီး ဝင်လာတာ။ ဂျက်ခြောက်စီး လောက်ရှိမယ်၊ တလုံးပြီးတလုံးချတယ်။ နောက်က Y12 ရောက်လာပြီး ချနေတယ်” လို့ မြောက်ဦးမြို့မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ မြန်မာနိုင်ငံအနှံ့မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့ပြည်သူတွေ နေထိုင်ရာ လူနေရပ်ကွက်၊ စာသင် ကျောင်းတွေ၊ စျေးတွေ၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ဘာသာရေးအဆောက်အဦးတွေကို တိုက်လေယာဉ်အုပ်လိုက်နဲ့ နေ့စဉ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ကာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေဆဲဖြစ် တယ်လို့လည်း AA က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေနဲ့ နေ အိမ်အဆောက်အဦးတွေပျက်စီးမှုဟာလည်း နေ့စဉ်နဲ့အမျှ မြင့်တက်နေတယ်လို့ AA ကဆိုပါတယ်။

အဲဒီလိုအရပ်သားတွေ ဦးတည်ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ စစ်ပွဲအတွင်း လိုက်နာရမယ့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်မှုဆိုင်ရာဥပဒေနဲ့ စစ်ရာဇဝတ်မှုတွေကို ချိုးဖောက်ကျူးလွန်ရာရောက်တယ်လို့ ဒေသခံ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောထားပါတယ်။

ရခိုင်ပြည်နယ်မှာ အခုနောက်ပိုင်း ဂျက်တိုက်လေယာဉ် ၃စီး(သုံးစီးအထက်)နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်း သုံးပြီးလေကြောင်းတိုက်ခိုက်မှုတွေအရင်ကထက် ထက်ပြင်းပြင်းထန်ထန်လုပ်လာတာကြောင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ AA က အသိပေးထားပါတယ်။

မြောက်ဦးမြို့ကို AAက ၂၀၂၄ ဖေဖော်ဝါရီ ၂၈ရက်မှာ အပြီးသတ်တိုက်ခိုက်သိမ်းယူခဲတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။