Connect with us

Hi, what are you looking for?

သတင်း

သင့်တော်တဲ့ ပုံစံမျိုးတွေနဲ့ မြန်မာကို ထိတွေ့ဆက်ဆံမှုတွေ ပြန်စသင့်ပြီလို့ ထိုင်းဝန်ကြီးချုပ်ဆို

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

(ထိုင်းဝန်ကြီးချုပ် အနူတင်ကို အင်ဒိုနီးရှားနိုင်ငံ၊ဂျကာတာမြို့တော်မှာရှိတဲ့အာဆီယံဌာနချုပ်မှာစကား​ပြောကြားစဥ်။ ဓါတ်ပုံ-အာဆီယံ)

သြဂုတ်-၅၊၂၀၂၆။People’s Spring

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

ဩဂုတ် ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ ဘန်ကောက်မြို့တော်ဆီ အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက် လည်ပတ်မယ့် ခရီးစဉ် မတိုင်ခင်မှာ ချန်ဝီယာကူက အခုလို သဘောထားမှတ်ချက် ပေးလာခဲ့တာ ဖြစ်ပါတယ်။

ဩဂုတ် လ၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာရှိတဲ့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ဌာနချုပ်မှာ အာဆီယံ အထွေထွေအတွင်းရေးမှူး ခေါင်ကင်မ်ဟွန်နဲ့ တွေ့ဆုံချိန်မှာ အနူတင်က မြန်မာနဲ့ပြန်လည်ထိတွေ့ ဆက်ဆံရေးအတွက် တိုက်တွန်းခဲ့တာပါ။အဲဒီမတိုင်ခင်တစ်ရက်မှာ အနူတင်ဟာအင်ဒိုနီးရှားသမ္မတပရာဘိုဝိုဆူဘီယန်တိုနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွေကို ကူညီဖြေရှင်းဖို့ အာဆီယံက ညှိနှိုင်း သဘောတူထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အာဏာသိမ်း စစ်တပ်က လက်တွေ့ အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့နောက် အာဆီယံဟာ ထိပ်သီး အစည်းအဝေးတွေမှာ မြန်မာ့ နိုင်ငံရေး ကိုယ်စားလှယ် တက်ရောက်ခွင့်ကို တားမြစ်ထားပါတယ်။

အနူတင်ရဲ့ထိုင်းအစိုးရဟာမြန်မာနဲ့ အာဆီယံကြားပြန်လည်ထိတွေ့ဆက်ဆံရေးကို အစဉ်တစိုက် အားပေး ထောက်ခံနေခဲ့သလို ပြီးခဲ့တဲ့ လကလည်းစစ်တပ်ကခန့်အပ်တဲ့မြန်မာ့နိုင်ငံခြားရေး ဝန်ကြီးကို အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ အလွတ်သဘော တွေ့ဆုံနိုင်အောင် ညှိနှိုင်းပေးခဲ့ပါတယ်။

သင့်တော်အောင် ချိန်ညှိထားတဲ့ နည်းလမ်းတွေနဲ့ မြန်မာကို ပြန်လည် ထိတွေ့ ဆက်ဆံတဲ့ ချဉ်းကပ်ပုံကိုထိုင်းကအားပေးထောက်ခံကြောင်း၊ ဆွေးနွေးမှု လမ်းကြောင်းတွေကို ဆက်လက်ဖွင့်လှစ်ထားပြီးမြေပြင် အခြေအနေတွေနဲ့ လိုက်လျောညီထွေ ရှိအောင် ညှိနှိုင်းရင်း တိုးတက်မှုတွေ ရယူနိုင်ဖို့ မျှော်လင့်ကြောင်းအနူတင်ကဆိုပါတယ်။

ဩဂုတ် ၃ ရက်မှာတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီဟာ စစ်တပ်ရဲ့ ဖမ်းဆီးအကျဉ်းချမှု ခံထားရသူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။အနူတင်ကတော့ဒီလို အပြောင်းအလဲမျိုးဟာ ထိုင်းနိုင်ငံက တစိုက်မတ်မတ်တောင်းဆိုလာခဲ့တဲ့ကိစ္စဖြစ်ပြီး မှန်ကန်တဲ့ အရွေ့တစ်ခုဆီ ဦးတည်နေတယ်ဆိုတာ ညွှန်ပြနေကြောင်း အနုတင်ကဆိုပါတယ်။သူကဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး ကောင်းမွန်နေပုံ ပေါ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ စစ်တပ်အုပ်စိုးနေတဲ့မြန်မာကိုအာဆီယံက ပြန်လည် ထိတွေ့ဆက်ဆံတာဟာ အာဏာလုထားတဲ့ အုပ်စိုးသူတွေကို တရားဝင် အသိအမှတ်ပြုလိုက်တဲ့ အဓိပ္ပါယ်မျိုး ဖြစ်သွားနိုင်ကြောင်း ထောက်ပြ သတိပေးထားကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ၂၀၂၆ ဇူလိုင်လအထိ နိုင်ငံတစ်ဝန်းသေဆုံးသူ​ပေါင်းတစ်သိန်း​ကျော်ခဲ့ပြီဖြစ်​ကြောင်း ကမ္ဘာတစ်ဝန်း ပဋိပက္ခ​တွေကို​စောင့်ကြည့်​မှတ်တမ်းတင်နေတဲ့ ACLED က​ဖော်ပြပါတယ်။ အဲဒီထဲမှာ စစ်သား​တွေ၊ရဲ​တွေ ၊ပျူ​စောထီး​တွေ ၊ပြည်သူ​တွေ ၊​တော်လှန်​ရေးရဲ​​ဘော်​တွေ အားလုံးပါဝင်ပါတယ်။

ဗြိတိန်နိုင်ငံအခြေစိုက်ရိုဟင်ဂျာအသင်း (BROUK)က​တော့ အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ အလည်အပတ် ခရီးစဉ်အတွင်း ဖမ်းဆီးပြီး တရားခံအဖြစ် လွှဲပြောင်းယူနိုင်ရေး ကြိုးစားပေးဖို့ အာဂျင်တီးနား တရားရေးဌာနကို တိုက်တွန်း တောင်းဆိုထားပါတယ်။

BROUKဟာ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် (universal jurisdiction)ကို အသုံးပြုပြီး မင်းအောင်လှိုင်ကို ၂၀၁၉ ခုနှစ်တုန်းက အာဂျင်တီးနားမှာ တရားစွဲဆိုခဲ့ပါတယ်။ မနှစ်က ဖေဖော်ဝါရီလမှာတော့ မင်းအောင်လှိုင်နဲ့ တခြား မြန်မာစစ်ခေါင်းဆောင် တချို့ကို အာဂျင်တီးနား တရားရုံးက နိုင်ငံတကာ ဖမ်းဝရမ်းတွေ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ စွပ်စွဲချက်ကတော့ ရိုဟင်ဂျာ မျိုးနွယ်စုတွေကို လူမျိုးသုဉ်း သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှုတွေအတွက် ဖြစ်ပါတယ်။

ကိုးကား-Reuters

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းမှာကိုယ်ပိုင်သင်္ချိုင်းနေရာရချင်နေတဲ့နိုင်ငံခြားသားတွေကိုယ့်နိုင်ငံကိုယ်ပြန်သေကြလို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။