Connect with us

Hi, what are you looking for?

သတင်း

ရေကြည်နဲ့ သာပေါင်းမြို့နယ်တိုက်ပွဲ စစ်တပ်အထိနာပြီးတပ်ဆုတ်သွား၊စစ်သားအလောင်းနဲ့လက်နက်ခဲယမ်းများရဟု AA ထုတ်ပြန်

ရက္ခိုင်-ဧရာဝတီအစပ် တိုက်ပွဲ​နေ့စဥ်ဖြစ်

(ရေကြည်နဲ့ သာပေါင်းမြို့နယ်တိုက်ပွဲတွေအတွင်း AA သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - AA)

ဩဂုတ်-၅၊၂၀၂၆။ထားမြတ်/People’s Spring

ရက္ခိုင်-ဧရာ၀တီတိုင်းအစပ် ရေကြည်မြို့နယ်အတွင်း တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ် အထိနာခဲ့ပြီး တပ်ပျက်၊ တပ်ပြန်ဆုတ်သွားကြောင်း အာရက္ခတပ်တော်(AA)က ဒီကနေ့ဩဂုတ် ၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေနေ့တိုင်းနီးပါးရှိနေတဲ့ ဧရာ၀တီ-ရက္ခိုင်အစပ် ဒေသတွေကို ပုသိမ်မြို့ နတခ စစ်တိုင်းကနေ ထပ်မံအင်အားဖြည့်တင်းထားပြီး အာရက္ခပြည်၊ ဂွမြို့ကိုဝင်ရောက်နိုင်ဖို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်တွေနဲ့ ဩဂုတ်လဆန်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့တယ်လို့ ​​ဖော်ပြထားပါတယ်။

ဩဂုတ်၂ရက်က ရေကြည်မြို့နယ် ရုံးပင်ရွာ နဲ့ မိုင်အနည်းငယ်အကွာမှာ တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ကြောင်း ဖော်ပြပါတယ်။ စစ်တပ်ရဲ့ တပ်မ (၆၆) လက်အောက်ခံ ခလရ (၁)၊ ခလရ (၁၁) တပ်ရင်းတွေနဲ့ AA တို့အကြား တိုက်ပွဲမှာ စစ်တပ်က အထိနာခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရုံးပင်ရွာအနီး တိုက်ပွဲ ၂နေရာဖြစ်ခဲ့ရာ ပထမတိုက်ပွဲဟာ ဩဂုတ် ၂ရက် နေ့လည် ၁၂နာရီခန့်မှ စတင်ခဲ့ပြီး ၂နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ စစ်တပ် အထိအခိုက်အကျအဆုံးများနဲ့ တပ်ပြန်ဆုတ်သွားပြီး ရန်သူ့အလောင်းနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း ဖော်ပြထားပါတယ်။

ညနေပိုင်းမှာ ဒုတိယအကြိမ် တိုက်ပွဲဆက်ဖြစ်ခဲ့ရာ ၁နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်တပ်ကထိခိုက်​သေဆုံးသူများပြီးတပ်ပျက်ကာကစဥ့်ကလျားဖြင့် ဆုတ်ခွာထွက်​ပြေးသွာတယ်လို့ AAကထုတ်ပြန်ပါတယ်။စစ်သား ရုပ်အလောင်းအချို့ လက်နက်ခဲယမ်းအချို့ထပ်မံသိမ်းရခဲ့ဟုအသိပေးပါတယ်။

စစ်တပ်ဟာဒရုန်းနဲ့ မြေပြင်ပစ်ကူအများအပြားသုံးပြီး ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့တာကို အကောင်းဆုံးခုခံစစ် တန်ပြန်ထိုးစစ်တွေနဲ့တိုက်ခိုက်နိုင်ခဲ့ရာ စစ်တပ် တပ်ပျက်ကာ ကစဉ့်ကလျား ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

ဩဂုတ် ၁ရက်ကလည်း ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာအနီး တိုက်ပွဲဟာလည်း ၂နာရီ နီးပါး ကြာမြင့်ခဲ့ပြီးတိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဖော်ပြပါတယ်။ အဲဒီ တိုက်ပွဲမှာလည်း စစ်တပ်ထံက လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့တယ်လို့ AAက ထုတ်ပြန်ပါတယ်။

AAနဲ့ စစ်တပ်အကြား တိုက်ပွဲဖြစ်နေတဲ့ နေရာများမှ ရက္ခိုင်-ဧရာ၀တီတိုင်းအစပ် တိုက်ပွဲတွေဟာ အချို့နေ့တွေမှာ ပြင်းထန်ခဲ့ပြီး ဇူလိုင်လမှာ နှစ်ဖက် ထိုးစစ်၊ ခံစစ်တွေဟာ အနိမ့်အမြင့်ရှိခဲ့တယ်လို့လည်း အသိပေးပါတယ်။ ဒါပေမဲ့ တိုက်ပွဲ မဖြစ်တဲ့နေ့ မရှိသ​လောက်ဖြစ်ခဲ့ပြီး တိုက်ပွဲကြီးငယ် နေ့စဉ်နီးပါး ရှိနေတယ်လို့ ဆိုပါတယ်။

မြေပြင်တိုက်ပွဲမရှိရင်တောင်စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ နေ့တိုင်းနီးပါးရှိတယ်လို့ AAက ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာမကွေးတိုင်း၊ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်း အပါအဝင် ချင်းပြည် တောင်ပိုင်း အစရှိသော အာရက္ခဒေသနဲ့ နယ်မြေထိစပ်လျက်ရှိနေတဲ့နေရာတွေကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတဲ့ နည်းတူ အာရက္ခတပ်တော်ထိန်းချုပ်ထားသော မြို့များထဲမှ ကျောက်တော်၊ မြောက်ဦး၊ သံတွဲ၊ ဂွ၊ ကျိန္တလီ၊ ဝီရဌာနီ(ပေါက်တော)နဲ့ ပုဏ္ဏားကျွန်း-စစ်တွေမြို့ အစပ်နေရာများ၊အရပ်သားပြည်သူများရှိရာ မြို့ ၊ ရွာ၊ ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိကအဆောက်အအုံများအား လေကြောင်းမှ အုပ်စုလိုက်နေ့ည၊ အချိန်မရွေး ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေကြောင်း AAက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ပင်လယ်ပြင်မှာ တပ်စွဲထားတဲ့ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများနဲ့ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဖော်ပြပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ အထိအခိုက် အကျအဆုံးများပြီးအသာစီးမရတာကြောင့် စစ်တပ်က သူ့ရဲ့အားသာချက်ဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှုများကိုသာ အရှိန်မြှင့် အားပြုတိုက်ခိုက်နေတာကို မြန်မာနိုင်ငံအနှံ့ မှာလည်း ပြုလုပ်လျက်ရှိတယ်လို့ AAက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။