Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင် ဘန်ကောက်ရောက်နေချိန် ဆန္ဒပြခံရ

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ ၊ဘန်ကောက်မြို့လာရောက်တဲ့အပေါ် ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒပြပွဲကို မြန်မာလုပ်သားအရေးဆောင်ရွက်နေတဲ့ Bright Future အဖွဲ့က ဒီကနေ့ နေ့လည်ပိုင်းမှာ ဘန်ကောက်မြို့က ကုလသမဂ္ဂ (UN)ရုံးရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ဓါတ်ပုံ-The Reporters

ဩဂုတ် ၆၊၂၀၂၆။DEE/People’s Spring

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ ၊ဘန်ကောက်မြို့လာရောက်တဲ့အပေါ် ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒပြပွဲကို မြန်မာလုပ်သားအရေးဆောင်ရွက်နေတဲ့ Bright Future အဖွဲ့က ဒီကနေ့ နေ့လည်ပိုင်းမှာ ဘန်ကောက်မြို့က ကုလသမဂ္ဂ (UN)ရုံးရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

အာဏာသိမ်ယခေါင်းဆောင် မင်းအောင်လှိုင် ရဲ့ ၂ ရက်ကြာထိုင်းနိုင်ငံခရီးစဥ်ဟာ ဒီက​နေ့စတင်ပြီး ဘန်ကောက်မြို့ကို ရောက်ရှိ​နေပါတယ်။မင်းအောင်လှိုင်လာရောက်နေချိန် စစ်ကောင်စီ သံရုံးရှေ့မှာ ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို ထိုင်းရဲတပ်ဖွဲ့က ခွင့်မပြုဘဲ ကုလ

သမဂ္ဂ( UN) ရုံးရှေ့မှသာခွင့်ပြုပေးထားတယ်လို့ စုံစမ်းသိရပါတယ်။ Bright Future အဖွဲ့ဟာစစ်ခေါင်းဆောင်မင်းအောင်ကို ကန့်ကွက်

Public Service Announcement

Public Service Announcement

ရှုတ်ချတဲ့ ဆန္ဒပြပွဲတွေ ထိုင်းမှာမကြာခဏပြုလုပ်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ဆန္ဒပြသူ​တွေက ​သွေးသစ္စာ ၊ကမ္ဘာမ​ကျေဘူး ၊​​ရောင်နီ သီးချင်း​တွေကို ​ဆောင်း​ဘောက်စ်နဲ့ဖွင့်ရင်းသီဆိုခဲ့ပြီး မင်း​​​အောင်လှိုင်ကို​ဟစ်တလာလို ၊​ခွေးလို ပုံ​ဖော်ထားတဲ့ ပုံ​ပေါ်မှာ “မင်း​အောင်လှိုင်ကြီးကျရှုံး​ရေး ” ၊ “ပြည်သူ​တွေကို ချနင်း​နေတာ” စတဲ့စာတမ်း​တွေ​ရေးသားဆန္ဒပြတာကို​တွေ့ရပါတယ် ။

ဒါ့အပြင် ထိုင်းနိုင်ငံက တက်ကြွလှုပ်ရှားသူအချို့ကလည်း “မအလ မင်းလို ရာဇဝတ်​ကောင်ကို ငါတို့မကြိုဆိုပါ ” လို့​ရေးထားတဲ့ စာတမ်းကို UN ရုံး​ရှေ့မှာကိုင်​ဆောင်ဆန္ဒပြခဲ့ကြပါတယ် ။

“မင်း​​အောင်လှိုင် ကျရှုံး​ရေးဒို့အ​ရေး” ၊ “စစ်​ခေါင်း​ဆောင်​တွေကျရှုံး​ရေး ဒို့အ​ရေး” ၊

“ပြည်သူ​တွေ​ပေးတဲ့ကျိန်စာ စူးပါ​စေ စူးပါ​စေ”၊ “ပြည်တွင်းစစ်မှာ​လေယာဥ်သုံးတာမရှက်ဘူးလား” ၊ “လူစဥ်မမီတဲ့သမ္မတ အလိုမရှိ” ၊ “ပြည်သူ့အာဏာ ပြည်သူ့ပြန်​ပေး” ၊

“တရား​သောစစ်​အောင်ပါ​စေ ” ၊ “ဖက်ဒရယ် ဒီမိုက​ရေစီရရှိ​ရေး ဒို့အ​ရေး ” ၊ “ဒို့ပြည်သူ​တွေညီရဲ့လား​​ဟေ့ ညီတယ်​ဟေ ” ၊”ဒို့လုပ်သား​တွေ ညီရဲ့လား​ဟေ ညီတယ်​ဟေ” စတဲ့​ကြွေး​ကြော်သံ​တွေ ​ကြွေး​ကြော်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲလုပ်​နေစဥ် အသက်ကြီးပိုင်းထိုင်းအမျိုးသားတစ်ဦးက လာ​ရောက်​နှောက်ယှက်ခဲ့​ပေမယ့် အရပ်ဝတ်နဲ့ ထိုင်းရဲ​တွေက သူ့ကိုတားဆီးပြီး​ခေါ်သွားတာ​တွေ့ရပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ မင်းအောင်လှိုင် မလာမီတစ်ရက်အလို ဩဂုတ် ၅ရက်နေ့ကစပြီး အာဏာ

သိမ်း​​ခေါင်း​ဆောင်ကို ကန့်ကွက်ဆန္ဒပြလေ့ရှိတဲ့ ထိုင်းနိုင်ငံအတွင်းက တက်ကြွလှုပ်ရှားသူတွေကို အပြင်ထွက်ခွင့် တားဆီး ပြီး စောင့်ကြည့်နေတယ်လို့ မဟာချိုင်ဒေသ AAC မဟာမိတ်အဖွဲ့ တည်ထောင်သူ ဦးခိုင်ကြီးက ပြောပါတယ်။

“မနေ့တည်းက ထိုင်းထောက်လှမ်းရေးတွေလာပြီး၂နာရီခြားလောက်တစ်ခါအတူ ဓာတ်ပုံရိုက်ခံနေရတာ။အပြင်လည်းထွက်မရဘူး။ ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ။ဆန္ဒပြကြမှာလည်း မေးနေတာ”လို့ ဦးခိုင်ကြီးက ပြောပါတယ်။

ဒါ့အပြင် ထိုင်းရဲတပ်ဖွဲ့ဟာ ဩဂုတ် ၅ရက်ကစပြီး ဘန်ကောက်မြို့က အာဏာသိမ်းစစ်

တပ်ရဲ့သံရုံးကို လုံခြုံရေးတိုးချထားပြီး ဆန္ဒပြမှုမဖြစ်အောင် တားဆီးပိတ်ပင်ထားတယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဘန်ကောက်မြို့ကို မြန်မာ-ထိုင်းနယ်စပ်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက်ခြမ်းမှာ ဒီကနေ့ ဩဂုတ် ၆ရက် မနက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က လေယာဉ်နဲ့ ၂ကြိမ် ဗုံးကြဲသွားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

“ရဲကုန်းအကျော်က ဒေသအခေါ် လေးဒေးနေရာမှာ တိုက်ပွဲဖြစ်နေတာ။ တိုက်ပွဲကတော့ မဖြစ်တဲ့နေ့ မရှိသလောက် ကြမ်းနေတာ။မင်းအောင်လှိုင် ဘန်ကောက်ရောက်နေလည်း တိုက်ပွဲက ဖြစ်နေတာပဲ”လို့ ၎င်းက ပြောပါတယ်။

ရုပ်သံ – The Reporters

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးတင်းကြပ်တဲ့ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စိန့်လူးဝစ် (Saint Louis) BTS မှတ်တိုင်အနီး၊ မြန်မာသံရုံးရှေ့ လူကူးကုန်းတံတားပေါ်မှာ “Myanmar is bleeding. No handshakes with a brutal dictator”လို့​ရေးထားတဲ့ စာတန်းပါဘန်နာကို ရန်ကုန်လူထုသပိတ်နှင့်Burmese Exile Movement (BEM)တို့မှ ပူးပေါင်း...

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြိုဆိုခဲ့တဲ့ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)ထဲ ဝင်ရောက်ဖို့ အားထုတ်မှုတွေကို ထိခိုက်လာစေနိုင်ကြောင်းထိုင်းရဲ့အဓိကအတိုက်အခံ နိုင်ငံရေး ပါတီက သတိပေးလိုက်ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နဲ့ သူ့ကို ဖိတ်ကြားခဲ့သူ ထိုင်းဝန်ကြီးချုပ်အနူတင် ချန်ဝီယာကူကို ထိုင်းအရပ်ဖက်အဖွဲ့အစည်းတွေက ယ​နေ့ည​နေပိုင်းမှာဘန်ကောက်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။