Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်ရဲ့ခရီးစဉ်ကိုထိုင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ ဆန္ဒပြ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတောအတွင်း ထင်ရှားတဲ့သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ဘန်ကောက်မြို့၊ ကုလသမဂ္ဂ (UN)ရုံးရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။

(ထင်ရှားတဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူ ဖိန်ပေါင်ဒီးတက်စ် က UN ရုံး​ရှေ့မှာဆန္ဒပြ​နေစဥ် ။ဓါတ်ပုံ-AFP )

“မအလ မင်းလို ရာဇဝတ်ကောင်ကိုငါတို့မကြိုဆိုပါ”

— ထိုင်းတက်ကြွလှုပ်ရှားသူ ဖိန်​ပေါင်ဒီးတက်စ်

သြဂုတ် ၆၊၂၀၂၆။People’s Spring

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတောအတွင်း ထင်ရှားတဲ့သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ဘန်ကောက်မြို့၊ ကုလသမဂ္ဂ (UN)ရုံးရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။

ဩဂုတ်လ ၆ ရက်နေ့မှာ ဖိန်ပေါင်ဒီးတက်စ်က ‘မအလ မင်းလို ရာဇဝတ်ကောင်ကို ငါတို့ မကြိုဆိုပါ’လို့ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ရေးထားတဲ့ စာတန်းကို ကိုင်ဆောင် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

သူရော၊ တခြား တက်ကြွလှုပ်ရှားသူတွေကပါ ရာဇဝတ်ကောင်တွေ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတာကို လက်မခံနိုင်ဘူးလို့ ပြောပါတယ်။ ချင်းရိုင်ပြည်နယ်မှာ မွေးဖွားခဲ့သူ ဖိန်ပေါင်က သူဟာ မြန်မာနိုင်ငံဖက်ခြမ်းက မြေရှားသတ္တု တူးဖော်မှုတွေကြောင့် ထိုင်းပိုင်နက်ထဲ စီးဆင်းလာတဲ့ မြစ်ရေတွေ ညစ်နွမ်း အဆိပ်သင့်တဲ့ဒဏ်ကို ကိုယ်တိုင် ကြုံတွေ့ ခံစားဖူးကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

မဲခေါင်၊ နမ့်ဆိုင်၊ နမ်ခုတ်၊ သံလွင်စတဲ့ မြစ်ခြောက်စင်းထက် မနည်းဟာ ထိုင်းနိုင်ငံ ပိုင်နက်ထဲ စီးဆင်းချိန်မှာ မြန်မာဖက်က သတ္တုတူးဖော်မှုတွေက စွန့်ပစ်လိုက်တဲ့ အဆိပ်သင့် ညစ်ညမ်းမှုတွေ ရောပါလာတာမျိုး ရှိနေတယ်လို့လည်း ဖိန်ပေါင်က ဆိုပါတယ်။

မြန်မာ အာဏာပိုင်တွေဟာ မြစ်ကမ်းတွေ နံဘေးမှာ သတ္တုတူးဖော်မှုတွေကနေ အကျိုးအမြတ်တွေ ရရှိနေပေမယ့် ထိုင်းပြည်သူတွေကတော့ မြစ်ရေညစ်ညမ်းတဲ့ဓာတ်ကို ဆိုးဆိုးရွားရွား ကြုံတွေ့ ခံစားနေရကြောင်းလည်း သူက မှတ်ချက်ပေးခဲ့ပါတယ်။

မြန်မာဖက်ခြမ်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့ ထိန်းချုပ်ထားရာ နယ်မြေတွေမှာ အဲဒီလို သတ္တုတူးဖော်နေတာတွေကို မင်းအောင်လှိုင်က မသိစရာ အကြောင်းမရှိဘူးလို့လည်း ဖိန်ပေါင်က ပြောပါတယ်။

သူက အခုလို တာဝန်မဲ့တဲ့ မင်းအောင်လှိုင်ကို ထိတွေ့ဆက်ဆံပြီး ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေတဲ့ ထိုင်းအစိုးရကိုလည်း ဝေဖန်ခဲ့ပါတယ်။ ဖိန်ပေါင်က မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံရဲ့ မြစ်တွေကို ဖျက်ဆီးနေတဲ့ ဒုစရိုက်သမားဖြစ်ပြီး သူ့ကြောင့် ထိုင်းပြည်သူ သန်းပေါင်းများစွာဟာ ညစ်ညမ်းတဲ့ ရေအရင်းအမြစ်ကို မှီခိုရတဲ့ အခြေအနေ ဖြစ်နေပြီလို့ ပြောပါတယ်။

မင်းအောင်လှိုင် အပါအဝင် မြန်မာ အာဏာပိုင်တွေနဲ့ ဆွေးနွေးတာတွေ၊ သဘောတူ စာချုပ် ချုပ်ဆိုတာတွေ ဘာတစ်ခုမှ မလုပ်ခင်မှာ လက်တွေ့ ဘေးသင့်နေတဲ့ ဧရိယာတွေကို ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူကိုယ်တိုင် သွားရောက် စစ်ဆေး ကြည့်ရှုဖို့ သူ့အနေနဲ့ မျှော်လင့်မိပေမယ့် လက်တွေ့ ဖြစ်မလာခဲ့ဘူးလို့လည်း ဖိန်ပေါင်က ပြောကြားသွားပါတယ်။

ထိုင်းနိုင်ငံရဲ့ မြစ်ခြောက်စင်းထက် မနည်းကို ဖျက်ဆီးပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေကို နစ်နာစေခဲ့တဲ့ မင်းအောင်လှိုင်ကို တကူးတက ကြိုဆိုနေတဲ့ ကိစ္စအပေါ် ထိုင်းနိုင်ငံသား တစ်ဦးအနေနဲ့ သူဘယ်လိုမှ လက်မခံနိုင်ဘူးလို့ ဖိန်ပေါင်က ဆိုပါတယ်။ နောက်ပြီး ထိုင်းဝန်ကြီးချုပ် အနေနဲ့ နိုင်ငံရဲ့ မြစ်တွေကို သေချာ ထိန်းသိမ်း စောင့်ရှောက်ပေးပြီး ပြည်သူအားလုံး ပျော်ရွှင် ဘေးကင်းတဲ့ ပတ်ဝန်းကျင်မျိုးမှာ နေထိုင်နိုင်အောင် ကူညီဖန်တီးပေးဖို့ သူမျှော်လင့်ခဲ့ပေမယ့်လည်း လက်တွေ့ ဖြစ်မလာကြောင်း ဖိန်ပေါင်က ဝေဖန် ပြောကြားသွားပါတယ်။

ကိုးကား: The Reporters

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။