Connect with us

Hi, what are you looking for?

သတင်း

ရှစ်လေးလုံး အရေးတော်ပုံအကြိုလှုပ်ရှားမှုတွေ စစ်ကိုင်းတိုင်းမှာ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။

သြဂုတ် ၆၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ သပိတ်အင်အားစုက ဦး​ဆောင်ပြီး လာမယ့် ဩဂုတ် ၈ ရက်မှာ ကျရောက်မယ့် ရှစ်လေးလုံးအရေးတော်ပုံနေ့မှာ လူထုလှုပ်ရှားမှုတွေ ပါဝင်ဆင်နွှဲကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန် သပိတ်စစ်ကြောင်းဟာ (၃၈) နှစ်ပြည့် ရှစ်လေးလုံး အရေးတော်ပုံ အခမ်းအနားကို ကဗျာရွတ်ပွဲနဲ့ ရှစ်လေးလုံးအရေးတော်ပုံ သမိုင်းဝင် မှတ်တမ်းဓာတ်ပုံများပြသခြင်းတွေ ပြုလုပ်ခဲ့ပါတယ်

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မှာလည်း သပိတ်အင်အားစုက ဒေသတွင်း တော်လှန်ပြည်သူတွေနဲ့ ပူးပေါင်းပြီး “ပေးဆပ်သွားတဲ့ မျိုးဆက်အတွက် ဒို့မျိုးဆက်က သွေးကြွေးဆပ်” စာသားနဲ့ ရှစ်လေးလုံး အရေးတော်ပုံ အကြိုလူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အလားတူ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်မှာ ၅/ဆလက လူထုသပိတ် စစ်ကြောင်း ဖော်ဆောင်ရေးကွန်ရက်က ရှစ်လေးလုံး လူထုအရေးတော်ပုံ (၃၈)နှစ်ပြည့် အကြိုလှုပ်ရှားမှုအဖြစ် ထီးသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

ထီးသပိတ်လှုပ်ရှားမှုကို ၅/ဆလကလူထုသပိတ် စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်မှ ဒေသတွင်း PDF အမာခံတပ်ဖွဲ့ဖြစ်တဲ့ ဆားလင်းကြီးမြို့အခြေစိုက် SPDF တပ်ဖွဲ့၊ အညာသားကြီး PDF တပ်ဖွဲ့ တို့က ပူးပေါင်းပါဝင်ကူညီခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook