Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းက တော်လှန်ပြည်သူတွေရဲ့ ရှစ်လေးလုံး လှုပ်ရှားမှု

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ် အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၈)မှာ ပြုလုပ်ခဲ့ပါတယ်။

သြဂုတ် ၈၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ် အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၈)မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်မှာ ခေတ်ဟောင်းချိုးဖျက် ဒို့မျိုးဆက်သပိတ်စစ်ကြောင်းက ဦးဆောင်ပြီး ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ (၃၈) နှစ်ပြည့်အထိမ်းအမှတ် ကျောင်းသား၊ ပြည်သူလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သပိတ်စစ်ကြောင်းမှာ ကျောင်းသားတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပြီး ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံအတွင်း ကျဆုံးခဲ့သူတွေကို ဂုဏ်ပြုအလေးပြုကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ကလေးမြို့နယ်မှာလည်း People Healthcare Network – Kalay မှ ဦးဆောင်ပြီး (၃၈)နှစ် မြောက် ရှစ်လေးလုံး အထိမ်းအမှတ်အနေနဲ့ ထီးသပိတ် လှုပ်ရှားမှု လုပ်ဆောင်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ်က နှင်းဆီပန်း ၉ ပွင့် ဘုရားပန်းကပ်လှူခြင်း၊အကြော်၊မုန့် ၈ခုကို ကပ်လှူခြင်းနဲ့ ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့် ပို့လှူခြင်း အပါအဝင် လက်ကမ်းစာစောင်တွေ ဖြန့်ဝေခြင်း စတဲ့ ရှစ်လေးလုံး လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ကနီမြို့နယ်မှာလည်း သပိတ်အင်အားစုဝင်တွေနဲ့ ဒေသခံတော်လှန်ပြည်သူတွေ ပူးပေါင်းပြီး “ပေးဆပ်သွားတဲ့မျိုးဆက်အတွက် ဒို့မျိုးဆက်က သွေးကြွေးဆပ်” စာသားကိုင်ဆောင်ပြီး (၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အထိမ်းအမှတ် လူထုလှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်က ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၃၈ နှစ်မြောက် အထိမ်းအမှတ်အဖြစ် (၈) ဂဏန်းပါ အကျီတွေဝတ်ဆင်ကာ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

အလားတူ စစ်ကိုင်းတိုင်း လွတ်မြောက်နယ်မြေ တနေရာမှာလည်း မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (BWFM) နဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့်စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM) တို့က “အကြောက်တရားမှ လွတ်မြောက်ရာဆီသို့” စာသားကို ကိုင်ဆွဲခဲ့ကြသလို ထီးသပိတ်လှုပ်ရှားမှုအဖြစ်နဲ့ ထီးတွေနဲ့အတူ ရှစ်လေးလုံးပုံဖော်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဓာတ်ပုံ – ကနီမြို့နယ်သပိတ် ၊ GSCB ၊ ရွာပေါင်းစုံသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။