Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်အနောက်ခြမ်း မူးမြစ်ဘေးကျေးရွာတွေ အရေးပေါ်အကူညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်ခြမ်းမှာ မူးမြစ်ရေထပ်တက်လာလို့ အရေးပေါ် အကူအညီတွေ လိုအပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

(ဝက်လက်နယ်အတွင်း ရေဘေးသင့်ကျေးရွာများမှ ပြည်သူများအား တွေ့ရစဥ် ဓာတ်ပုံ-Han Min Soe)

သြဂုတ် ၈၊ ၂၀၂၆၊ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်ခြမ်းမှာ မူးမြစ်ရေထပ်တက်လာလို့ အရေးပေါ် အကူအညီတွေ လိုအပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ သြဂုတ် ၈ ရက် ညနေပိုင်းမှာ ဝက်လက်မြို့နယ်အနောက်ခြမ်းရှိ မူးမြစ်ကမ်းဘေးကျေးရွာတွေ အတွင်းသို့ မြစ်ရေတွေထပ်တိုးဝင်ရောက်နေပြီး ဘေးလွတ်ရာသို့အရေးပေါ်ပြောင်းရွှေ့နေရကြောင်း ဝက်လက်ပကဖအဖွဲ့က ပြောပါတယ်။

“ရသလောက် ကျွန်တော်တို့လည်း ကယ်ထုတ်နေပါတယ်။ ဝက်လက်နယ် ၊ မူးမြစ်ဘေးရွာတွေ တော်တော်လေးကို ဆိုးနေပါတယ်။ အရေးပေါ် စားနပ်ရိက္ခာ ၊ ဆေးဝါး ၊ စက်လှေ၊ တက်နိုင်တဲ့ဘက်က ကူညီကြပါ။”လို့ ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂက ရဲဘော်တစ်ဦးက လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

မူးမြစ်ရေတက်စေခဲ့တဲ့ သဖန်းဆိပ်ဆည်မှာ ရေအမှတ် ၅၄၄.၉၈ ပေရှိပြီး ဒီကနေ့ ရေထပ်မံလွှတ်နိုင်ဖွယ်မရှိကြောင်း၊ မူးမြစ်ရေကလည်း ထပ်မံလျော့ကျနိုင်ကြောင်း ရွှေဘို ပင်မသတင်းနဲ့ပြန်ကြားရေးဌာနက အသိပေးထားပါတယ်။

မနက်ပိုင်းအထိ ဝက်လက်မြို့နယ် အနောက်ခြမ်း၊ မူးမြစ်ကမ်းဘေးက စွယ်ကွေ့၊ မူးကြိုး၊ဥယျာဉ်သာ၊ တည်တော၊ သမရိုး၊ ကိုင်း၊ နဘဲလှ၊ ရွှေအိုးရ ၊မင်းကန်၊ သရက်ချို၊ ကျောက်ကုံး၊ ဥယျာဉ်သာ (မ)၊ မြင်းသီ၊ ကျောက်တိုင်နဲ့ မူးကမ်းလေ အစရှိတဲ့ ကျေးရွာ(၁၅)ရွာအတွင်း ရေတွေ ဝင်ရောက်နေပြီး ထပ်တိုးကျေးရွာတွေလည်း စာရငျးဆကျလကျပွုစုနတေယျလို့ ဝက်လက်ပကဖအဖွဲ့က ပြောပါတယ်။

ဒါ့အပြင် ဝက်လက်မြို့နယ်ကို ရောက်နေတဲ့ စစ်ဘေးရှောင်တဲတွေလည်း ရေဘေးသင့်တာကြောင့် ထပ်မံတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

လက်ရှိ ရွှေဘိုခရိုင်ထဲက ရွှေဘို၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ဒီပဲယင်းနဲ့ အရာတော်မြို့နယ်တွေက မူးမြစ်ကမ်းဘေးကျေးရွာတွေမှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားနေပြီး အကူအညီတွေ လိုအပ်နေကြောင်း သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်