Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်မြို့နယ်မှာ ကလေးငယ်နဲ့ အမျိုးသား ၁ဦး ရေစီးနဲ့မျောပါ ပျောက်ဆုံးနေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ရွှေလှန်ကျေးရွာမှာ ကလေးငယ် ၁ဦးနဲ့ အမျိုးသား ၁ဦး ရေစီးနဲ့ မျောပါပျောက်ဆုံးနေပြီး ဒီကနေ့အထိ ရှာမတွေ့သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

(တန့်ဆည်မြို့နယ်အတွင်း ရေတက်နေတဲ့မြင်ကွင်း။ ဓာတ်ပုံ - CJ)

ဩဂုတ်-၈၊၂၀၂၆။ကတ်သရင်း/ People’s Spring

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ရွှေလှန်ကျေးရွာမှာ ကလေးငယ် ၁ဦးနဲ့ အမျိုးသား ၁ဦး ရေစီးနဲ့ မျောပါပျောက်ဆုံးနေပြီး ဒီကနေ့အထိ ရှာမတွေ့သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တန့်ဆည်မြို့နယ်အတွင်း ကမူးဘောင်၂ခုကျိုးပြီး ကျေးရွာတွေအတွင်း ရေဝင်ရောက်ခဲ့ပြီးနောက်ဩဂုတ် ၇ရက် မနေ့က မနက်၇နာရီမှာ ရွှေလှံကျေးရွာက တဲအိမ်တချို့ပါ ရေဝင် ရောက်ခဲ့ပြီး အသက်(၅၀)ကျော် အရွယ်မျိုးသား ၁ဦးနဲ့ (၂)နှစ်အရွယ် ကလေးငယ် ၁ဦး ရေစီးနဲ့မျောပါခဲ့တာလို့ သိရပါတယ်။

“ရေဝင်တက်တဲ့ အရပ်ဒေသမဟုတ်တော့ အများစုကရေမကူးတက်ကြဘူး။ရေကအရမ်းတက် နေတာ ။ရေစီးလည်း ကြမ်းတယ်။အခုထိ လိုက်ရှာတာ ကလေးရော၊လူကြီးပါရှာမ တွေ့ဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သဖန်းဆိပ်ဆည်က ရေလွှတ်တာကြောင့် တန့်ဆည်မြို့နယ်အရှေ့ပိုင်းက ငတန်း၊အက်တော၊ညံသာ၊တုတ္တ၊ သောင်သုခ၊ဗျက်ကြီး၊တပ်သစ်၊ရွှေလှန် နဲ့ တန့်ဆည်မြို့နယ် မြောက်ခြမ်းက ကမ်းဖြူ၊ဝက်တိုး၊သာပေါင်းကြီးကျေးရွာတို့ ရေနစ်မြှုပ်နေတယ်လို့ သိရပါတယ်။

ဒီနေ့အထိ ဆည်တွေက ရေလွှတ်နေဆဲဖြစ်ပြီး တန့်ဆည်မြို့နယ်အတွင်း မူး ဘောင်နှစ်ခုနဲ့ တံတားနှစ်စင်းလည်းကျိုးသွားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံက ရေကြီးမှုဒဏ် ခံနေရတဲ့ ပြည်နယ်တွေဆီ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေး လုပ်ငန်းတွေမှာ ပါဝင်ဖို့ စစ်သည် ၁၀၀၀၀ ကျော် ဖြန့်ကျက် စေလွှတ်ထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးမှုတွေကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ စိုးရိမ်တကြီး စျေးဝယ် စုဆောင်းမှုတွေ ဖြစ်လာပြီး စျေးဝယ်စင်တာတွေ၊ ကုန်စုံဆိုင်တွေမှာ ကုန်ပစ္စည်းတချို့ ပြတ်လပ်ကုန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ရေကြီးမှုတွေ အခြေအနေ ဆိုးလာတာကြောင့် ခရိုင် ၅၀ စလုံးကို အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် အရှေ့ပိုင်း ဧရိယာတွေမှာ ရေကြီးမှုတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရပါတယ်။

Facebook