Connect with us

Hi, what are you looking for?

သတင်း

တိုင်း ၄ တိုင်းမှာ ရေကြီးလို့ ပြည်သူ ၁၆ ဦးသေဆုံး

တိုင်း ၄ တိုင်းမှာ ရေကြီးလို့ ပြည်သူ ၁၆ ဦးသေဆုံးပြီး လူဦးရေ လေးသိန်းကျော် ရေဘေးသင့်ကာ အရေးပေါ်အကူအညီတွေ လိုအပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

(ခင်ဦးမြို့နယ်အတွင်း ရေကြီးနေသော ကျေးရွာများအား တွေ့ရစဥ်။ ဓါတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

သြဂုတ် ၉၊ ၂၀၂၆။ဟာနာဆန်/People’s Spring

တိုင်း ၄ တိုင်းမှာ ရေကြီးလို့ ပြည်သူ ၁၆ ဦးသေဆုံးပြီး လူဦးရေ လေးသိန်းကျော် ရေဘေးသင့်ကာ အရေးပေါ်အကူအညီတွေ လိုအပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံအထက်ပိုင်းဒေသတွေမှာ နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းတာ၊ ဆည်ရေတွေ ဖောက်ထုတ်တာကြောင့် ရေကြီးရေလျှံကာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့က မြို့နယ်ပေါင်း ၁၅ ခုမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေပြီး လူဦးရေ ၄၁၄,၈၄၃ ဦးခန့် ရေဘေးသင့်နေကြောင်း လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက အသိပေးပါတယ်။

လက်ရှိအချိန်အထိ သေဆုံးသူ စုစုပေါင်း ၁၆ ဦး၊ ပျောက်ဆုံးသူ ၂ ဦး၊ ဒဏ်ရာရ ၆၁ ဦးရှိပြီး နေအိမ်တွေရေနစ်မြုပ်တာ၊ စိုက်ပျိုးမြေဧက ထောင်ပေါင်းများစွာ ရေလွှမ်းမိုးတာ၊ ချောင်းကူးတံတားတွေ ပျက်စီးတာတွေ ဖြစ်ပွားခဲ့တယ်လို့ အထက်ပါဌာနက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၆ ဩဂုတ် ၉ ရက်အထိ ရရှိထားတဲ့စာရင်းတွေအရ စစ်ကိုင်းတိုင်းမှာ အိမ်ထောင်စု ၅၁,၀၂၈ မှ လူဦးရေ ၂၂၃,၇၆၁ ဦး၊ မန္တလေးတိုင်းမှာ အိမ်ထောင်စု ၃၇,၅၀၀ မှ လူဦးရေ ၁၅၀,၃၀၀ ဦး၊ မကွေးတိုင်းမှာ အိမ်ထောင်စု ၁၅၂ စုမှ လူဦးရေ ၅၈၆ ဦး၊ ဧရာဝတီတိုင်းမှာ အိမ်ထောင်စု ၈,၀၀၅ မှ လူဦးရေ ၄၀,၁၉၆ ဦးခန့် ရေဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုတွေကြုံတွေ့နေရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေပြီး အဓိကအားဖြင့် သောက်သုံးရေ၊ အစားအစာ၊ ဆေးဝါး၊ စက်သုံးဆီ၊ မိုးကာစ၊ ရေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ အကူအညီတွေ အရေးပေါ် လိုအပ်နေကြောင်း လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ယာယီနေရာချထားရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး အစီအမံတွေကိုလည်း သက်ဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

လာမည့် ဩဂုတ် ၁၃ ရက်မှာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီး ထိုင်းနိုင်ငံဘက်က မုတ်သုံအားမြောင်းတန်းဟာ မြန်မာနိုင်ငံဘက်သို့ ရွေ့လျားမှာ ဖြစ်လို့ အနောက်တောင်မုတ်သုံလေဟာ အားကောင်းရာကနေ အားအလွန်ကောင်းနိုင်ကြောင်း လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထပ်မံ ထုတ်ပြန်ပါတယ်။

သံလွင်မြစ်၊ ဧရာဝတီမြစ်နဲ့ ၎င်းမြစ်တွေရဲ့မြစ်လက်တက်တွေမှာ မြစ်ရေဟာ ဆက်တိုးနေပြီး မိုးသည်းထန်စွာရွာသွန်းမယ်ဆိုရင် ရေထပ်မံ တိုးလာနိုင်ကြောင်း၊ ဒါကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားလေ့ရှိတဲ့ မြစ်ကမ်းဘေးနဲ့ မြေနိမ့်ပိုင်းဒေသတွေက မြို့နယ်တွေနဲ့ ကျေးရွာတွေအနေနဲ့ မိုးလေဝသအခြေအနေတွေကို အထူးသတိပြုနေထိုင်ကြဖို့နဲ့ လိုအပ်ပါက ကြိုတင်ရွှေ့ပြောင်းနေထိုင်ကြဖို့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်

နိုင်ငံတကာ

တိဘက်-နီပေါနယ်စပ် တောင်ပေါ်ရေကြီးမှုတွေအပြီး ရွှံ့တွေအောက်မှာ ၁၀ ရက်နီးပါးလောက် ပိတ်မိနေခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံ ဝန်ထမ်းနှစ်ဦးကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။