Connect with us

Hi, what are you looking for?

သတင်း

တိုင်းဒေသလေးခုမှာလူဦးရေလေးသိန်းကျော်ရေဘေးသင့်

မြန်မာနိုင်ငံမှာစစ်ကိုင်းတိုင်း၊ဧရာဝတီတိုင်း၊မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့က မြို့ ၁၅ မြို့မှာ ရေကြီးရေလျှံဖြစ်နေပြီး လူဦးရေ လေးသိန်းကျော် ရေဘေးသင့်တယ်လို့ NUG အစိုးရက ထုတ်ပြန်အသိပေးထားပါတယ်။

သြဂုတ် – ၁၀ ၊၂၀၂၆ /People’s Spring

မြန်မာနိုင်ငံမှာစစ်ကိုင်းတိုင်း၊ဧရာဝတီတိုင်း၊မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့က မြို့ ၁၅ မြို့မှာ ရေကြီးရေလျှံဖြစ်နေပြီး လူဦးရေ လေးသိန်းကျော် ရေဘေးသင့်တယ်လို့ NUG အစိုးရက ထုတ်ပြန်အသိပေးထားပါတယ်။

နိုင်ငံအထက်ပိုင်းဒေသတွေမှာနေ့စဉ်ရက်ဆက် မိုးများတာ ၊ ဆည်ရေတွေ ဖောက်ထုတ်တာတွေကြောင့်ရေကြီးရေလျှံဖြစ်နေတာလို့ဆိုထားပါတယ်။

ရေကြီးနေတဲ့တိုင်းလေးခုမှာစစ်ကိုင်းတိုင်းကအဆိုးရွားဆုံးရေဘေးကိုရင်ဆိုင်နေရတာပါ။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းထဲက တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ အရာတော်၊ ခင်ဦး၊ ရေဦး၊ ရွှေဘို၊ ဝက်လက်၊ မြင်းမူနဲ့ ဒီပဲယင်း မြို့နယ်တွေမှာ ပြည်သူတွေရေဘေးကြုံနေရပါတယ်။

စစ်ကိုင်းတိုင်းမှာ မိုးကြီးပြီးတဲ့နောက်ကျွန်းလှမြို့နယ်ကသဖန်းဆိပ်ဆည်မှာရေလျှံလာတဲ့အတွက် ရေဖောက်ချရာမှာ ဆည်အောက်ဘက်က မြို့နယ်တွေ သြဂုတ်လ ၅ ရက်ကစတင်ပြီးရေဘေးကြုံနေရတာပါ။

စစ်ကိုင်းတိုင်းကရေဘေးသင့်တဲ့မြို့နယ်တွေမှာကောလင်း ၊ ခင်ဦးနဲ့ဒီပဲယင်းမြို့နယ်တွေက အဆိုးဆုံးဖြစ်နေပြီး လူဦးရေ ၁၂၀,၀၀၀ ကျော်ရေဘေးသင့်နေသလို သေဆုံးသူ ၁၅ ဦး နဲ့ပျောက်ဆုံးသူ နှစ်ဦးရှိနေတယ်လို့ NUG ရဲ့စာရင်းအရသိရပါတယ်။

မကွေးတိုင်းမှာ ရေစကြို မြို့နယ်နဲ့ မန္တလေးတိုင်းမှာ မတ္တရာမြို့နယ်တွေ ရေကြီးရေလျှံဖြစ်နေတာပါ။

ငဝန်မြစ်တာရိုးကျိုးကျသွားတဲ့ဧရာဝတီတိုင်းမှာတော့ လေးမျက်နှာမြို့အပြင်ထိစပ်နေတဲ့ အိုင်သပြု၊ ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာအချို့မှာ ရေကြီးနေပါတယ်။

ဧရာဝတီတိုင်းမှာ ရေဘေးကိုအဆိုးဆုံးကြုံနေရတာက လေးမျက်နှာ ၊အိုင်သပြု နဲ့ကျုံပျော်တို့ဖြစ်ပြီး အဲဒီဒေသသုံးခုက လူဦးရေလေးသောင်းကျော်ရေဘေးသင့်နေတယ်လို့ NUG ကဆိုထားပါတယ်။

ဧရာဝတီတိုင်းရေဘေးမှာတော့ သေဆုံးသူတစ်ဦး ရှိတယ်လို့ သြဂုတ်လ ၉ ရက်အထိစာရင်းအရသိရပါတယ်။

ရေဘေးကြောင့်တိုင်းလေးခုမှာအိမ်ထောင်စု ၅၀,၀၀၀ကျော်ထိခိုက်ပြီးစိုက်ပျိုးမြေဧက ၄၄,၀၀၀ကျော် ပျက်စီးတယ်လို့ NUG က စာရင်းဖော်ပြထားပါတယ်။

Photo – Open Street Map

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံက ရေကြီးမှုဒဏ် ခံနေရတဲ့ ပြည်နယ်တွေဆီ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေး လုပ်ငန်းတွေမှာ ပါဝင်ဖို့ စစ်သည် ၁၀၀၀၀ ကျော် ဖြန့်ကျက် စေလွှတ်ထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးမှုတွေကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ စိုးရိမ်တကြီး စျေးဝယ် စုဆောင်းမှုတွေ ဖြစ်လာပြီး စျေးဝယ်စင်တာတွေ၊ ကုန်စုံဆိုင်တွေမှာ ကုန်ပစ္စည်းတချို့ ပြတ်လပ်ကုန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ရေကြီးမှုတွေ အခြေအနေ ဆိုးလာတာကြောင့် ခရိုင် ၅၀ စလုံးကို အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် အရှေ့ပိုင်း ဧရိယာတွေမှာ ရေကြီးမှုတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရပါတယ်။

Facebook