Connect with us

Hi, what are you looking for?

သတင်း

ဖမ်းဆီးထားတဲ့ BNRA တပ်ရင်းမှူး ၂ဦး ထွက်ပြေး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗိုလ်နဂါးရဲ့ BNRA အဖွဲ့ စခန်းတွေကို ကာကွယ်ရေးဝန်ကြီးဌာနအမိန့်နဲ့ PDFနဲ့ ပကဖ တပ်ရင်း၊တပ်ဖွဲ့တွေက တိုက်ခိုက်ရှင်းလင်းပြီး ဖမ်းဆီးထိန်းသိမ်းထားခဲ့တဲ့ BNRA တပ်ရင်းမှူး သုဘရာဇာနဲ့ ဒေါင်းညိုဟာ ဆေးကူသမှုခံယူနေစဉ် ထွက်ပြေးလွတ် မြောက်သွားတယ်လို့ သတင်းရရှိပါတယ်။

(ထွက်ပြေးသွားတဲ့ သုဘရာဇာနဲ့ ဒေါင်းညိုကို တွေ့ရစည်။ ဓာတ်ပုံ - CJ)

ဩဂုတ်-၁၆၊၂၀၂၆။ ကဖေး/People’s Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗိုလ်နဂါးရဲ့ BNRA အဖွဲ့ စခန်းတွေကို ကာကွယ်ရေးဝန်ကြီးဌာနအမိန့်နဲ့ PDFနဲ့ ပကဖ တပ်ရင်း၊တပ်ဖွဲ့တွေက တိုက်ခိုက်ရှင်းလင်းပြီး ဖမ်းဆီးထိန်းသိမ်းထားခဲ့တဲ့ BNRA တပ်ရင်းမှူး သုဘရာဇာနဲ့ ဒေါင်းညိုဟာ ဆေးကူသမှုခံယူနေစဉ် ထွက်ပြေးလွတ် မြောက်သွားတယ်လို့ သတင်းရရှိပါတယ်။

သုဘရာဇာနဲ့ ဒေါင်းညိုဟာ ပင်လည်ဘူးမြို့နယ်ဘက်မှာ ဆေးကုသမှုခံယူနေစဉ် လူနာစောင့်ကို အိပ်ဆေးခတ်ပြီး ထွက်ပြေးသွားတာလို့ စစ်ကိုင်းတ်ိုင်းအခြေစိုက် သတင်းသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

၎င်းတို့ ၂ဦးဟာ လူနာစောင့်ကို အဆိပ်လိုလို ၊ အိပ်ဆေးလိုလို ခပ်ပြီးထွက်ပြေးသွားလို့ တွေ့ရှိရာနေရာမှာ ဖမ်းဆီးထိန်းသိမ်းထားဖို့ ယင်းမာပင်ခရိုင်က တော်လှန်ရေးရဲဘော် တစ်ဦးက လူမှုကွန်ရက်ကတဆင့် ဩဂုတ် ၁၅ရက် ညပိုင်းမှာ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

လူသတ်မှုနဲ့ အဓမ္မပြုကျင့်မှုအချို့အပါအဝင် ဥပဒေမဲ့လုပ်ရပ်တွေကို ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့ဝင်တွေက ကျူးလွန်နေတယ်ဆိုတဲ့ တိုင်တန်းချက်တွေကြောင့် BNRA စခန်းတွေကို PDFနဲ့ ပကဖ ရဲဘော်တွေက ဖယ်ရှားရာကနေ ဖေဖော်ဝါရီ ၁၇ရက်မှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

အဲဒီ​နောက် ဗိုလ်နဂါးနဲ့ အဖွဲ့ဝင်တချို့က စစ်တပ်နဲ့ပူး​ပေါင်းသွားပြီး စစ်တပ်က ဗိုလ်နဂါးကို ရဟတ်ယာဥ်နဲ့ ​ခေါ်​ပေးခဲ့ပါတယ်။ ဒေသတွင်းမှာ ကျန်ရှိနေတဲ့ BNRA တပ်ဖွဲ့ဝင်တွေကို PDFနဲ့ ပကဖ ရဲဘော်တွေက လိုက်လံဖမ်းဆီးတာတွေ၊ စည်းရုံးတာတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

BNRA စခန်းတွေစီးနင်းဖယ်ရှားပြီးနောက် လက်ကျန်တပ်ဖွဲ့ဝင်တွေအနေနဲ့ လက်နက်တွေအပ်ဖို့၊ပြစ်မှုမရှိရင်တော်လှန်ရေးမှာ ဆက်လက်ပါဝင်ဖို့နဲ့ ပြစ်မှုရှိသူတွေကို စစ်ဆေး၊ ဖော်ထုတ်၊ အပြစ်ပေး၊ အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်ခဲ့ပြီးပြစ်မှုကျုးလွန်ထားခြင်းမရှိတဲ့ သူတွေစိတ်ဆန္ဒရှိပါက စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲမှာ ပါဝင်ဖို့ MODကလည်း ဖိတ်ခေါ်ခဲ့ပါတယ်။

PDF နဲ့ ပကဖထံ BNRA တပ်ဖွဲ့ဝင် ၂၀၀‌ ကျော် လက်နက်ချခဲ့ပြီး ဗိုလ်နဂါးနဲ့ အနီးကပ်နေထိုင်ကြတဲ့ သုဘရာဇာ၊ ဒေါင်းညို၊ စစ်နိုင်ဆိုသူတွေလည်း ပါဝင်ပါတယ်။ဗိုလ်နဂါးနဲ့အတူ ယောက်ဖဖြစ်တဲ့ BNRA ဒုဥက္ကဋ္ဌကိုဖြိုးနဲ့ စစ်ရေးဝာာဝန်ခံ ကိုလတ်အပါအဝင် ၅ ဦးနဲ့ စုစုပေါင်း ၂၀ ကျော်ဟာစစ်တပ်နဲ့ ပူး​ပေါင်းသွားခဲ့ကြပါတယ်။

သုဘရာဇာနဲ့ ဒေါင်းညိုဟာ ထွက် ပြေးတဲ့ဖြစ်စဉ်ဟာ BNRAအဖွဲ့ ထိပ်ပိုင်းတာဝန်ရှိသူအချို့ကို ထိန်းသိမ်းထားရာကနေ ထွက်ပြေးသွားတဲ့ ဒုတိယမြောက်ဖြစ်စဉ် ဖြစ်ပါတယ်။ ဖေ‌ဖော်ဝါရီမှာဘဲBNRAတပ်ရင်း(၃)တပ်ရင်းမှူး ဗိုလ်မျက်လုံးဟာ PDF တွေဆီ လက်နက်ချပြီးမှ ထွက်ပြေးသွားပြီး စစ်တပ်နဲ့ ပူးပေါင်းပါခဲ့ပါတယ်။

စစ်တပ်နဲ့ ပူးပေါင်းနေတဲ့ BNRA ခေါင်းဆောင်ဗိုလ်နဂါးကတော့ လက်ရှိမှာ တော်လှန်ရေးကို ပုံဖျက်နေတဲ့ သုံးသပ်ချက်စာတွေ လူမှုကွန်ရက်ပေါ်မှာ ရေးပြီး စစ်တပ်အတွက်ဆက်တိုက်ဝါဒဖြန့်ချိနေတယ်လို့ ပုလဲမြို့နယ်က တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းမှာ စစ်ရေးဆက်တင်းမာနေပြီး စစ်တပ်ထံ အညံ့ခံသွားတဲ့ ဗိုလ်နဂါးတပ် BNRA အဖွဲ့ဝင်တစ်ချို့ရဲ့ လမ်းပြမှုနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းတွေဟာ ယင်းမာပင်ခရိုင်အမှတ်(၃၅)တပ်ရင်းရဲ့ စခန်း မီးရှို့ဖျက်ဆီးသွားပါတယ်။

သတင်း

မန္တလေးမြို့၊အလယ်ပိုင်းတိုင်း၊စစ်ဌာနချုပ်မှာ PDF ၅၀၀ ကျော်အလင်းဝင်တယ်လို့ စစ်ကောင်စီက ဝါဒဖြန့်တဲ့အထဲမှာ စစ်တပ်နဲ့ပူး​ပေါင်းတဲ့ PDF တစ်ရာ​ဝန်းကျင်သာပါနိုင်ပြီး စစ်တပ်ကလိမ်လည်ထုတ်ပြန်တာလို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)တပ်ရင်းမှူးတွေကပြောပါတယ်။

ဆောင်းပါး

စက်ဆုပ်ဖွယ်အကောင်းဆုံးရာဇဝတ်သားအဖြစ် နာမည်ကြီးတဲ့ဂျက်ဖရီအက်ပ်စတိန်း (Jeffrey Epstein)က Little Saint James ကျွန်းမှာနေထိုင်ပြီး ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေနဲ့အတူ မိန်းကလေးငယ်တွေကို ပွဲတော်တည်ခဲ့သူအဖြစ်ကမ္ဘာ့သတင်းတွေက ဖော်ပြပါတယ်။ကာရစ်ဘီယံပင်လယ်ထဲက Little Saint James ကျွန်းဟာ လူအဖွဲ့အစည်းနဲ့ ဝေးကွာရာအရပ်က ဆိတ်ကွယ်ရာနေရာဖြစ်ပါတယ်။

သတင်း

‌စစ်‌ကောင်စီထံ ဗိုလ်နဂါး လက်နက်ချပူးပေါင်းသွားပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ ပကဖတွေ ထိန်းသိမ်းထားတဲ့ BNRAအဖွဲ့ဝင်တွေထဲက ထိပ်ပိုင်းတာဝန်ရှိသူ ၅ဦးကို ယင်းမာပင်ခရိုင် ပကဖနဲ့ အမှတ်(၁)စစ်ဒေသက စစ်ဆေးနေပါတယ်။