Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ဇူလိုင်တိုက်ပွဲအတွင်း ၃၀၀ကျော် သေဆုံးဟု NUG ကာကွယ်ရေး ထုတ်ပြန်

စစ်တပ်ရဲ့ ဇူလိုင်တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှု အချက်အလက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရာ အရာရှိအပါအဝင် သေဆုံးသူ ၃၁၅ဦး ရှိတယ်လို့ ဖော်ပြပါတယ်။

(မြင်းခြံခရိုင်စစ်ဌာန ဖော်ဆောင်တဲ့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေနဲ့ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF)

ဩဂုတ် ၂၀၊၂၀၂၆။ ထားမြတ်/People’s Spring

စစ်တပ်ရဲ့ ဇူလိုင်တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှု အချက်အလက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရာ အရာရှိအပါအဝင် သေဆုံးသူ ၃၁၅ဦး ရှိတယ်လို့ ဖော်ပြပါတယ်။

NUG ကာကွယ်ရေးက စုစည်းထားတဲ့ စာရင်းတွေအရ စစ်ကောင်စီဘက်က သေဆုံးသူ ၃၁၅ဦး၊ ဒဏ်ရာရသူ ၄၇၃ဦး ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သေဆုံး၊ ဖမ်းမိနဲ့ ဒဏ်ရာရသူတွေထဲမှာ အရာရှိ ၂၉ဦး ပါဝင်ကြောင်း ဖော်ပြထားပြီး အသေးစိတ် အချက်အလက်တွေကိုတော့ ဖော်ပြမထားပါဘူး။

ဒါ့အပြင် စစ်တပ်စခန်းကို တိုက်ခိုက်မှု ၁၆ကြိမ်ပြုလုပ်ခဲ့ရာ စခန်းသိမ်းပိုက်နိုင်မှု ၁၀ကြိမ်ရှိခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ ထုတ်ပြန်ချက်ရ ဇူလိုင်လအတွင်း မကွေးတိုင်း ဆောမြို့နယ်အတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ် အထိနာခဲ့သလို စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တာရှိပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၅ရက်က မကွေး-ကံပြား-နေပြည်တော်လမ်းပေါ်ရှိ ရွှေဗန်း ရဲစခန်းနဲ့ စစ်ကောင်စီတပ် ဂိတ်စခန်းကို PDF ပူးပေါင်းတပ်က တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်တပ်သေဆုံးထိခိုက်မှုများရှိသလို လက်နက်ခဲယမ်းများသိမ်းရခဲ့ပါတယ်။

ဇူလိုင်လဆန်းကလည်း မန္တလေးတိုင်း မလှိုင်မြို့နယ် အိမ်ကြီးတောရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို PDF၊ ပကဖ ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က သေဆုံးသူအချို့ရှိသလို ၁၀ဦး လက်နက်ချခဲ့ပြီး လက်နက်မျိုးစုံ အလက် ၂၀ သိမ်းရခဲ့ပါတယ်။

စစ်တပ်ရဲ့ သေဆုံးထိခိုက် အခြေအနေတွေအပြင် စစ်ကောင်စီတပ်က အရပ်သားတွေအပေါ် အကြမ်းဖက်မှု ဖြစ်စဉ်တွေကိုလည်း ထုတ်ပြန်ပါတယ်။

စစ်တပ်လက်ချက်ကြောင့် အရပ်သား ၂၀၃ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၈၄ ဦး ရှိတယ်လို့ ဖော်ပြပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ် ၁၆ဦး ပါဝင်တယ်လို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ ဖျက်ဆီးမှုတွေကြောင့် ဘာသာရေးအဆောက်အဦးနဲ့ ပညာရေးအဆောက်အအုံတွေ အပါအဝင် နေအိမ် ၅၆၀ ကျော်ပျက်စီးခဲ့ရကြောင်း ဖော်ပြပါတယ်။

စစ်တပ်ဟာ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဆောင်နေလို့ နိုင်ငံတဝန်း ဒေသအသီးသီးမှာ အရပ်သားသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်ခဲ့ရပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ကျဆုံး အခြေအနေတွေတော့ အသိပေးထားတာမရှိပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ထီးချိုင့်- အင်းတော်လမ်းပိုင်းကို စစ်တပ်ထိုးစစ်ဆင်နေပြီး ထီးချိုင့်မြို့တွင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေ ကား ၁၁စီးနဲ့ အင်အားတွေပို့ထားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်အနီးဝန်းကျင်ကဒေသခံတွေတူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က ဒီ​နေ့ လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပါတယ်။

သတင်း

ဗျာလစစ်​ရှောင်စခန်းကိုဗုံးကြဲပြီး ၁၆ နာရီ ကျော်အကြာမှာ ပန်းနီလာစစ်ရှောင်စခန်းကိုစစ်တပ်ကဗုံးထပ်ကြဲ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ ပြည်သူ ၁၂ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေက ပြောပါတယ်။

Trending

Facebook