Connect with us

Hi, what are you looking for?

သတင်း

မြိတ်မြို့နယ်က တုံးဗျောရွာစစ်တပ်စခန်း KNDO တိုက်ခိုက်မှု စစ်သားတွေ လက်နက်ထား ထွက်ပြေး

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - KNU - Mergui-Tavoy District

ဩဂုတ် ၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ် ၂၄ရက် မွန်းလွဲပိုင်းမှာ တုံးဗျောရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို KNDO တပ်ရင်း(၇) တပ်ခွဲ(၃)က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ပြောက်ကျားနည်းနဲ့ ဝင်တိုက်တာ” လို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ စစ်သားတွေ လက်နက်ထားထွက်ပြေးသွားတာဖြစ်ကြောင်း အသိပေးပြီး တိုက်ပွဲမှာ ထိခိုက်ကျဆုံးမရှိဘူးလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ စစ်ဆင်ရေးမှာ စစ်သားတွေဆီက MA1(၁) လက်၊ MA2(၂)လက်၊ MA11(၁)လက်နဲ့ ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

အခု တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ တုံးဗျောရွာဟာ KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ မြိတ်ထားဝယ်ခရိုင် လယ်မူလားမြို့နယ်အတွင်းမှာ တည်ရှိတာပါ။

KNU တပ်မဟာ(၄) တပ်ဖွဲ့ဟာ အခုနှစ်မေလကုန်ပိုင်းကလည်း လယ်မူလားမြို့နယ် လယ်ဖဒို(ကျောက်လုံးကြီး)ရွာ အခြေစိုက် စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီတုန်းကလည်း အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးနီးပါး ထွက်ပြေးသွားလို့ စခန်းကို သိမ်းနိုင်ခဲ့တာလို့ တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကို စစ်ကူ နဲ့ လက်နက်ခဲယမ်းဖြည့်တင်းဖို့ ကြိုးစား​နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ယာဥ်တန်း​တွေကို လမ်းမှာကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ယာဉ်အချို့ မီးလောင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

သတင်း

အင်းတော်မြို့နယ်၊ မဲဇာရွာအနီးတိုက်ပွဲပြင်းထန်‌နေစဥ်မှာ စစ်တပ်ကတိုက်ပွဲနဲ့ မဆိုင်တဲ့လူနေကျေးရွာအတွင်း လေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ်နှစ်ဦး သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မဟာစည်ဆရာတော်ကြီးဖွားမြင်ရာဇာတိရွာဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ဆိပ်ခွန်ရွာမှာရှိတဲ့ မဟာစည်ရိပ်သာကျောင်းတိုက်ကို ဒီနေ့ ( အောက်တိုဘာ ၁၁ ရက်) မှာ အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ စစ်ရှောင်ပြည်သူ နှစ်ဦးသေဆုံးသွားတယ်လို့ NUG လက်အောက်ခံ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

ကသာ-ထီးချိုင့်လမ်းပိုင်းကို အသုံးမပြုဖို့ PDFသတိပေး

Trending

Facebook