Connect with us

Hi, what are you looking for?

သတင်း

ထားဝယ် မောင်မယ်ရှောင်ရွာအနီးတိုက်ပွဲ စစ်တပ် ၁၂ဦးသေ၊ လက်နက် ၈ လက်ရဟု KNU ထုတ်ပြန်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

(ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်ထံက သိမ်းရတဲ့ လက်နက် ၈လက်၊ ဓာတ်ပုံ − KNU - Mergui-Tavoy District)

ဩဂုတ် ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

ဩဂုတ် ၂၉ရက်မနက်က စစ်ကောင်စီတပ် စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ(၄)နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်တပ် အထိနာခဲ့တာလို့ ဆိုပါတယ်။

စစ်ဆင်ရေးကို KNLA တပ်မဟာ(၄)၊ တပ်ရင်း(၁၂) တပ်ခွဲ(၅), တပ်ရင်း(၁၀) တပ်ခွဲ(၄) နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)တို့ ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ က ဖော်ဆောင်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

DNLAကလည်း အဲဒီ တိုက်ပွဲသတင်းကို မနေ့က ထုတ်ပြန်ထားရာ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ထားဝယ်ရေနက်ဆိပ်ကမ်းနယ်မြေ လုံခြုံရေးအကြောင်းပြ စစ်ကြောင်းထိုးလာတာကို ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။

ဒါ့အပြင် စစ်ရေးအချိန်မြှင့်တင်နေချိန်ဖြစ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြည်သူ့ရင်ခွင်ခိုလှုံဖို့၊ပြည်သူတွေစစ်ရေး သတိရှိဖို့၊ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာတွေ လိုက်နာကျင့်ကြံဖို့ DNLAက တိုက်တွန်းထားပါတယ်။

KNLA တပ်မဟာ(၄) လက်အောက်ခံတပ်တွေဟာ ဩဂုတ် ၂၄ရက်ကလည်း မြိတ်မြို့နယ် တုံးဗျောရွာအတွင်း တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မိုးမိတ်-သပိတ်ကျင်းလမ်းနဲ့ ဆက်စပ်နေတဲ့ ဆင်တဲကုန်းရွာအနီးမှာ ဒီနေ့မနက် အစောပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေသလို စစ်တပ်ကလေကြောင်းကနေဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တွေကပြောပါတယ်။

သတင်း

မကွေးတိုင်းနဲ့အစပ်ချင်းပြည်နယ် ဝင်ပေါက် ကျင်ဒွေးမြို့၊ မတာဆွီရွာဝန်းကျင်တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်တပ်ဟာကာကွယ်ပစ္စည်းထုတ်စက်ရုံ(ကပစ ၂၅)ကနေ စစ်သားတရာကျော် အင်အားထပ်ဖြည့်တာ​ကြောင့်လောင်းရှည် - ကျင်ဒွေး လမ်းတလျှောက် နေရာနှစ်ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အမြင့်ကျွန်းအနီးတိုက်ပွဲစစ်သား၂၀ဦးထက်မနည်းသေဆုံး၊ စစ်တပ်ကပေါက်တောနဲ့ ပုဏ္ဏားကျွန်းကိုလေယာဉ်အုပ်နဲ့ ဗုံးကြဲ