Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်ကို စစ်ရေယာဉ် ၆စီးသာ ရောက်လာ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်တပ်ရဲ့ ရေယာဉ် ၆စီး ဒီကနေ့ ဝင်ရောက်နိုင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

(ဗန်းမော်မြို့ကို ရောက်လာတဲ့ စစ်ရေယာဉ်တွေ။ ဓာတ်ပုံ − စစ်ကောင်စီ)

စက်တင်ဘာ ၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်တပ်ရဲ့ ရေယာဉ် ၆စီး ဒီကနေ့ ဝင်ရောက်နိုင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာ ၂ရက်က ရွှေကူ-ဗန်းမော်ကြား ရေလမ်းကြောင်းမှာ စစ်သင်္ဘောတွေ အပါအဝင် ရေယာဉ်တွေကို KIAက တိုက်ခိုက်ခဲ့လို့ ကျန်နေတဲ့အထဲက ၆စီးသာ ဗန်းမော်မြို့ကို ဝင်ရောက်နိုင်တာလည်းဖြစ်ပါတယ်။

“စက်လှေအမြန်ယာဉ်ပေါ့ အဲဒါ ၆စီးရောက်သွားတာ” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ဖို့ စစ်သင်္ဘောတွေ အပါအဝင် ရေယာဉ် ၁၅စီး နဲ့ လာရောက်တာဖြစ်ပြီး လမ်းမှာ တိုက်ခိုက်ခံရပြီး ၆စီးသာ ဗန်းမော်ကို ဝင်ရောက်နိုင်တာဖြစ်ပါတယ်။

ဩဂုတ် ၂၇ရက် ကသာ-ရွှေကူကြား စစ်ကောင်စီသင်္ဘော ၁စီး၊ ဩဂုတ် ၂၉ရက်က ရွှေကူ- ဗန်းမော်ကြား စစ်သင်္ဘော ၁စီး၊စက်တင်ဘာ ၂ရက်မှာ ရွှေကူ-ဗန်းမော်ကြား စစ်ကောင်စီသင်္ဘော ၃စီး ထိခိုက်ပျက်စီးနစ်မြုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စက်တင်ဘာ ၂ရက် တိုက်ပွဲမှာ စစ် သင်္ဘော ၂စီး အလံဖြူထောင်ခဲ့လို့ စစ်သုံ့ပန်း ၁၀၀ ကျော်ဖမ်းမိတယ်လို့လည်း ပြောပါတယ်။

စစ်တပ်ဟာ ၂၀၂၅ကလည်း အခုလိုပဲ ရေကြောင်းကနေ ဗန်းမော်မြို့ကို စစ်အင်အားဖြည့်တင်းခဲ့ရာ အဲဒီတုန်းက စစ်သင်္ဘောအုပ်စုက ရေယာဉ် ၅စီးလောက် ပျက်စီးခဲ့ပြီး ဒီနှစ်မှာ ပျက်စီးမှု ပိုများခဲ့တာဖြစ်ပါတယ်။ သီးခြားအတည်ပြုချက်မရသေးပေမဲ့ အခု ၂၀၂၆မှာ ဗန်းမော်မြို့ကို ရေကြောင်းက စစ်အင်အားဖြည့်တင်းရာမှာ စစ်သင်္ဘောနဲ့ ရေယာဉ် စုစုပေါင်း ၉စီးကို KIAပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့ကနေ ဗန်းမော်မြို့ကိုဆန်တက်လာတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောအချို့ကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက စက်တင်ဘာ ၂ရက်ညပိုင်းမှာ သတင်းဖော်ပြပါတယ်။

သတင်း

စက်တင်ဘာ ၂တိုက်ပွဲ စစ်သင်္ဘော၁စီး နစ်မြုပ်၊ ၂ စီး ပျက်စီးပြီး မြေပြင်စစ်တပ်စစ်ကြောင်းတပ်လန်