Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲကြောင့် နွားထိုး-ပြင်စည်လမ်းပိုင်း ညဘက်အသုံးမပြုဖို့ မြင်းခြံခရိုင်တပ်ရင်း ကြေညာ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

မြင်းခြံခရိုင်တပ်ရင်း (၄-၁၀)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - မြင်းခြံခရိုင်တပ်ရင်း (၄-၁၀)

ဇွန်၂၂၊၂၀၂၆၊ကတ်သရင်းနှင်း၊People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

ဇွန်လ၂၁ရက် မနေ့ကတည်းက နွားထိုးကြီး- ပြင်စည်လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စုတို့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ဒီထုတ်ပြန်ချက်ကို မလိုက်နာရင် တပ်ရင်းက တာဝန်ယူမှာ မဟုတ်ဘူးလို့ မြင်းခြံခရိုင်တပ်ရင်း (၄-၁၀)က ထုတ်ပြန်ထားပါတယ်။

“နွားထိုးကြီးမြို့နယ် မြောက်ခြမ်းမှာ ပစ်ခတ်သံ တွေတော့ ကြားနေရတယ်။အဲဒီဘက်က အရင်ကစစ်တပ်ကမီးရှို့ထားတာ ကုန်သလောက်ကို ဖြစ်နေလို့ ပြည်သူတွေက အရင်ထဲကရွာထဲသိပ်ပြီး ပြန်ဝင် မနေကြ တော့ဘူး”လို့ မြင်းခြံဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နွားထိုးကြီးမြို့နယ် မြောက်ခြမ်းကို ဖေဖော်ဝါရီမှာ စစ်တပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးကာ ဒေသခံ အမျိုးသမီး ၄ဦးကို အဓမ္မပြုကျင့်ခဲ့သလို ကျေးရွာ‌တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်သူ့ ဆေးရုံကို ဗုံးပေါက်ခွဲဖျက်ဆီးပြီး မီး လောင်ဗုံးတွေပါကြဲခဲ့ပါတယ်။

နွားထိုးကြီး၊တောင်သာနဲ့ မြင်းခြံမြို့နယ်တို့ကို ၂၀၂၅ ဩဂုတ်ကတည်းက စစ်တပ်က စစ်ကြောင်းထိုးကာ ရွာလုံးကျွတ်မီးရှို့တာ တွေပြုလုပ်နေပြီး PDFကင်းစင် နယ်မြေလို့ ကြေညာခဲ့တာပါ။

ဒါပေမယ့် ‌‌‌‌‌‌‌‌‌‌‌‌‌‌အဲဒီနယ်မြေတွေမှာပဲ စစ်တပ် စစ်ကြောင်းတစ်ခုလုံးပြုတ်တဲ့အထိ တိုက်ခိုက်ခံရမှု တွေဆက်တိုက်ဖြစ် နေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။