Connect with us

Hi, what are you looking for?

LuduNwayOo

အတွေးအမြင်

တော်လှန်ရေး ဆိုတာ ပရိသတ်မလိုဘူး

NUG ရဲ့ ဦးဆောင်မှု မကြိုက်လို့၊ NUG ကာဝန် အောက်မှာ မနေချင်လို့ ကိုယ်နည်း ကိုယ့်ဟန် ထ တော်လှန်တဲ့ PDF အဖွဲ့တွေရှိတယ် ကိစ္စမရှိဘူး၊ အားပေးတယ်။ ကိုးကန့်တွေတိုက်နေတာ အားပေးတယ်၊ အလောဘွန်တိုက်ပွဲတုန်းက ဒဏ်ရာရတဲ့ ရခိုင် GenZ တွေကို သွားအားပေးတုန်းက ဒဏ်ရာပျောက်ရင် ပြန်သွားချ မယ် ဆိုလို့ သဘောတွေကျခဲ့တယ်။ KNU တွေချနေပြီ အားရတယ်။

— ​ဒေါက်တာတူး​ခေါင်

တော်လှန်ရေး အတွက် အရေးပေါ် အခြေအနေ ကြေငြာတယ်ဆိုတာ ManU ပွဲကြည့်နေသလို ဘယ်ဘော်လုံးသမားကတော်တယ်၊ ဘယ်အသင်းက နည်းပြကောင်းတယ် မကောင်းဘူး၊ ဘယ်သူကစားတဲ့ အကွက်လှတယ်၊ ဘယ်တယောက်က လူကျွံတယ်၊ ဘယ်တယောက်က အသုံးမကျဘူး ဆိုပြီး ထိုင်ဝေဖန်နေဖို့မဟုတ်ပါဘူး။ အားလုံး ဝင်ကန်ရမဲ့ ပွဲပါ။

စစ်လော်ဘီတွေ NUG ရဲ့ တော်လှန်ရေးခရီးကို နည်းမျိုးစုံနဲ့ ပွဲဖျက်တာ ပြဿနာ မဟုတ်ဘူး၊ ဒါက သူတို့အလုပ်။ ဒါပေမယ့် ဟိုလိုလိုဒီလိုလို နဲ့ ဒီမိုကရေစီ ဆရာကြီးလိုလိုနဲ့ တော်လှန်ရေးကို ကိုယ်တိုင်လဲ ဘာမှ ဝင်မပါပဲ တော်လှန်ရေး လုပ်နေတဲ့လူတွေကို ဘလိုင်းကြိးဆော်နေတဲ့ အဖွဲ့တွေရှိတယ်။

NUG ရဲ့ ဦးဆောင်မှု မကြိုက်လို့၊ NUG ကာဝန် အောက်မှာ မနေချင်လို့ ကိုယ်နည်း ကိုယ့်ဟန် ထ တော်လှန်တဲ့ PDF အဖွဲ့တွေရှိတယ် ကိစ္စမရှိဘူး၊ အားပေးတယ်။ ကိုးကန့်တွေတိုက်နေတာ အားပေးတယ်၊ အလောဘွန်တိုက်ပွဲတုန်းက ဒဏ်ရာရတဲ့ ရခိုင် GenZ တွေကို သွားအားပေးတုန်းက ဒဏ်ရာပျောက်ရင် ပြန်သွားချ မယ် ဆိုလို့ သဘောတွေကျခဲ့တယ်။ KNU တွေချနေပြီ အားရတယ်။

Public Service Announcement

Public Service Announcement

ဘယ်ပုံစံနဲ့ပဲတော်လှန်လှန်၊ ဘယ်နေရာမှာပဲ တိုက်တိုက် ဘုံရန်သူ အာဏာရှင်အုပ်စု ပြုတ်ရေးသာ အဓိက ဖြစ်တယ်။ နိုင်သလောက်လုပ်မယ်။ ဒီတော်လှန်ရေးမှာ အရင်ကတည်းက တော်လှန်နေတဲ့ တိုင်းရင်းသား တပ်တချို့ကလွဲပြီး တော်လှန်ရေး ချန်ပီယံ တယောက်မှ မရှိဘူး။ နကိုယ်ကတည်းက လက်နက်ကိုင်တော်လှန်ဖို့ စိတ်ကူးခဲ့ကြတဲ့လူတွေလဲ မဟုတ်ဘူး၊ မဖြစ်မနေ လိုအပ်လို့သာ ဒီအခြေအနေထိ ဖြစ်လာတာ။ ဘာ ဖွဲ့စည်းပုံ လုပ်ထုံးလုပ်နည်းမှ မရှိတဲ့ အစိုးရ သစ်တရပ်ဟာ လပိုင်းအတွင်း ဒီအခြေအနေထိ ရောက်နေပြီ။

ပြောချင်တာက NUG ဆိုတာ ManU အသင်းလို လေ့ကျင့်ထားတဲ့ ဘော်လုံးချန်ပီယံ တွေ လာစုပြီး ကန်နေတာ မဟုတ်ဘူး။ ဘေးကနေအားပေးမယ် စိတ်ကူးရင်တော့ အပြစ်ပဲတွေ့မှာပဲ။ ကိုယ်တိုင်ကွင်းထဲ ဆင်းကန်ရမဲ့ ပွဲပါ။

(​ဒေါက်တာတူး​ခေါင်သည် အမျိုးသားညီညွတ်​ရေးအစိုးရမှ ဒုဝန်ကြီးဖြစ်သည်)

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။