Connect with us

Hi, what are you looking for?

အတွေးအမြင်

တော်လှန်ရေး ဆိုတာ ပရိသတ်မလိုဘူး

NUG ရဲ့ ဦးဆောင်မှု မကြိုက်လို့၊ NUG ကာဝန် အောက်မှာ မနေချင်လို့ ကိုယ်နည်း ကိုယ့်ဟန် ထ တော်လှန်တဲ့ PDF အဖွဲ့တွေရှိတယ် ကိစ္စမရှိဘူး၊ အားပေးတယ်။ ကိုးကန့်တွေတိုက်နေတာ အားပေးတယ်၊ အလောဘွန်တိုက်ပွဲတုန်းက ဒဏ်ရာရတဲ့ ရခိုင် GenZ တွေကို သွားအားပေးတုန်းက ဒဏ်ရာပျောက်ရင် ပြန်သွားချ မယ် ဆိုလို့ သဘောတွေကျခဲ့တယ်။ KNU တွေချနေပြီ အားရတယ်။

— ​ဒေါက်တာတူး​ခေါင်

တော်လှန်ရေး အတွက် အရေးပေါ် အခြေအနေ ကြေငြာတယ်ဆိုတာ ManU ပွဲကြည့်နေသလို ဘယ်ဘော်လုံးသမားကတော်တယ်၊ ဘယ်အသင်းက နည်းပြကောင်းတယ် မကောင်းဘူး၊ ဘယ်သူကစားတဲ့ အကွက်လှတယ်၊ ဘယ်တယောက်က လူကျွံတယ်၊ ဘယ်တယောက်က အသုံးမကျဘူး ဆိုပြီး ထိုင်ဝေဖန်နေဖို့မဟုတ်ပါဘူး။ အားလုံး ဝင်ကန်ရမဲ့ ပွဲပါ။

စစ်လော်ဘီတွေ NUG ရဲ့ တော်လှန်ရေးခရီးကို နည်းမျိုးစုံနဲ့ ပွဲဖျက်တာ ပြဿနာ မဟုတ်ဘူး၊ ဒါက သူတို့အလုပ်။ ဒါပေမယ့် ဟိုလိုလိုဒီလိုလို နဲ့ ဒီမိုကရေစီ ဆရာကြီးလိုလိုနဲ့ တော်လှန်ရေးကို ကိုယ်တိုင်လဲ ဘာမှ ဝင်မပါပဲ တော်လှန်ရေး လုပ်နေတဲ့လူတွေကို ဘလိုင်းကြိးဆော်နေတဲ့ အဖွဲ့တွေရှိတယ်။

NUG ရဲ့ ဦးဆောင်မှု မကြိုက်လို့၊ NUG ကာဝန် အောက်မှာ မနေချင်လို့ ကိုယ်နည်း ကိုယ့်ဟန် ထ တော်လှန်တဲ့ PDF အဖွဲ့တွေရှိတယ် ကိစ္စမရှိဘူး၊ အားပေးတယ်။ ကိုးကန့်တွေတိုက်နေတာ အားပေးတယ်၊ အလောဘွန်တိုက်ပွဲတုန်းက ဒဏ်ရာရတဲ့ ရခိုင် GenZ တွေကို သွားအားပေးတုန်းက ဒဏ်ရာပျောက်ရင် ပြန်သွားချ မယ် ဆိုလို့ သဘောတွေကျခဲ့တယ်။ KNU တွေချနေပြီ အားရတယ်။

Public Service Announcement

Public Service Announcement

ဘယ်ပုံစံနဲ့ပဲတော်လှန်လှန်၊ ဘယ်နေရာမှာပဲ တိုက်တိုက် ဘုံရန်သူ အာဏာရှင်အုပ်စု ပြုတ်ရေးသာ အဓိက ဖြစ်တယ်။ နိုင်သလောက်လုပ်မယ်။ ဒီတော်လှန်ရေးမှာ အရင်ကတည်းက တော်လှန်နေတဲ့ တိုင်းရင်းသား တပ်တချို့ကလွဲပြီး တော်လှန်ရေး ချန်ပီယံ တယောက်မှ မရှိဘူး။ နကိုယ်ကတည်းက လက်နက်ကိုင်တော်လှန်ဖို့ စိတ်ကူးခဲ့ကြတဲ့လူတွေလဲ မဟုတ်ဘူး၊ မဖြစ်မနေ လိုအပ်လို့သာ ဒီအခြေအနေထိ ဖြစ်လာတာ။ ဘာ ဖွဲ့စည်းပုံ လုပ်ထုံးလုပ်နည်းမှ မရှိတဲ့ အစိုးရ သစ်တရပ်ဟာ လပိုင်းအတွင်း ဒီအခြေအနေထိ ရောက်နေပြီ။

ပြောချင်တာက NUG ဆိုတာ ManU အသင်းလို လေ့ကျင့်ထားတဲ့ ဘော်လုံးချန်ပီယံ တွေ လာစုပြီး ကန်နေတာ မဟုတ်ဘူး။ ဘေးကနေအားပေးမယ် စိတ်ကူးရင်တော့ အပြစ်ပဲတွေ့မှာပဲ။ ကိုယ်တိုင်ကွင်းထဲ ဆင်းကန်ရမဲ့ ပွဲပါ။

(​ဒေါက်တာတူး​ခေါင်သည် အမျိုးသားညီညွတ်​ရေးအစိုးရမှ ဒုဝန်ကြီးဖြစ်သည်)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

Facebook