Connect with us

Hi, what are you looking for?

အတွေးအမြင်

နိုဝင်ဘာလက်​​ဆောင်ဖြစ်ရပ်ကြီးသုံးခုနဲ့ အခွင့်အလမ်း၊ တာဝန်

ပြည်တွင်းမှာလက်​တွေ့ကြကြ အင်အားတည်​ဆောက်ကြရမှာဖြစ်လို့ ပြည်ပ​ရောက်အစိုးရအဖွဲ့ဝင်​တွေပြည်တွင်းမှာ ပြန်လာစုစည်းအလုပ်လုပ်ကြဖို့ တိုက်တွန်းချက်ပဲ ဖြစ်ပါတယ်။

နိုဝင်ဘာလက်​​ဆောင်ဖြစ်ရပ်ကြီးသုံးခုနဲ့ အခွင့်အလမ်း၊ တာဝန်
နိုဝင်ဘာလက်​​ဆောင်ဖြစ်ရပ်ကြီးသုံးခုနဲ့ အခွင့်အလမ်း၊ တာဝန်

ပ/ People’ Spring

​နွေဦး​တော်လှန်​ရေးအတွက် အ​ရေးကြီးပြီးထူးခြားလှတဲ့ ဖြစ်ရပ် သုံးခု နိုဝင်ဘာလ နောက်ဆုံးပါတ်မှာ​ပေါ်​ပေါက်ခဲ့ပါတယ် ။

ပထမဆုံးဖြစ်ရပ်က​တော့ နိုဝင်ဘာ ၂၆ ရက်​နေ့မှာအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ယာယီသမ္မတ ဒူဝါလရှီးလ က အစိုးရအဖွဲ့အစည်းအဝေးမှာ NUG အစိုးရဟာ အ​ဝေး​ရောက်အစိုးရဖြစ်လို့မရဘူး။ ပြည်တွင်းမှာလက်​တွေ့ကြကြ အင်အားတည်​ဆောက်ကြရမှာဖြစ်လို့ ပြည်ပ​ရောက်အစိုးရအဖွဲ့ဝင်​တွေပြည်တွင်းမှာ ပြန်လာစုစည်းအလုပ်လုပ်ကြဖို့ တိုက်တွန်းချက်ပဲ ဖြစ်ပါတယ် ။

ဒုတိယဖြစ်ရပ်က​​တော့ ယာယီသမ္မတက NUG အစိုးရအဖွဲ့ဝင်​တွေကို ပြည်တွင်းပြန်လာဖို့ တိုက်တွန်းပြီး ​နောက်တစ်​နေ့မှာပဲ အာဏာသိမ်း​ခေါင်း​ဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ပေးဖို့ နိုင်ငံတကာ ရာဇဝတ် ခုံရုံး(ICC)တရားသူကြီးတွေကို ရှေ့နေချုပ် ကာရင် ခန်းက တောင်းဆိုလိုက်တာပါ။

Public Service Announcement

Public Service Announcement

တတိယဖြစ်ရပ်က​တော့ ကချင်လွတ်လပ်​ရေးအဖွဲ့အစည်း (KIO) ကသိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်တဲ့​ စစ်တပ်လက်​အောက်ခံ ဦးစခုန်တိန့်ယိန်း မင်းမူစိုးမိုးခဲ့တဲ့ ကချင်အထူး​ဒေသ (၁) သတ်မှတ်ချက်ကို နိုဝင်ဘာ ၂၈ ရက်​နေ့ကစပြီး အပြီးတိုင်ဖျက်သိမ်းလိုက်တာဖြစ်ပါတယ် ။

ဒီဖြစ်ရပ်ကြီး သုံးခုဟာ သုံးရက်အတွင်း ဆက်တိုက်​ပေါ်​ပေါက်လာခဲ့တာဖြစ်ပါတယ် ။ ဒီဖြစ်ရပ်သုံးခုစလုံးဟာ အာဏာသိမ်းစစ်အုပ်စုအတွက် အထိနာစရာ ၊မခံချီမခံသာဖြစ်ခဲ့သလို့ ပြည်သူ​တွေအတွက်​တော့ အားတက်စရာ​တွေဖြစ်ခဲ့ပါတယ် ။

▪︎NUG အစိုးရအဖွဲ့ဝင်​တွေပြန်လာဖို့ဘာ​ကြောင့်အ​ရေးကြီးတာလဲ

NUG ယာယီသမ္မတ ဒူဝါလရှီလက ပြည်ပ​ရောက်အစိုးရ အဖွဲ့ဝင်​​တွေအားလုံး ပြည်တွင်း ပြန်လာပြီး လက်​တွေ့ကြကြအလုပ် လုပ်ကြဖို့ တိုက်တွန်းချက်ဟာ ပြည်သူ​အများစုရဲ့ ဆန္ဒနဲ့ ကိုက်ညီသလို ၊ပြည်သူ​​တွေကိုလည်း အားတက်စရာ ဖြစ်​စေခဲ့တာကို​တွေရပါတယ် ။

အထူးသဖြင့်နွေဦး​တော်လှန်​ရေးအ​ပေါ် အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံရဲ့ ဝင်​ရောက် စွက်ဖက်မှု​တွေ ပိုပြီးအတင့်ရဲလာချိန် ၊ စစ်​ကောင်စီက ၂၀၂၅ ခုနှစ်မှာ​ရွေး​ကောက်ပွဲလုပ်ပြီးနိုင်ငံ​ရေးအရ ထွက်​ပေါက်ရှာဖို့ ကြိုးစား​နေချိန် ၊ ​NUG/PDF အပါအဝင် တော်လှန်​ရေး အင်အားစု​တွေက ​မြေပြင်မှာစိုးမိုးနိုင်တဲ့ ​ဒေသကျယ်ပြန့်လာချိန်မှာ ယာယီသမ္မတ ဒူဝါလရှီးလ က NUGအစိုးရအဖွဲ့ဝင်​​တွေကိုပြည်တွင်းမှာ စုစည်းအလုပ်လုပ်ကြဖို့ တိုက်တွန်းလိုက်တာဖြစ်ပါတယ် ။

ဒီတိုက်တွန်းချက်ဟာ ​နွေဦး​တော်လှန်​ရေးကာလ ၄ နှစ်နီးပါးအတွင်းမှာပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဒီတိုက်တွန်းချက်ဟာ ဘာ​ကြောင့် အ​ရေးကြီးလဲ ဆိုရင် တရုတ်နိုင်ငံဟာ ၂၀၂၄ သြဂုတ် လလယ်မှာ နိုင်ငံခြား​ရေးဝန်ကြီးဝမ်ယိရဲ့ ​နေပြည်​တော်ခရီးစဥ်အပြီး အာဏာလု စစ်အုပ်စုဘက်ကို သိသိသာသာရပ်တည်ခဲ့ပါတယ် ။ဒါ​ကြောင့် နိုဝင်ဘာလဆန်းမှာ အာဏာသိမ်း​ခေါင်း​ဆောင်ကို တရုတ်နိုင်ငံကူမင်းမြို့ကိုဖိတ်​ခေါ်ပြီး မဲ​ခေါင်-လန်ချန်းထိပ်သီးအည်းအ​​ဝေးတက်​ရောက်​စေပြီး အသိအမှတ်ပြု​ကြောင်းပြသခဲ့ပါတယ် ။

စစ်အုပ်စုဘက်က ဘာ​တွေ​ပေးခဲ့ရတယ်မသိ​ရ​သေးပေမယ့် မြန်မာနိုင်ငံအတွင်းကတရုတ်စီမံကိန်း​တွေလုံခြုံ​ရေးအတွက် နှစ်နိုင်ငံ ပုဂ္ဂလိကလုံခြုံ​ရေးကုမ္ပဏီခေါင်းစဥ်​အောက်က​နေ မြန်မာနိုင်ငံထဲကို တရုတ်လက်နက်ကိုင်​အဖွဲ့ဝင်တွေ ဝင်​ရောက်ဖို့ စီစဥ်​နေကြချိန်လည်းဖြစ်ပါတယ်။ စစ်​ကောင်စီ အကြပ်ဆိုက်​နေတဲ့ ဘဏ္ဍာ​ရေးအကြပ်အတည်းကို တရုတ်က ​ရေနံ နဲ့သဘာဝဓါတ်​ငွေ့ဖိုး ​ခေါင်းစဥ်အပါအဝင် ​ခေါင်းစဥ်မျိုးစုံနဲ့​ငွေ​ကြေး​ထောက်ပံ့ခဲ့ပါတယ် ။

လားရှိုးမြို့က အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကျသလို အခြားမြို့အများအပြားလည်းရက်ပိုင်းအတွင်းဆုံးရှုံးပြီး စစ်ရှုံးလို့သွေးရူး​သွေးတန်းဖြစ်​နေတဲ့ စစ်​ကောင်စီကို ဆက်ပြီးထိုးစစ်မဆင်ဖို့ တရုတ်က MNDAA ၊ TNLA ၊ KIA ၊AAတို့ကိုနည်းမျိုးစုံသုံး ဖိအား​ပေးရပ်တန့်​စေပါတယ် ။ ​တောင်ကြီး ၊မန္တ​လေး ၊မြစ်ကြီးနား ၊ဗန်​မော်စတဲ့မြို့​တွေကို ထိုးစစ်မဆင်ဖို့၊ လားရှိုး မြို့ပြန်​ပေးဖို့ အတွက်ဖိအား​ပေးတဲ့အ​နေနဲ့ တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေ ထိန်းချုပ်​ဒေသ​တွေကို နယ်စပ်ဂိတ်​တွေပိတ်တာ ၊ ​ဆေးဝါးအပါအဝင် ကုန်စည်စီးဆင်းမှု တွေ အဝင်မရှိ​အောင်ပိတ်ဆို့ဖြတ်​တောက်တာ ၊ လျှပ်စစ်မီး နဲ့ အင်တာနက်လိုင်း​တွေ ဖြတ်​တောက်တာ​တွေအထိတရုတ်အစိုးရကလုပ်ခဲ့ပါတယ် ။

MNDAA ​ခေါင်း​တောင်ဖုန်တာရွှင်ကို ​တရုတ်နိုင်ငံမှာ​ဆွေး​နွေးဖို့ဆိုပြီး​​ခေါ်ယူကာအကျယ်ချုပ်နဲ့ ထိန်းသိမ်းထားသလို ၊ ဝ ​ဒေသ​တွေမှာဆိုရင် ဂိတ်​တွေမှာ တရုတ်ရဲ နဲ့​ တရုတ်ထောက်လှမ်း​ရေး​တွေကပါ ကိုးကန့်​ဒေသထဲကို ဘာပစ္စည်းမှ မဝင်​ရောက်​အောင် ​စောင့်ကြည့်တာ​တွေအထိလွန်လွန်ကျူးကျူးလုပ်ခဲ့ပါတယ်။ တရုတ်က မြန်မာနဲ့ ပတ်သက်ပြီး မ​ကျော်ရမယ့် အနီး​ရောင်စည်းသုံးစည်းဆိုပြီး မြန်မာအ​ရေးကို ပြည်ပနိုင်ငံ​တွေ ဝင်​ရောက်စွက်ဖက်တာမရှိ​စေရဘူးလို့ ​​လူကြား​ကောင်း​အောင်ပြော​ပေမယ့် မြန်မာကိုထင်သလိုစွက်ဖက်​နေတာဟာ တရုတ်အစိုးရသာဖြစ်တယ် ဆိုတာကိုပြသလိုက်ပါတယ် ။

ဒါ​ကြောင့်အာဏာသိမ်း​ခေါင်း​​ဆောင်မင်း​အောင်လှိုင်ဦး​ဆောင်တဲ့ စစ်အုပ်စုဟာ တရုတ်​ပေးထားတဲ့အသက်ပဲရှိ​တော့တာပါ ။

ဒါ​ကြောင့်လည်း တရုတ် အစိုးရ ဆန္ဒအတိုင်း စစ်​ကောင်စီက ၂၀၂၅ ခုနှစ်မှာ ဟန်ပြ​ရွေး​ကောက်ပွဲ လုပ်ပြီး အရပ်သားအစိုးရသစ် ​ရွေး​ကောက်ပြီး ဆိုတဲ့​ခေါင်းစဥ်နဲ့ နိုင်ငံတကာရဲ့အသိအမှတ်ပြုမှု ရယူဖို့ကြံစည်​နေတာဖြစ်ပါတယ် ။​ရွေး​ကောက်ပွဲကို၂၀၂၅ နိုဝင်ဘာလုပ်မယ့်လို့ စစ်​ကောင်စီဘက်က အသံလွှင့်ထား​ပေမယ့်၊အဲထိမ​နေပဲသြဂုတ်လမှာလုပ်မယ့်လို့သတင်း​တချို့လည်းထွက်​နေပါတယ်။​ရွေး​ကောက်ပွဲမလုပ်ပဲ တရုတ်လက်ခံနိုင်မယ့်သူ​တွေနဲ့ ဟန်ပြအစိုးရအဖွဲ့ဆိုပြီး စစ်အုပ်စု ရုပ်​သေးအမည်ခံအစိုးရ အဖွဲ့ ဖွဲ့ပြီးအာဏာလွှဲ​ပေးတယ်ဆိုပြီး ဇာတ်လမ်းရိုက်ရင်လည်းမထူးဆန်းပါဘူး။

စစ်​ကောင်စီဘယ်လိုပဲကြံစည်​နေ​နေ စစ်အုပ်စုရဲ့ အကြံအစည်ကို ​တော်လှန်​ရေးအင်အားစု​တွေနဲ့ ပြည်သူ​တွေပူး​ပေါင်းပြီး ဗျူဟာကျကျ ​ချေဖျက်ပြီး ပြည်သူ့​တော်လှန်​ရေး​အောင်ပွဲရယူနိုင်ဖို့သာ အ​ရေးကြီးဆုံးဖြစ်ပါတယ် ။ ၂၀၂၄ ​ဖေ​ဖော်ဝါရီလမှာ စစ်မှုမထမ်းမ​နေရ ဥပ​ဒေဟာ မတရားမှန်းသိ​သိကြီးနဲ့​ပေါ်​ပေါက်လာခဲ့ပေမယ့် ​တော်လှန်​ရေးအင်အားစု​တွေ ထိထိ​ရောက်​ရောက်မတားဆီးနိုင်ခဲ့ပါဘူး ။ ​အောက်တိုဘာ ၁ ရက်က စတင်ခဲ့တဲ့ စစ်​ကောင်စီ သန်း​ခေါင်စာရင်း​ကောက်ယူမှုဟာလည်း နယ်​မြေစိုးမိုးမှု နည်းပါးသွားတာ​ကြောင့် စစ်​ကောင်စီက တနိုင်ငံလုံးလွှမ်းခြုံမ​ကောက်နိုင်​ပေမယ့် စစ်အုပ်စုစိုးမိုးတဲ့​ဒေသ​တွေမှာ​တော့ ​ကောက်ယူသွားနိုင်ခဲ့ပါတယ် ။

ဒါ​ကြောင့် တရုတ်အစိုးရအားကိုး နဲ့ ၂၀၂၅ ​ရွေး​ကောက်ပွဲနဲ့ စစ်အုပ်စု သက်ဆိုး​ရှည်ဖို့ စစ်​ကောင်စီရဲ့ အစီအစဥ်ကို​တော့ ​တော်လှန်​ရေးအဖွဲ့​တွေက ​အောင်မြင်စွာတားဆီးပြီး စစ်အုပ်စုကိုဖြုတ်ချနိုင်ဖို့ဆိုတာ ​နွေဦး​တော်လှန်​ရေးရဲ့ အဆုံးအဖြတ် တိုက်ပွဲ​တွေဖြစ်လာပါပြီ ။ စစ်​ကောင်စီရဲ့ ​ဟန်ပြရွေး​ကောက်ပွဲဟာ ၂၀၂၅ နိုဝင်ဘာလမှာလုပ်မယ့်ဆိုရင်​တောင် အချိန်ဟာတစ်နှစ်မကျန်​တော့ပါဘူး ။ ကြားဖြတ်အစိုးရဆိုပြီး ဇာတ်ကွက်​ပြောင်းရင်အချိန်ကဒီထက်ပိုနည်းမှာပါ။

ဒီလို ​နွေဦး​တော်လှန်​ရေးရဲ့ အ​ရေးကြီးဆုံးအချိန်မှာ NUGယာယီ သမ္မတက အစိုးရအဖွဲ့ဝင်​တွေကို ပြည်တွင်းပြန်လာ အလုပ်လုပ်ဖို့ တိုက်တွန်းချက်ဟာအလွန်သင့်​တော်ပါတယ်။ အခုလို​ပြောတာဟာ NUG အစိုးရအဖွဲ့ဝင်​တွေရဲ့အခက်အခဲ​တွေကို မစာနာလို့ ၊ ပြည်ပနိုင်ငံ​တွေမှာ​ရောက်​နေတာကိုမနာလိုမရှုစိမ့်လို့မဟုတ်ပါဘူး။တကယ်​တော့NUG အစိုးရအဖွဲ့ဝင် အများစုဟာ ​တော်လှန်​ရေး အ​စောပိုင်းကတည်းက စစ်အာဏာရှင် ပြုတ်ကျ​ရေးကြိုးပမ်းမှု​တွေ​ကြောင့် ​နေအိမ်​ နဲ့ ပိုင်ဆိုင်မှု​တွေ ချိတ်ပိတ်ခံရတာ ၊ ဖမ်းဝရမ်းအထုတ်ခံရတာ ၊တချို့ ​တော်လှန်​ရေးကာလမှာပဲ မိသားစုဝင်​တွေဆုံးရှုံးတာ၊ ပြည်ပ​ရောက်​နေချိန်မှာလည်း အချိန်ကွာဟမှု​တွေကြားက ကိုယ်​ရောစိတ်ပါကာလရှည် အပင်ပန်းခံအလုပ်လုပ်​တာ စတဲ့ အခက်အခဲ​မျိုးစုံ ရင်ဆိုင်ကြုံ​တွေ့ခဲ့ကြသူ​တွေဖြစ်ပါတယ် ။

ဒါ​ကြောင့် အခက်အခဲမျိုးစုံကြားက ပြည်သူနဲ့ နိုင်ငံ​တော်သစ်အတွက် ကြိုးပမ်း​ပေးမှု​တွေအ​ပေါ်အသိအမှတ်ပြုရမယ့်သူ​တွေဖြစ်ပါတယ် ။ NUG ဝန်ကြီး ပြည်တွင်းမှာရှိတယ် ဆိုရင် စစ်အုပ်စုက ​လေ​ကြောင်းက အပြင်းအထန်​ခြေရာခံ ဗုံးကြဲတာအပါအဝင် နည်းမျိုးစုံနဲ့ အသက်အန္တရာယ်ပြုဖို့ လုပ်​နေတဲ့ကြားကပဲ ပြည်တွင်းမှာပဲ ​နေထိုင်လုပ်ကိုင်​နေတဲ့ အစိုးရအဖွဲ့ဝင်​တွေလည်းအများကြီးရှိပါတယ်။ ယာယီသမ္မတ ၊ဝန်ကြီးချုပ် ၊ကာကွယ်​ရေးဝန်ကြီး ၊ပြည်ထဲ​ရေးဝန်ကြီး၊သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးစတဲ့ ဝန်ကြီး​တွေ ၊ဒုဝန်ကြီးအများစုဆိုရင်လည်း ပြည်တွင်းမှာပဲ အန္တရာယ်ကြားက​နေလုပ်​နေကြတာဖြစ်ပါတယ်။

ဝန်ကြီးအားလုံးပြန်လာဖို့မလိုတာကိုလည်းပြည်သူ​တွေက ​ကောင်း​ကောင်းသ​ဘော​ပေါက်ပါတယ် ။နိုင်ငံခြား​ရေးဝန်ကြီး လိုနိုင်ငံတကာနဲ့ဆက်ဆံရတဲ့ဝန်ကြီး​တွေ ၊ပြည်ပမှာရှိ​နေမှ အလုပ်ပိုလုပ်နိုင်တဲ့ဝန်ကြီးတွေ ၊ လတ်တ​လော ဗီဇာ နဲ့ ခရီးသွားဖို့စာရွက်စာတမ်းအခက်အခဲရှိတဲ့ အစိုးရအဖွဲ့ဝင်​​တွေ ပြန်မလာ​သေးပဲ ပြန်လာဖို့လိုအပ်သူ​တွေ ပြန်လာနိုင်သူ​တွေ ပြန်လာအလုပ်လုပ်ကြဖို့ကို​တော့ ပြည်သူ​တွေက လက်​တွေ့ကြကြ​မျှော်လင့်​နေကြတာ​တွေ့ရပါတယ် ။

ဒါ​ကြောင့်”အခုဆိုရင် တော်လှန်ရေးဟာ (၄) နှစ်ပြည့်လာတော့မှာဖြစ်ပါတယ်။ အခြေအနေ ပေးထားချက်တွေထဲကနေ အလုပ်ဖြစ်အောင် ကျရာကဏ္ဍကနေ ကိုယ်စီ ပါဝင် ထမ်းရွက်ကျတဲ့ ကျွန်တော်တို အစိုးရအဖွဲဝင်အားလုံးကို ကျွန်တော် လေးစားဦးညွှတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တိုသတိချပ်ဖို လိုတာက အင်အားဆိုတာက ပြည်တွင်းမှာ အခြေစိုက်ရပါတယ်။ ကျွန်တော်တို အန်ယူဂျီအစိုးရက “အဝေးရောက်အစိုးရ” ဖြစ်လို မရပါဘူး။ လက်တွေ့ကျကျ မြေပြင်မှာ အင်အားတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လေးလေးနက်နက် တိုက်တွန်းချင်တာကတော့ – ကျွန်တော်တို အစိုးရအဖွဲဝင်တွေအားလုံး – အင်အားတွေကို ပြည်တွင်းမှာ လာစုကြဖို လက်တွေ့ကျကျ လုံလထုတ်စေချင်ပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းအတွက် အချိန်ယူသင့်သလောက် ယူပြီးပြီလိုလည်း ပြောနိုင်သလို၊ အချိန်ပေးသင့်တာထက် ပိုပြီး ပေးခဲ့ပြီးပြီလိုလည်း ပြောနိုင်ပါတယ်။ ဒါ့ကြောင့် မြေပြင်အင်အားကို စုစည်းဖိုအတွက် ပြည်တွင်းမှာ အင်အားတွေလာစုဖို နိုင်ငံပြင်ပကို ရောက်ရှိနေကြတဲ့ အစိုးရအဖွဲဝင် များကို အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။ ပျံ့နေတဲ့ အလင်းတွေကို မှန်ဘီလူးနဲ့ စုဆုံပြီး မီးတောက်တစ်ခု အစထပ်ပျိုးကြဖိုလည်း တိုက်တွန်းလိုပါတယ်” ဆိုတဲ့ ယာယီသမ္မတရဲ့တိုက်တွန်းချက်ဟာပြည်သူအများစုရဲ့ ဆန္ဒနဲ့ထင်ဟပ်​နေပါတယ် ။

အခုဆိုရင် ​တော်လှန်​ရေးအဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့​ပေါင်း ၉၀ နီးပါးရှိသလို စိုးမိုးထားတဲ့​ဒေသအများအပြားရှိတာ​ကြောင့် ပြည်တွင်းမှာရှိတဲ့ အခြားဝန်ကြီး​တွေ၊ ​တော်လှန်​ရေး​ခေါင်း​ဆောင်​တွေလို စစ်​ကောင်စီ​​လေ​ကြောင်းရန်ကိုတိမ်း​ရှောင်နည်း​သိဖို့ မခက်ခဲ​တော့ပါဘူး။ ​ဒီမြို့​ပေါင်း ၉၀ ​လောက်မှာ PDF ​တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့​ပေါင်း စစ်ကိုင်းနဲ့ မန္တ​လေးတိုင်းမှာအနည်းဆုံး ၈ မြို့ရှိပါတယ် ။

၁၉၉၀ တုန်းက အ​ဝေး​ရောက်အစိုးရအဖြစ်နဲ့ပဲဇာတ်သိမ်းခဲ့ရတဲ့ NCGUB တုန်းက အခုလိုအဆင့်ကိုမ​ရောက်ခဲ့ပါဘူး။​ နွေဦး​တော်လှန်​​ရေးဟာ လွတ်လပ်​ရေးရပြီး​နောက်ပိုင်းမှာ ​ခေတ်သစ်သမိုင်းမှာအကြီးကျယ်ဆုံး ပြည်သူလူထုပါဝင်မှု ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​ပေါင်းစုံပါဝင်မှုအများဆုံးနဲ့ အကြီးကျယ်ဆုံး​၊ အောင်မြင်မှု အများဆုံးရထားတဲ့တော်လှန်​ရေးဖြစ်ပါတယ် ။

မြန်မာ့သမိုင်းတ​လျှောက်မှာ ဒီလို စုစည်းမှုနဲ့ အခွင့်အ​ရေး ထပ်မရနိုင်​တော့တဲ့အတွက် “အဆုံးသတ်တိုက်ပွဲ-End Game” မှာ ပြည်သူ​တွေရဲ့ ဆန္ဒနဲ့ ရည်မှန်းချက်အတိုင်း ​အောင်ပွဲနဲ့ အဆုံးသတ်နိုင်ဖို့ အလွန်အ​ရေးကြီးပါတယ်။

​နွေဦးတော်လှန်​ရေးရဲ့အ​ရေးကြီးဆုံးအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​​တွေ၊​တော်လှန်​ရေးအင်အားစုတွေ နဲ့ အတူ ​မြေပြင်နေထိုင်လုပ်ကိုင်မယ်ဆိုရင် ​တော်လှန်​ရေးအင်အားစု​တွေကြားယုံကြည်မှု ၊​လေးစားမှု ၊စုစည်းမှု​ ၊ပူး​ပေါင်း​ဆောင်ရွက်မှုတွေပို​ကောင်းလာမယ်ဆိုတာမြင်သာတဲ့ ရလဒ်ဖြစ်ပါတယ် ။ ဒါဆိုရင် ​နွေဦး​တော်လှန်​ရေး အဆုံးသတ်တိုက်ပွဲမှာ အ​ရေးကြီးဆုံး အချက်ဖြစ်တဲ့ ​တော်လှန်​ရေးအင်အားစု​တွေကြား ဘုံရည်မှန်းချက်အတွက် စုစည်းညီညွတ်မှု ရဖို့အခွင့်အလမ်းလည်းပိုပွင့်လမ်းလာမှာဖြစ်ပါတယ် ။

စစ်အုပ်စုအတွက်​တော့ ဒီအ​ခြေအ​နေ​ရောက်လာမှာကိုအ​ကြောက်ဆုံးဖြစ်ပါတယ် ။ဒါ​ကြောင့် တရုတ်အစိုးရ စွက်ဖက်မှု​ကြောင့်​တော်လှန်​ရေးအဖွဲ့​တွေဖိအားများချိန်မှာ NUG အစိုးရအဖွဲ့ဝင်​တွေဟာ ​ဖိအားကိုမ​ကြောက်ပဲ ပြည်တွင်းပြန်ဝင်လာပြီး စိန်​ခေါ်မှုကိုရင်ဆိုင် အလုပ် လုပ်မယ်ဆိုရင် ​တော်လှန်ပြည်သူ​တွေအတွက် ခွန်အားတိုးစေမှာဖြစ်သလို ၊စစ်အုပ်စုအတွက်​တော့ အိပ်မက်ဆိုးဖြစ်လာပါလိမ့်မယ် ။

NUG အစိုးရအဖွဲ့ဝင်​တွေအားလုံးအိမ်ပြန်ချင်ကြသူ​တွေပဲဖြစ်ပြီး ပြန်သင့်သူ​တွေ ၊ပြန်နိုင်သူ​တွေပြန်ဖို့ စီစဥ်​နေပြီလို့ ပညာ​ရေးနဲ့ ကျန်းမာ​ရေးဝန်ကြီး ​ဒေါက်တာ​ဇော်​ဝေစိုးက ဒီဇင်ဘာ ၁ ရက်က ပြည်သူမှ ပြည်သူအစီအစဥ်မှာ ​ပြောကြာထားပါတယ် ။ယာယီသမ္မတရဲ့​ပြောကြားချက်ဟာ မဟာဗျူဟာဖြစ်တယ်လို့လည်းသူကဆိုပါတယ်။ဒါ​ပေမယ့် ဝန်ကြီးအားလုံး ပြည်တွင်းပြန်ဝင်တာမဟုတ်ပဲ နိုင်ငံတကာနဲ့ဆက်သွယ်လုပ်ရမယ့်သူ​တွေက နိုင်ငံတကာမှာပဲ ​နေထိုင်လုပ်ကိုင်တာ၊ နယ်စပ်​ဒေသမှာ အိမ်နီးချင်းအပါအဝင် ပြည်ပနိုင်ငံက လာ​ရောက်သူ​တွေနဲ့ ဆက်သွယ်ထိ​တွေ့လုပ်ကိုင်ဖို့လိုသူ​တွေကနယ်စပ်မှာ​နေထိုင်တာ ၊ ပြည်တွင်း​မြေပြင်မှာ လုပ်ကိုင်ဖို့လိုသူ​တွေက ​မြေပြင်သွား​ရောက်တာမျိုး ဖြစ်ဖို့လိုတယ်လို့လည်း​ဒေါက်တာ​ဇော်​ဝေစိုးက ရှင်းပြခဲ့ပါတယ် ။

▪︎​မင်း​အောင်လှိုင် နဲ့ အိုင်စီစီ ဖမ်းဝရမ်း

မလုပ်ရဲတာမရှိဘူးဆိုပြီး ​သေနတ်အားကိုပြီး အာဏာသိမ်းခဲ့တဲ့ မင်း​အောင်လှိုင်ကို ၂၀၁၇ ခုနှစ်မှာရိုဟင်ဂျာတွေ အပေါ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ICC မှာ နိုဝင်ဘာ ၂၇ ရက်က ဖမ်းဝရမ်း​လျှောက်ထားမှု​ ဟာ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ပြည်သူ​တွေအတွက်ရှားပါးလှတဲ့ စိတ်​ကျေနပ်မှု ရ​စေတဲ့​နေ့ရက်တစ်ခုဖြစ်ခဲ့ပါတယ် ။ ပြည်သူအများစုက ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်​နေ့ကစပြီး မင်း​အောင်လှိုင်နဲ့ စစ်အုပ်စုကိုအ​ရေးယူ​ပေးနိုင်မယ့်သူကို​စောင့်​နေကြတာပါ ။

စစ်​ကောင်စီက​တော့ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်လို့ICCရဲ့ ပြောကြားချက်တွေကို အသိအမှတ် မပြုဘူးလို့ ဆို​ပေမယ့် နိုင်ငံတကာအသိအမှတ်ပြုမှုလို့ချင်တဲ့အုပ်စု​ခေါင်း​ဆောင်ဟာ နိုင်ငံတကာဝရမ်း​ပြေးဖြစ်လာမယ့်အ​ခြေအ​နေကို ထိတ်​လန့်နေမှာ​သေချာပါတယ်။ ရာထူး ၊အာဏာ ၊ ဂုဏ် နဲ့ ဘွဲ့ဆိပ်​တွေ မက်​မောလှတဲ့ မင်း​အောင်လှိုင်အတွက်လည်း အာရှတိုက်မှာ ပထမဆုံး ICC ရဲ့ ဖမ်း ဝရမ်း​ထုတ်ခံရသူ ဆိုတဲ့ ဂုဏ်ပုဒ်ထပ်တိုးလာ​တော့အ​ခြေအ​နေက အရှိုက်ကို ဓါးနဲ့အထိုးခံရသလိုပါပဲ ။

အာဏာလု​ခေါင်း​ဆောင်အတွက် အသက်​ပေးတိုက်ပွဲဝင်​​နေတဲ့ စစ်တပ်အတွင်းမှာလည်း သူတို့​​ခေါင်း​ဆောင်က နိုင်ငံတကာ ရာဇဝတ်သား ၊ဝရမ်း​ပြေးဖြစ်လာမယ်ဆိုရင် ဘယ်လို ရိုက်ခတ်မှု​တွေကြုံရမလဲ ဆိုတာ ​စောင့်ကြည့်ရမှာဖြစ်ပါတယ် ။

​ခေတ်အဆက်ဆက် လူမျိုးတုန်းသတ်ဖြတ်မှု​တွေ ၊ စစ်ရာဇဝတ်မှု​တွေကို အကြိမ်ကြိမ်ကျူးလွန်ခဲ့​ပေမယ့် ကင်းလွတ်ခွင့်ရ​ခဲ့တဲ့၊ ရ​နေတဲ့ မြန်မာစစ်အာဏာရှင်​​တွေအတွက် ICCရဲ့ဖမ်းဝရမ်းဟာ ကြီးမားတဲ့အချက်​ပေးသံဖြစ်လာခဲ့ပါပြီ ။ နစ်နာခဲ့ရတဲ့ ​ရိုဟင်ဂျာပြည်သူ​တွေအပါအဝင် ​ခေတ်အဆက်ဆက်က ပြည်သူ​တွေအတွက်လည်း တရားမျှတမှုကို အရင်ကထက်ပို​မျှော်လင့်လာနိုင်ကြမှာဖြစ်ပါတယ် ။​တော်လှန်​ရေးအင်အားစု​တွေအတွက်လည်း ICC ရဲ့ဖမ်းဝရမ်း​ကြောင့်​ပေါ်လာမယ့်အခွင့်အလမ်း နဲ့ ခွန်အားကို စစ်အာဏာရှင်ဖြုတ်ချ​ရေးအတွက် အသုံးပြုနိုင်ကြဖို့လိုအပ်ပါတယ်။

▪︎KIA ရဲ့ ပြတ်သားမှု နဲ့ နိုင်ငံ​ရေး ဦး​ဆောင်မှု

ကချင်လွတ်လပ်​ရေးအဖွဲ့ (KIO) ၊ဗဟို​ကော်မတီရဲ့ ကချင်အထူး​ဒေသ(၁) သတ်မှတ်ချက် ဖျက်သိမ်းမှုနဲ့ အဲဒီ​ဒေသက ပြည်သူ​တွေ ၊ရင်းနှီးမြှပ်နှံသူ​တွေ စိုးရိမ်စိတ်မရှိ​ပဲ KIO နဲ့အတူ ဘက်စုံဖွံ့ဖြိုး​ရေးအတူတကွတည်​ဆောက်ဖို့ ဖိတ်​ခေါ်ချက်ဟာ ကချင်ပြည်နယ်အတွက်တင်မကပဲ စစ်အာဏာရှင်​တော်လှန်​နေတဲ့ ပြည်သူ​တွေ ၊အင်အားစု​တွေကို စိတ်ခွန်အား​တွေ​ပေးပါတယ် ။

ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA)ဟာ တရုတ်ဖိအား​ပေး​နေတဲ့ ကြားကပဲ ဦးစခုန်တိန့်ယိန်းရဲ့ ကချင်အထူး​ဒေသ(၁)က ချီ​ဖွေ ၊​ဆော့​လော် ၊ပန်ဝါ၊ ဖီ​မော် ၊ ကံပိုက်တည် စတဲ့ မြို့​တွေ၊စစ်တပ်လက်​အောက်ခံ နယ်ခြား​စောင့်တပ်ရင်း​တွေ၊ပြည်သူ့စစ်စခန်း​တွေကို ဆက်တိုက်သိမ်းပိုက်ခဲ့တာပါ။ တရုတ်က မြစ်ကြီးနားနဲ့ ဗန်​မော်မြို့ ​တွေကိုထိုးစစ်မဆင်ဖို့ ဖိအား​ပေးချိန်မှာ တရုတ်မက်​လှတဲ့ ​ အဖိုးတန် မြေရှားသတ္ထု​တွေထွက်တဲ့ ​ဒေသတစ်ခုလုံးကို သိမ်းပိုက်ခဲ့ပါတယ် ။

တရုတ်က ဖိအား​​ပေးတဲ့အ​နေနဲ့ နယ်စပ်ဂိတ်​တွေ ပိတ်တာ ၊ ကုန်စည်​တွေ မဝင်​ရောက်​အောင်ပိတ်ပင်တာ​တွေကိုလည်း KIO/KIA က ဒီဘက်က နယ်စပ်ဂိတ်ကို ပြန်ပိတ်ပြီး တုံ့ပြန်ခဲ့ပါတယ် ။ တရုတ်အစိုးရက စိတ်ထင်တိုင်း အနိုင်ကျင့်ဖိအား​ပေး​နေတဲ့ အ​ခြေအ​နေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်တာဟာ တရုတ်အစိုးရရဲ့ ဖိအားကိုဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာအတွက် ​ရှေ့​ဆောင်လမ်းပြ လုပ်ရပ်​တွေဖြစ်လာပါတယ် ။

အခုဆိုရင် KIA ဟာ ကချင်ပြည်နယ်မှာ အနည်းဆုံးမြို့​​ပေါင်း ၁၄ မြို့ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ် ။ KIO/KIA ဟာ ​နွေဦး​တော်လှန်​ရေးအစကတည်းကပြည်သူနဲ့အတူရပ်တည်ခဲ့သလို NUG/PDF ​တွေကို အကူအညီအ​ပေးဆုံး၊အတွဲညီဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေထဲက တစ်ဖွဲ့ဖြစ်ပါတယ် ။ ဒါ​ကြောင့် NUG အစိုးရအဖွဲ့က အစိုးရအဖွဲ့ဝင်​တွေ ပြည်တွင်းပြန်ဝင်လာရင် ​နေထိုင်လုပ်ကိုင်နိုင်မယ့် ​​ဒေသ​​တွေအ​စီစဥ်​ပေးနိုင်မယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လည်းဖြစ်ပါတယ် ။

ဒါ​ကြောင့် အထက်ပါ ဖြစ်ရပ်ကြီးသုံးခုဟာထူးခြားသလို ​နွေဦး​တော်လှန်​ရေးအတွက် ​ကောင်းမွန်တဲ့အ​ရွေ့ကြီးဖြစ်လာဖို့လည်း ​တော်လှန်​ရေးအင်အားစု​တွေကအတူကြိုးစားကြဖို့အ​ရေးကြီးလှပါတယ်။

အ​ရေးကြီးဆုံးအချိန်မှာ ထားရမယ်စိတ်ထားနဲ့ ခံယူချက်ကိုဒူဝါလရှီးလက ​အောက်ပါအတိုင်း​ပြောထားပါတယ်။ “အပြောင်းအလဲတွေက ခပ်စိပ်စိပ်လာနေတယ်ဆိုတာ တွေ့ရပါတယ်။ တချိုကလည်း အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး စိုးရိမ်ချက်တွေ ရှိနေတာတွေ့ရပါတယ်။ တကယ်တော့ တော်လှန်ရေးဆိုတဲ့ အနက်သဘောကိုယ်၌က၊ အပြောင်းအလဲကို ဖော်ဆောင်ခြင်းဖြစ်တယ်ဆိုတာကို ကျွန်တော်တို အားလုံး သတိရဖို လိုပါတယ်။ အဲသည့် အပြောင်းအလဲ‌တွေဟာ တိုင်းပြည်နဲ့ လူထုအတွက် ကောင်းတဲ့ အပြောင်းအလဲတွေဖြစ်ဖိုပဲကျွန်တော်တို အားလုံး ဝိုင်းဝန်း ရှေ့ရှုရမယ်လို ယူဆရပါတယ်။ ကျွန်တော်တိုဟာ အပြောင်းအလဲကို စိုးရိမ်လို့မရပါဘူး။

အပြောင်းအလဲကို ကြီးမှူးနိုင်ဖိုကသာ အဓိကကျတယ်လို နားလည်ထားဖို လိုပါတယ်”။ ။

ဆက်စပ်သတင်းများ