Connect with us

Hi, what are you looking for?

အတွေးအမြင်

“အာဏာရှင်များနဲ့သူတို့ရဲ့လေလုံးများ”

ပြီးခဲ့တဲ့ မတ်လ၁၈ရက်နေ့က အမေရိကန်သမ္မတဟောင်းဂျွန်အက်ဖ်ကနေဒီကို လုပ်ကြံသတ်ဖြတ်မှုနဲ့ ပက်သက်ပြီးစုံစမ်းစစ်ဆေးတဲ့ ဖိုင်ပေါင်း၂,၂၀၀ ကို ပြည်သူတွေကိုကြည့်ရှူခွင့်ပေးလိုက်ပါတယ်။ ၃၅ ယောက်မြောက်သမ္မတ ဂျွန်အက်ဖ်ကနေဒီဟာ ၁၉၆၃ ခုနှစ်က ဒါးလက်စ်မြို့မှာ စနိုက်ပါနဲ့ပစ်ခံရပြီးသေဆုံးခဲ့တာပါ။

သစ်ရွက်​ရေးသားသည်

ပြီးခဲ့တဲ့ မတ်လ၁၈ရက်နေ့က အမေရိကန်သမ္မတဟောင်းဂျွန်အက်ဖ်ကနေဒီကို လုပ်ကြံသတ်ဖြတ်မှုနဲ့ ပက်သက်ပြီးစုံစမ်းစစ်ဆေးတဲ့ ဖိုင်ပေါင်း၂,၂၀၀ ကို ပြည်သူတွေကိုကြည့်ရှူခွင့်ပေးလိုက်ပါတယ်။ ၃၅ ယောက်မြောက်သမ္မတ ဂျွန်အက်ဖ်ကနေဒီဟာ ၁၉၆၃ ခုနှစ်က ဒါးလက်စ်မြို့မှာ စနိုက်ပါနဲ့ပစ်ခံရပြီးသေဆုံးခဲ့တာပါ။

ထရန့်ဖွင့်ချလိုက်တဲ့အက်ဖ်ဘီအိုင်ရဲ့စာရွက်စာတမ်းတွေကိုသတင်း စာဆရာတွေ၊သမိုင်းပညာရှင်တွေ၊ သုတေသီတွေကသူ့ထက်ငါဦးအောင်လေ့လာကြပါတယ်။ ကနေဒီလုပ်ကြံခံရမှုနောက်ကွယ်က လက်မည်းကဘယ်သူလဲ။ နောက်ဆုံးတော့စာရွက်တွေထဲမှာဘာမှထူးထူးခြားခြားမတွေ့ရပါဘူး။တကယ်တော့ ကနေဒီအသတ်ခံရချိန်ကတည်းက တကယ်သတ်တဲ့သူကထုတ်ဖေါ်ကြေညာပြီးသား ဖြစ်ပါတယ်။

ဟေတီနိုင်ငံရဲ့အာဏာရှင် “ဖရန်ဆွာ ဒူဗဲလ်လီယား” ဖြစ်ပါတယ်။ သူ့ကို ”ပါပါဒေါက်”လို့လည်းခေါ်ကြပါတယ်။ သူဟာဆရာဝန်တစ်ယောက်ဖြစ်ပြီး သူ့ကိုယ်သူအစွမ်းထက်တဲ့ မှော်ဆရာ အဖြစ်လည်းကြေညာထားခဲ့သူပါ။ သမ္မတ ကနေဒီသေအောင်သူ့မှော်ပညာ (Voodoo) နဲ့စီရင်ခဲ့ ပါတယ်လို့သူကဝင့်ကြွားစွာပြောပါတယ်။

Public Service Announcement

Public Service Announcement

ရယ်သွမ်းသွေးပြီးလျှော့တော့မတွက်လိုက်ပါနဲ့၊ သူပြောတာကိုယုံကြည်သူအများအပြားရှိခဲ့ပါတယ်။ ဒူဗဲလ်လီယားက သူဟာဗလာဒီမာလီနင်၊ ယေရှုခရစ်တော်တို့နဲ့တန်းတူဖြစ်ကြောင်းလည်းပြောလေ့ ရှိသူပါ။

ယုံဖို့ဆိုတာမဖြစ်နိုင်လောက်အောင်ခက်ခဲတဲ့ အလိမ်အညာဝါဒဖြန်ချိရေးတွေကိုဖန်တီးမှုဟာ အာဏာရှင်တွေရဲ့ ဘုံအမှတ်တံဆိပ်ဖြစ်ပါတယ်။
ကိုယ့်ကိုကိုယ်ကိုယ်ရည်သွေးပြီးကိုယ့်စကားကိုကိုယ်ပြန်ယုံသွားတာလည်းသူတို့ပဲဖြစ်ပါတယ်။

မြောက်ကိုရီးယာက လက်ရှိအာဏာရှင်ကင်မ်ဂျုံအမ်ရဲ့မွေးသဖခင် ကင်မ်ဂျုံအီ အကြောင်းကြည့်ကြရအောင်ပါ။ မျက်နှာကမုန့်ပျားသလက်နဲ့တူပြီး အရပ် ၅ ပေကျော်ကျော်သာရှိတဲ့ အာဏာရှင်ဟာဆူဖြိုးတဲ့ဗိုက်တစ်လုံးကိုတော့ပိုင်ဆိုင်ထားပါတယ်။သူ့ဖခင်လောက် ရုပ်ရည်ဆွဲဆောင်မှုမရှိတဲ့ ကင်မ်ဂျုံအီလ်ဟာသူ့မှာ သဘာဝလွန်အစွမ်းတွေရှိကြောင့်ဝါဒဖြန့်ရပါတော့တယ်။

(၁) သူဟာမွေးပြီး ၃ ပတ်ကတည်းကလမ်းစလျှောက်သူပါတဲ့။

(၂) ၂ လသားမှာစကားကိုသွက်သွက်လက်လက်ပြောနိုင်နေပါပြီတဲ့ (တကယ်တော့ကွယ်လွန်ခါနီးအထိစကားပြောရင်လိပ်ပတ်လည်သူမဟုတ်ပါ)။

(၃) သူဟာစိတ်စွမ်းအင်နဲ့ရာသီဥတုကိုပြောင်းလဲစေနိုင်ပါသတဲ့။

(၄) သူဟာစာအုပ်ပေါင်း ၁,၅၀၀ကိုရေးခဲ့သူပါ။

(၅) သူဂေါက်ဖ်စရိုက်တဲ့နေ့မှာ တစ်ချက်ထဲနဲ့ကျွင်းဝင်အောင် ၁၈ကြိမ် ရိုက်နိုင်ခဲ့ပါသတဲ့။ (Tiger Woods တော့ပျင်းသနားပါတယ်)

(၆) သူ့ခန္တာကိုယ်ဟာမြင့်မြတ်လွန်းလို့ အပေါ့ရောအလေးပါမထွက်တဲ့အတွက်သူ့အတွက်အိမ်သာမလိုပါဘူးတဲ့။ (လူရှေ့သူရှေ့သွားချင်တဲ့ အခါ ဘယ်လိုဖြေရှင်းတယ်မသိပါ၊ ပဲကြီးနဲ့မန်ကျည်းသီးကို ရာသက်ပန်ရှောင်ရမယ်ထင်ပါတယ်)။

(၇) ဟမ်ဘာဂါဆိုတာသူတီထွင်တဲ့အစားအစာပါတဲ့။

မယုံမရှိပါနဲ့၊ သူ့ပရိတ်သတ်နဲ့သူတော့ ဒုနဲ့ဒေးပါပဲ။ သူကွယ်လွန်တော့ပြုံယမ်းကလမ်းမတွေပေါ်မှာလူးလှိမ့်နေသူတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။

တချိန်က ဆိုဗီယက်ရုရှရဲ့ခေါင်းဆောင်ကြီးစတာလင်ကလည်းခေသူတော့မဟုတ်ပါ။သူကအစောကြီး ရှေးကျပေမယ့်ခေတ်မှီပြီးနည်းပညာတွေအသုံးချနိုင်သူပါ။ တကယ်တော့ဆိုဗီယက်ကွန်မြူနစ်ပါတီမှာ ခေါင်းဆောင်ကြီးလီနင် ပြီးရင် လူကြိုက်များသူထဲမှာစတာလင်မပါခဲ့ပါဘူး။ ဒါပေမယ့်စတာလင်က သူ့နေရာကိုရအောင်ဖန်တီးယူခဲ့ပါတယ်။

လီနင်စပြီးကျန်းမာရေးမကောင်းတဲ့အချိန်တွေမှာ ရံဖန်ရံခါသွားလည်ပတ်တဲ့စတာလင်ဟာသူတို့နှစ်ယောက်ဓါတ်ပုံကို အရိုက်ခံခဲ့ပါတယ်၊ ပြီးတော့ အဲဒီဓါတ်ပုံကို သူ့အတွက်စည်းရုံးရေးတွေမှာ သုံးဖို့ဓါတ်ပုံကျွမ်းကျင်သူတွေရဲ့အကူအညီနဲ့ စိတ်ကြိုက်ပြင်ဆင်တော့တာပါပဲ။ ပုံထဲမှာပါတဲ့ လီနင်ရဲ့ပုံ့ကိုနည်းနည်းကျုံ့ပြီး သူ့ပုံကိုချဲ့လိုက်တာပါ။ သူ့ရဲ့သိမ်ပြီးတိုနေတဲ့ညာလက်ကိုလည်း ဆွဲဆန့်လိုက်ပါတယ်။ ပြီးတော့ သူ့ပုံကိုလီနင်အနားကို နည်းနည်းတိုးလိုက်ပါတယ်။

ဓါတ်ပုံကိုကြည့်သူတွေရဲ့အမြင်မှာစတာလင်ကလီနင်ကိုလွှမ်းမိုးနေပြီးသူတို့နှစ်ဦးအရမ်းရင်းနှီးနေပုံကို ခံစားရမှာပါ။ ဒီဓါတ်ပုံနဲ့သူတစ်သက်လုံးလုပ်စားခဲ့ပါတယ်။

အီရတ်နိုင်ငံရဲ့အာဏာရှင် ဆက်ဒမ်ဟူစိန်ကတော့ ဒီလိုပါ။ ဘုရားသခင်ကသူ့ကို အီရတ်ကိုရာသက်ပန် အုပ်ချုပ်ဖို့တာဝန်ပေးပါတယ်လို့သူကဆိုပါတယ် (သူ့ကိုကြိုးစင်ပေါ်တင်တဲ့ အမေရိကန်တွေကတော့ သဘောတူပုံမရပါ)။ ပြီးတော့သူဟာအာရပ်ကမ္ဘာရဲ့သမိုင်းမှာအင်မတန်လူတွေလေးစားခံရတဲ့ ဆာလာဒင်ဘုရင်ဝင်စားတယ်လို့လည်းဆိုပါတယ်။ ဆာလာဒင်ဟာ တတိယခရူးဆိတ်စစ်ပွဲရဲ့ သူရဲကောင်း ဖြစ်ပြီးလက်ရုံးရည်ရောနှလုံးရောရည်ပါပြည့်စုံသူလို့အသိအမှတ်ပြုကြပါတယ်။

တချိန်ကဗိုလ်ချုပ်မှူးကြီးစောမောင် နိုင်ငံခြားသားသတင်းစာဆရာနဲ့စကားပြောရင်း “I am Kyansittha” (ငါဟာကျန်စစ်သားပဲ) လို့ ကြွေးကြော်ခဲ့တာကိုအမှတ်ရစရာပါ။ ကိုယ့်ကိုကိုယ်ကျန်စစ်သားလို့ထင်တဲ့ အခြားမြန်မာဗိုလ်ချုပ်တွေလည်းရှိပါတယ်။ ပုဂံခေတ်က ကျန်စစ်သားဟာဒီခေတ်ကစစ်သား၅ ယောက် လောက်ကိုတပြိုင်နက်ဝင်စားပုံရပါတယ်။

ဂမ်ဘီယာနိုင်ငံရဲ့ အာဏာရှင်ယာယာဂျန်မားကတော့ သူ့နိုင်ငံက အိတ်ချ်အိုင်ဗွီရှိသူတွေကို ဆေးကု မခံပါဘူး။ သူကိုယ်တိုင်ဖေါ်စပ်ထားတဲ့ဆေးပဲတိုက်ကျွေးပါတယ်။ သူအဆိုအရတော့သူ့ဆေးက “၃ရက်အတွင်းပျောက်ပါတယ်”တဲ့။ အသက်ပေါင်းဘယ်လောက်ဆုံးရှုံးခဲ့ရမယ်ဆိုတာ မှန်းသာ ကြည့်ပါတော့။

အော..တချိန်ကဂျာမန် အဓိပတိဟစ်တလာကြီးကိုမေ့နေပါပကောလား၊ သူလည်းခေသူမဟုတ်ပါ။

ပထမကမ္ဘာစစ်မှာမထင်ရှားတဲ့တပ်ကြပ်အဆင့်နဲ့တာဝန်ထမ်းဆောင်ခဲ့ပြီး ဒဏ်ရာရတဲ့အခါ ဆေးရုံတင်ခဲ့ရပါတယ်။ဆေးရုံပေါ်မှာပဲဂျာမဏီလက်နက်ချတဲ့သတင်းကိုကြာရပြီး ဒေါသနဲ့ မျက်စိကွယ်ခဲ့ပါသတဲ့။ စိတ်ပညာမှာ Hysterical Blindness လို့ခေါ်ပါတယ်။

ဘုရားသခင်က သူ့ကိုဂျာမဏီနိုင်ငံကိုဦးဆောင်ဖို့တာဝန်ပေးလိုက်တဲ့စကားကို ကြားပြီးတဲ့အခါမှာတော့ သူ့မျက်စိတွေ အလိုအလျောက်ပြန်မြင်လာခဲ့ပါသတဲ့။ သူနဲ့ဘုရားသခင်အကြားမှာ Hotline ရှိပုံရပါတယ်။

ဂျာမန်ဝါဒဖြန့်ချိရေးဂုရု ဂျိုးဇက် ဂိုဘဲလ်စ်ကအခုလိုပြောခဲ့ပါတယ်။

“လိမ်ရင်ကြီးကြီးလိမ်၊ ထပ်ခါထပ်ခါလိမ်၊ တဖြည်းဖြည်းနဲ့လူတွေယုံလာလိမ့်မယ်”။

ဆက်စပ်သတင်းများ

အတွေးအမြင်

မနက်မိုးလင်းလို့အဝေးကိုလှမ်းကြည့်တဲ့အခါ မျှော်လေတိုင်းမှိုင်းရီဖြစ်နေသလား။ အဝေးက အဆောက်အဦ၊တွေသစ်ပင်တွေက မြင်ကွင်းမှာ ခပ်ဝါးဝါးသာပေါ်နေတယ်မဟုတ်လား။