Connect with us

Hi, what are you looking for?

အတွေးအမြင်

မြန်မာရဲ့ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းမှုအညွှန်းကိန်း အဆင့် ဘယ်လောက်လဲ

၂၀၂၅ ခုအတွက် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းမှု အညွှန်းကိန်း(Global Peace Index-2025) ကို ပြီးခဲ့တဲ့ဇွန်လ ၁၉ ရက်ကထုတ်ပြန်လိုက်ပါတယ်။

စစ်တပ်စစ်​ကြောင်းရဲ့ အကြမ်းဖက်မှု​ကြောင့်ဆယ်စုနှစ်​ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်စစ်​ဘေး​ရှောင်​တွေအဖြစ် အိမ်ကထွက်​ပြေး​နေကြရတဲ့ ​ညောင်ဦးမြို့နယ်မှ ပြည်သူ​တွေဇွန်လကုန်ပိုင်းက​တွေ့ရစဥ်။ ဓါတ်ပုံ-​ပေးပို့

ကိုဗလ​ရေးသားသည်။

၂၀၂၅ ခုအတွက် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းမှု အညွှန်းကိန်း(Global Peace Index-2025) ကို ပြီးခဲ့တဲ့ဇွန်လ ၁၉ ရက်ကထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းမှု အညွှန်းကိန်းဆိုတာ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၆၃ နိုင်ငံရဲ့ ငြိမ်းချမ်းမှုအခြေအနေတွေကို အကဲဖြတ်အဆင့်သတ်မှတ် တိုင်းတာထားတဲ့အစီရင်ခံစာပါ။နှစ်စဥ် ဇွန်လမှာ Institute for Economics and Peace(IEP) အဖွဲ့က ထုတ်ပြန်လေ့ရှိပါတယ်။

ဒီနှစ်အတွက်မြန်မာနိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းမှု အညွှန်းကိန်း ရပ်တည်မှုဟာ နိုင်ငံအလိုက်တန်းစီဇယားရဲ့ အဆင့်ဘယ်လောက်မှာ ရောက်နေလဲ။ဘယ်လိုစံနှုန်းတွေနဲ့ တိုင်းတာသလဲ။စစ်တပ်က အာဏာမသိမ်းခင် အရင် ၅ နှစ်အတွင်း ဘယ်အဆင့်တွေမှာ ရှိခဲ့သလဲ။ ဒေသတွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အဆင့်ရပ်တည်မှုအခြေအနေတွေနဲ့ မြန်မာတို့ကို နှိုင်းယှဉ် လေ့လာကြရအောင်ပါ။

Public Service Announcement

Public Service Announcement

နိုင်ငံပေါင်း ၁၆၃ ထဲမှာ မြန်မာကအဆင့် ၁၅၃ ပါ။ မြန်မာနောက်မှာ ၁၀ နိုင်ငံပဲ ရှိပါတော့တယ်။ ငြိမ်းချမ်းမှုအနည်းဆုံး နိုင်ငံတွေထဲမှာ ပါနေတာပါ။

မြန်မာနဲ့ ပနံသင့်နေတဲ့ ရုရှကအဆင့် ၁၆၃နဲ့ နောက်ဆုံးကနေ ရပ်တည်နေပါတယ်။ အငြိမ်းချမ်းဆုံးအဆင့် ၁ နိုင်ငံက​တော့ အိုက်စလန်ပါ ။သူ့​နောက်မှာ အိုက်ယာလန် ၊နယူဇီလန် ၊သြစ​တြေးလျ နဲ့ဆွစ်ဇာလန်နိုင်ငံတို့က ကမ္ဘာ့အငြိမ်းချမ်းဆုံး ထိပ်ဆုံး ငါးနိုင်ငံအဖြစ် အစဥ်လိုက်ရပ်တည်​နေပါတယ်။

အကဲဖြတ်တိုင်းတာတဲ့ စံနှုန်းတွေကတော့ နိုင်ငံဟာ ပြည်တွင်းနဲ့ နိုင်ငံတကာ ပဋိပက္ခတွေ ဘယ်လောက်ဖြစ်နေလဲ၊ နိုင်ငံတွင်းမှာရှိတဲ့လူတွေရဲ့ဘေးကင်းလုံခြုံမှု ဘယ်လောက်ရှိသလဲ၊ ပဋိပက္ခအတွင်းမှာ စစ်အင်အား ဘယ်လောက်တိုးချဲ့နေလဲစတာတွေရဲ့ အကဲဖြတ် ရလာဒ်အဖြေတွေပေါ် မူတည်ပြီး နိုင်ငံအလိုက် အဆင့်သတ်မှတ်တာပါ။

မြန်မာနိုင်ငံအတွက် ဒီမေးခွန်းတွေရဲ့ရလာဒ်တွေကတော့အားလုံးသိကြတဲ့အတိုင်းပါပဲ။ပြည်တွင်းပဋိပက္ခကတော်တော်ဆိုးပါတယ်။ဘေးကင်းလုံခြုံမှု တော်တော်မရှိပါဘူး။ စစ်အင်အားကလည်း အာဏာသိမ်းစစ်ကောင်စီရော၊ စစ်ကောင်စီတပ်တွေကို ပြန်လှည်တွန်းလှန်နေတဲ့ တော်လှန်ရေးတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကပါ အလွန်အမင်း တိုးချဲ့နေကြပါတယ်။

စစ်ကောင်စီတပ်တွေကို ပြန်လှည်တွန်းလှန်နေတဲ့ တော်လှန်ရေးတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြား လက်နက်ကိုင် ပဋိပက္ခတွေဟာ တဖြည်းဖြည်းနဲ့ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ အရပ်သားသေဆုံးမှုတွေ၊ နေရပ်စွန့်ခွာရမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ မြင့်တက်လာခဲ့ပါတယ်။

အဲ့တာတွေကြောင့်မြန်မာဟာအဆင့် ၁၅၃ နဲ့ ငြိမ်းချမ်းမှုအနည်းဆုံး နိုင်ငံတွေထဲမှာ ပါနေတာပါ။ ငြိမ်းချမ်မှုနည်းတဲ့နိုင်ငံဖြစ်လာရင်တော့ လူမှုရေး၊ စီပွားရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ နိုင်ငံရေးတွေမှာပါ အဖက်ဖက်က ချွတ်ခြုံကျလာ‌တော့တာပါပဲ။

ဒီလို ငြိမ်းချမ်းမှုအနည်းဆုံး နိုင်ငံတွေထဲမှာ မြန်မာပါနေရခြင်းရဲ့ အဓိကတရားခံကတော့အာဏာသိမ်းစစ်တပ်ကြောင့် ဖြစ်ပါတယ်။ ဒါ​ပေမယ့် စစ်အုပ်စုက​တော့ နေပြည်​တော်မှာ ငြိမ်းချမ်း​ရေးဖိုရမ်ဆိုတာကို အာဏာသိမ်းမှု​နောက်ပိုင်းနှစ်တိုင်းလုပ်​နေပြန်ပါတယ် ။ ဒါ​ပေမယ့်စစ်တပ်က ပြည်သူ​တွေအ​ပေါ်ဖိနှိပ်တာ ၊အကြမ်းဖက်တာ​တွေ တိုးလာသလို ခုခံ​​တော်လှန်တဲ့ တိုက်ပွဲ​တွေကလည်း နှစ်စဥ် ပိုတိုးလာ​နေပါတယ် ။

မြန်မာနိုင်ငံဟာ ၂၀၂၁ ခု စစ်တပ်ကအာဏာမသိမ်းခင်အထိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေရှိခဲ့ပေမယ့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းမှု အညွှန်းကိန်း အဆင့်ရပ်တည်မှုဟာ အခုလောက်ထိ မဆိုးခဲ့ပါဘူး။

စစ်တပ်အာဏာမသိမ်းခင် ၅ နှစ်လောက်က မြန်မာရဲ့ ငြိမ်းချမ်းမှု ညွှန်းကိန်းအဆင့်တွေကို ပြန်ကြည့်ရအောင်ပါ။

၂၀၁၆ ခုမှာ အဆင့် ၁၂၅၊ ၂၀၁၇ ခုမှာ အဆင့် ၁၁၈၊၂၀၁၈ ခုမှာ အဆင့် ၁၂၇၊ ၂၀၁၉ ခုမှာ အဆင့် ၁၃၇ နဲ့ ၂၀၂၀ ခုမှာ အဆင့် ၁၂၉ တို့ပဲ ရှိခဲ့တာပါ။ မတည်မငြိမ်မှုတွေ ရှိခဲ့ပေမယ့် အခုကာလတွေလောက် မဆိုးဝါးခဲ့ပါဘူး။

အာရှပစိဖိတ်ဒေသက နိုင်ငံတွေထဲမှာ မြန်မာဟာ ဒုတိယ ငြိမ်းချမ်းမှုအနည်းဆုံးနိုင်ငံဖြစ်ပြီး မြန်မာနောက်မှာ အာဖဂန်နစ္စတန်ပဲ ကျန်ပါတော့တယ်။

ဒေသတွင်း အာဆီယံနိုင်ငံတွေနဲ့ ၂၀၂၅ ခုအတွက် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းမှု အညွှန်းကိန်း ရပ်တည်မှုအဆင့်တွေ နှိုင်းယှဉ်ကြည့်ပါမယ်။ စင်ကာပူက အဆင့် ၆၊ မလေးရှားက အဆင့် ၁၃၊ ဗီယက်နမ်က အဆင့် ၃၈၊ လာအိုက အဆင့် ၄၇၊ အင်ဒိုနီးရှားက အဆင့် ၄၉၊ ထိုင်းက အဆင့် ၈၆၊ ကမ္ဘောဒီးယားက အဆင့် ၈၇၊ ဖိလစ်ပိုင်က အဆင့် ၁၀၅ အသီးသီးရှိကြပြီး ဘရူနိုင်းကတော့ ဒီအစီရင်ခံစာမှာ မပါဝင်ပါဘူး။ ၁၀၅ အဆင့်ရှိတဲ့ ဖိလစ်ပိုင်နဲ့ မြန်မာတို့ နှိုင်းယှဉ်ရင်ကို အဆင့် ၅၀ လောက်ကွာပါတယ်။ စင်ကာပူကတော့ ကမ္ဘာမှာရော အာဆီယံနိုင်ငံတွေထဲမှာပါ အငြိမ်းချမ်းဆုံး နိုင်ငံအဆင့် စာရင်းထဲမှာ ပါပါတယ်။ ဒေသတွင်း အာဆီယံနိုင်ငံတွေထဲမှာ မြန်မာက ငြိမ်းချမ်းမှုအဆင့် အနိမ့်ဆုံးပါ။

နယ်နမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အဆင့်ချင်း နှိုင်းယှဉ်ကြည့်ကြရအောင်ပါ။

မြန်မာဟာ တရုတ်၊ အိန္ဒိယ၊ဘဂ်လားဒေ့ရှ်၊ထိုင်း၊ လာအို နိုင်ငံတွေနဲ့ နယ်ချင်းထိစပ်နေပါတယ်။ လာအိုက အဆင့် ၄၇၊ ထိုင်းက အဆင့် ၈၆၊ တရုတ်က အဆင့် ၉၈၊ အိန္ဒိယက အဆင့် ၁၁၅၊ ဘဂ်လားဒေ့ရှ်က အဆင့် ၁၂၃ နဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းမှု အညွှန်းကိန်း အဆင့်တွေ အသီးသီးရှိကြပါတယ်။

အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်လဲ မြန်မာက မငြိမ်းချမ်းဆုံးနိုင်ငံပဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းမှုအနည်းဆုံးဆိုတာ လူမှုရေး၊ စီပွားရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ နိုင်ငံရေးတွေမှာ အစစအရာရာ အနိမ့်ကျဆုံးအဆင့်ကို ရောက်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။

မှတ်ချက်-(အီရန်နဲ့အစ္စရေးစစ်ပွဲမတိုင်ခင် အကဲဖြတ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းမှု အညွှန်းကိန်း(Global Peace Index-2025) ပဲ ဖြစ်ပါတယ်)

ဆက်စပ်သတင်းများ

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

ရသစာတမ်းငယ်

ကျုပ်နာမည် အုတ်ခုံ။ အပြည့်အစုံလား။ လမ်းဘေးအုတ်ခုံတဲ့။ ဂုဏ်တင်ပြီးခေါ်ရင်တော့ လမ်းဘေးထိုင်ခုံပေါ့ဗျာ။ ကျုပ် ဒီရောက်နေတာလား ဆယ်နှစ်လောက်ပေါ့။ ဒီလောက်ပဲရှိပါသေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီနားမှာ မြောင်းတွေဖေါ်မှ ကျုပ်ရောက်