News ဒဂုံတက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌဟောင်းကိုမင်းသုခ ထောင် ၁၀နှစ်ချခံရ ကိုမင်းသုခသည် ဖမ်းဆီးထိန်းသိမ်းခံရပြီး သုံးလအကြာ ယမန်နေ့ စက်တင်ဘာ ၅ရက်တွင် အမိန့်ချခံရခြင်းဖြစ်ကြောင်း ကျောင်းသားသမဂ္ဂထုတ်ပြန်ချက်တွင် ဖော်ပြသည်။ LuduNwayOoစက်တင်ဘာ 6, 2021
News ကုလဝန်ထမ်းတွေရဲ့ ပညာရှင်ဆန်မှုကိုပြသဖို့ တောင်းဆိုတယ်လို့ စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနဆို မြန်မာစစ်တပ်က ဥပဒေမဲ့ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်မှာပဲ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က စစ်တပ်အာဏာသိမ်းမှုကို ရှုတ်ချပြစ်တင်ခဲ့ပြီး မတရားဖမ်းဆီးခံရတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ချက် ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ LuduNwayOoစက်တင်ဘာ 6, 2021
News အမရပူရတွင် ဗုံးပေါက်ပြီး စစ်ကောင်စီတပ်ကဒေသခံလူငယ် ၂၀ ကျော်ကို ရိုက်နှက်၊ နှိပ်စက် မေးမြန်း "သေနတ်တွေလည်းပစ်တယ်။ အိမ်တိုင်းစေ့ဝင်ပြီး လူငယ်တွေအကုန်ထွက်ခိုင်းတယ်။ ပြီးတော့ မနက်ကဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးမေးတယ်။ ရိုက်နှက်ပြီးလည်းမေးတယ်။"ဟု အမရပူရ နယ်ခံတစ်ဦးက ပြောသည်။ LuduNwayOoစက်တင်ဘာ 6, 2021
News ရန်ကုန်မြို့လယ်တွင် စစ်ကောင်စီက YBS ကားပေါ်ထိ ရှာဖွေစစ်ဆေးနေ ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ မော်တင်-ဝါးတန်းလမ်းတွင် စစ်ကောင်စီတပ်သားများက YBS ဘက်စ်ကားပေါ်များအထိ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း အဆိုပါဖြစ်ရပ်ကြုံခဲ့ရသူတစ်ဦးက ပြောသည်။ LuduNwayOoစက်တင်ဘာ 6, 2021
News စစ်ကောင်စီတပ်က MNDAAကို လက်နက်ကြီးဖြင့် ရာနှင့်ချီပစ်ခတ်၍ ထိုးစစ်ဆင်နေ အဆိုပါ ဒေသတိုက်ပွဲ၌ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ထောက်လှမ်းရေးများပြုလုပ်ခဲ့ပြီး ယင်းသို့ လုပ်ဆောင်ခြင်းက တိုက်ပွဲအတွင် အသင့်ပြင်ကာ MNDAAကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ LuduNwayOoစက်တင်ဘာ 6, 2021
News စစ်ကောင်စီ၏ထိုးစစ်များအမြန်ရပ်တန့်ရေး ထိရောက်စွာဆောင်ရွက်ရန် နိုင်ငံတကာကို NUGတောင်းဆို စစ်ကောင် စီတပ်များ၏ တိုင်းရင်းသားဒေသများအတွင်း ထိုးစစ်များသည် ကြီးမားသော လူသားချင်း စာနာမှုဆိုင်ရာ အကြပ်အတည်း များကို ဖြစ်ပေါ်လာစေနိုင်ပြီး၊ သန်းနှင့် ချီသော ပြည်သူများသည် အိုးအိမ်စွန့်ခွာ ထွက်ပြေးရမည့် အခြေအနေကို ကြုံတွေ့နေရသည်ဟု ဖော်ပြထားသည်။ LuduNwayOoစက်တင်ဘာ 6, 2021
News မြန်မာနိုင်ငံမှာ လေးလကြာအပစ်အခတ်ရပ်စဲဖို့ အာဆီယံအထူးကိုယ်စားလှယ် တောင်းဆို၊တောင်းဆိုမှုကို စစ်ကောင်စီ သဘောတူ “ဒါက နိုင်ငံရေးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးမဟုတ်ပါဘူး။ ဒါက လုံခြုံစေဖို့၊ လူသားချင်းစာနာမှုဆိုင်ရာအလုပ်သမားတွေအတွက် လုံခြုံရေးအတွက် အပစ်အခတ်ရပ်စဲရေးဖြစ်ပါတယ်" လို့ အထူးကိုယ်စားလှယ်က ပြောပါတယ်။ LuduNwayOoစက်တင်ဘာ 5, 2021
News တိုက်ပွဲဆက်ဖြစ်နေ၍ စစ်ကောင်စီတပ်သားအလောင်း ၂၀ကျော် မြေမမြှုပ်နိုင်သေး လက်ရှိတွင် စစ်ကောင်စီတပ်က MNDAA တပ်စခန်းများရှိရာဘက်သို့ လက်နက်ကြီးများဖြင့် အဆတ်မပြတ် ပစ်ခတ်နေကြောင်း၊ ထို့အပြင် ဒရုန်းများဖြင့် ထောက် လှမ်းနေသောကြောင့် တိုက်ပွဲများလည်း ပိုမိုအရှိန်မြင့်တက်လာနိုင်ကြောင်း MNDAAက ဆိုသည်။ LuduNwayOoစက်တင်ဘာ 5, 2021
News မတ္တရာမြို့နယ် ဘိုကုန်းရွာကို စစ်ကောင်စီတပ်ဝင်မွှေပြီး ဒေသခံတစ်ဦးကို ဖမ်းဆီး အကြမ်းဖက်စစ်ကောင်စီတပ်များသည် လူနေအိမ်များအပြင် ဘုန်းကြီးကျောင်းများနှင့် ဘုရားကျောင်းများကိုပါ ဖျက်ဆီးမှုများပြုလုပ်နေသည်။ LuduNwayOoစက်တင်ဘာ 5, 2021
News ဟားခါးမြို့တွင် စစ်ကောင်စီ၏အစိုးရအဖွဲ့ရုံး တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေ "အစိုးရအဖွဲ့ရုံးကို ပစ်တဲ့အဖွဲ့ကို ကျွန်တော်တို့ တရားဝင် ပေးမသိသေးဘူး။ နောက်နှစ်ရက် သုံးရက်မှ ထုတ်ပြန်လိမ့်မယ်"ဟု ချင်းပြည်နယ်အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေသူတစ်ဦးက ပြောသည်။ LuduNwayOoစက်တင်ဘာ 5, 2021