Connect with us

Hi, what are you looking for?

LuduNwayOo

News

မကွေးတိုင်းရှိ စစ်ကောင်စီ၏ပစ်မှတ်ငါးခုကို ဗိဿနိုးနယ်မြေ PDFက ယနေ့ တိုက်ခိုက်

စက်တင်ဘာ၇ ရက် နံနက် ၅နာရီခွဲတွင် မကွေးတိုင်း မြို့သစ်မြို့နယ် ညောင်ကုန်းကျေးရွာအနီးမှ ကပစ (၁၇)သို့ဆက်သွယ်ထားသည့် 11-lineကေဘယ်တိုင်(၂)တိုင်ကိုဖောက်ခွဲဖျက်စီးခဲ့သည်ဟု ဆိုသည်။

People's Spring
People's Spring

မင်းအောင်လှိုင်ခေါင်းဆောင်သည့် အကြမ်းဖက်စစ်တပ် ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ – ကပစ(၁၇) နှင့် ခြေမြန် တပ်ရင်း တစ်ခုအပါအဝင် မကွေးတိုင်းရှိ မြို့နယ် ငါးခုမှ စစ်ကောင်စီနှင့်ပတ်သက်သည့် ပစ်မှတ်ငါးခုကို ယနေ့နံနက်အစောပိုင်း၌ တိုက်ခိုက်ခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်(PDF) က ထုတ်ပြန်သည်။

ဗိဿနိုးနယ်မြေ PDFက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် မြို့နယ်လေးခုမှာ မကွေးတိုင်းရှိ မြို့သစ်၊တောင်တွင်းကြီး၊ ရေစကြို၊ နတ်မောက်မြို့နယ်တို့ဖြစ်သည်။

စက်တင်ဘာ၇ ရက် နံနက် ၅နာရီခွဲတွင် မကွေးတိုင်း မြို့သစ်မြို့နယ် ညောင်ကုန်းကျေးရွာအနီးမှ ကပစ (၁၇)သို့ဆက်သွယ်ထားသည့် 11-lineကေဘယ်တိုင်(၂)တိုင်ကိုဖောက်ခွဲဖျက်စီးခဲ့သည်ဟု ဆိုသည်။

နံနက် ၄နာရီခွဲအချိန်ကလည်း တောင်တွင်းကြီးမြို့နယ် အမှတ် (၁၀၃) ခြေမြန်တပ်ရင်းအား ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် နံနက် ၅နာရီ ၄၅မိနစ်အချိန်ကလည်း ရေစကြိုမြို၊ အမှတ် (၇) ရပ်ကွက်ရှိ စည်ပင်ဦးစီး နေအိမ်အား ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယနေ့နံနက်အစောပိုင်း၌ပင် နတ်မောက်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေး ရယူထားသော အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့အား ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး နတ်မောက်မြို့နယ် ကုလားရှင်ကျေးရွာ၊ အကြမ်းဖက်စစ်ကောင်စီမှ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ခန့်ထားသည့် ဒလန်ခင်မောင်ဌေး၏ နေအိမ်အား ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေများ၊ သတင်း ပေး ဒလန်များနှင့် ပြည်သူလူထုနှင့် ရပ်တည်မှုမရှိဘဲ အကြမ်းဖက်စစ်ကောင်စီအလိုကျ ပြည်သူ လူထုအား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများ ဆောင်ရွက်နေသည့် စစ်တပ်နှင့် ရဲဝန်ထမ်းတို့အပါအဝင် CDM ဆောင်ရွက်ခြင်းမရှိသော ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့အား လုံးဝ (လုံးဝ) တာဝန်ယူမည်မဟုတ်ကြောင်းလည်း သတိပေးချက်ထုတ်ပြန်ခဲ့သည်။

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ တိုက် ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကြပါရန်လည်း မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။