Connect with us

Hi, what are you looking for?

News

မကွေးတိုင်းရှိ စစ်ကောင်စီ၏ပစ်မှတ်ငါးခုကို ဗိဿနိုးနယ်မြေ PDFက ယနေ့ တိုက်ခိုက်

စက်တင်ဘာ၇ ရက် နံနက် ၅နာရီခွဲတွင် မကွေးတိုင်း မြို့သစ်မြို့နယ် ညောင်ကုန်းကျေးရွာအနီးမှ ကပစ (၁၇)သို့ဆက်သွယ်ထားသည့် 11-lineကေဘယ်တိုင်(၂)တိုင်ကိုဖောက်ခွဲဖျက်စီးခဲ့သည်ဟု ဆိုသည်။

People's Spring
People's Spring

မင်းအောင်လှိုင်ခေါင်းဆောင်သည့် အကြမ်းဖက်စစ်တပ် ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ – ကပစ(၁၇) နှင့် ခြေမြန် တပ်ရင်း တစ်ခုအပါအဝင် မကွေးတိုင်းရှိ မြို့နယ် ငါးခုမှ စစ်ကောင်စီနှင့်ပတ်သက်သည့် ပစ်မှတ်ငါးခုကို ယနေ့နံနက်အစောပိုင်း၌ တိုက်ခိုက်ခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်(PDF) က ထုတ်ပြန်သည်။

ဗိဿနိုးနယ်မြေ PDFက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် မြို့နယ်လေးခုမှာ မကွေးတိုင်းရှိ မြို့သစ်၊တောင်တွင်းကြီး၊ ရေစကြို၊ နတ်မောက်မြို့နယ်တို့ဖြစ်သည်။

စက်တင်ဘာ၇ ရက် နံနက် ၅နာရီခွဲတွင် မကွေးတိုင်း မြို့သစ်မြို့နယ် ညောင်ကုန်းကျေးရွာအနီးမှ ကပစ (၁၇)သို့ဆက်သွယ်ထားသည့် 11-lineကေဘယ်တိုင်(၂)တိုင်ကိုဖောက်ခွဲဖျက်စီးခဲ့သည်ဟု ဆိုသည်။

နံနက် ၄နာရီခွဲအချိန်ကလည်း တောင်တွင်းကြီးမြို့နယ် အမှတ် (၁၀၃) ခြေမြန်တပ်ရင်းအား ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် နံနက် ၅နာရီ ၄၅မိနစ်အချိန်ကလည်း ရေစကြိုမြို၊ အမှတ် (၇) ရပ်ကွက်ရှိ စည်ပင်ဦးစီး နေအိမ်အား ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယနေ့နံနက်အစောပိုင်း၌ပင် နတ်မောက်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေး ရယူထားသော အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့အား ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး နတ်မောက်မြို့နယ် ကုလားရှင်ကျေးရွာ၊ အကြမ်းဖက်စစ်ကောင်စီမှ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ခန့်ထားသည့် ဒလန်ခင်မောင်ဌေး၏ နေအိမ်အား ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေများ၊ သတင်း ပေး ဒလန်များနှင့် ပြည်သူလူထုနှင့် ရပ်တည်မှုမရှိဘဲ အကြမ်းဖက်စစ်ကောင်စီအလိုကျ ပြည်သူ လူထုအား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများ ဆောင်ရွက်နေသည့် စစ်တပ်နှင့် ရဲဝန်ထမ်းတို့အပါအဝင် CDM ဆောင်ရွက်ခြင်းမရှိသော ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့အား လုံးဝ (လုံးဝ) တာဝန်ယူမည်မဟုတ်ကြောင်းလည်း သတိပေးချက်ထုတ်ပြန်ခဲ့သည်။

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ တိုက် ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကြပါရန်လည်း မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။