Connect with us

Hi, what are you looking for?

News

အမရပူရတွင် ဗုံး​ပေါက်ပြီး စစ်​ကောင်စီတပ်က​ဒေသခံလူငယ် ၂၀ ​ကျော်ကို ရိုက်နှက်၊ နှိပ်စက်​ မေးမြန်း

“သေနတ်တွေလည်းပစ်တယ်။ အိမ်တိုင်းစေ့ဝင်ပြီး လူငယ်တွေအကုန်ထွက်ခိုင်းတယ်။ ပြီးတော့ မနက်ကဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးမေးတယ်။ ရိုက်နှက်ပြီးလည်းမေးတယ်။”ဟု အမရပူရ နယ်ခံတစ်ဦးက ပြောသည်။

​အမရပူရမြို့ ​တောင်သမန်အင်းပတ်လမ်းတွင် ယမန်နေ့က စစ်ကောင်စီတပ်ကား ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသဖြင့် ညပိုင်းတွင်စစ်​ကောင်စီတပ်များက ဒေသခံများအား ရိုက်နှက်စစ်ဆေး​မေးမြန်မှုများ ပြုလုပ်ခဲ့ကြောင်း မြို့ခံများကပြောသည်။

စက်တင်ဘာလ ၅ ရက် နံနက် ၁၁ နာရီဝန်းကျင်က အမရပူရမြို့၊ ရွှေဂွမ်းထုပ်ရပ်ကွက်၊ တရုတ်တန်းလေးရပ်၊ တောင်သမန်အင်းကန်ပတ်လမ်းတွင် စစ်ကောင်စီတပ်ကားတစ်စိး ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် ညပိုင်းတွင် အဆိုပါရပ်ကွက်များသို့ စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး
လူငယ်များအား လမ်းပေါ်သို့​ခေါ် ၍ စစ်ဆေးမေးမြန်းပြီး ရိုက်နှက်၍စစ်​ဆေး​မေးမြန်ခဲ့ကြောင်း မြို့ခံများက ပြောသည်။လူငယ် ၂၀ ​​ကျော် ရိုက်နှက်နှိပ်စက်​မေးမြန်းခံခဲ့ရ​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

“သေနတ်တွေလည်းပစ်တယ်။ အိမ်တိုင်းစေ့ဝင်ပြီး လူငယ်တွေအကုန်ထွက်ခိုင်းတယ်။ ပြီးတော့ မနက်ကဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးမေးတယ်။ ရိုက်နှက်ပြီးလည်းမေးတယ်။”ဟု အမရပူရ နယ်ခံတစ်ဦးက ပြောသည်။

ထိုအပြင် ဗုံး​ပေါက်ကွဲပြီးနောက် နေ့လယ်ပိုင်းတွင် ပေါက်ကွဲမှုဖြစ်စဥ်အား မှတ်တမ်းတင်ထားသည့် ဗွီဒီယိုဖိုင်တစ်ခု ပျံ့နှံ့ခဲ့သဖြင့် ဒေသခံများအား အဆိုပါရုပ်သံဖိုင်
နှင့်ပတ်သက်၍လည်း ရိုက်နှက် မေးမြန်းကြောင်း ​ဒေသခံတို့က ပြောသည်။ အဆိုပါရုပ်သံဖိုင်တွင် စစ်​ကောင်စီရဲကားဖြတ်သွားစဥ်​ဗုံး​ပေါက်ကွဲသွားသည်ကို ခပ်လှမ်းလှမ်းမှ ရိုက်ကူးထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုအပြင်ယမန်နေ့နံနက်ပိုင်းကလည်း စစ်အာဏာရှင်အလိုမရှိကြောင်း စာရွက်များကို တောင်သမန်ကန်ပတ်လမ်းတစ်လျှောက် ကြဲချ ဆန္ဒပြခဲ့သည်။​နေ့ခင်းပိုင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အမရပူရမြို့အား တင်းကျပ်စွာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်​ကောင်စီ၏ ဝါဒဖြန့် မီဒီယာများက အဆိုပါ​ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိသူများမှာ ပြည်သူ ၃ ဦးဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ ရေကြီးနေချိန် သစ်ပင်လဲလို့ ရေဘေသင့်ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook